ဝိန္း႐ြန္းနီရဲ႕ ဘလြန္းဒီေအာ္ရရွိႏိုင္ခဲ့တဲ့အထိ ေတာက္ပခဲ့တဲ့ ရာသီကို ျပန္လည္ခံစားျခင္း

ဝိန္း႐ြန္းနီလို႔ဆိုလိုက္တာနဲ႔ ေပါက္ကြဲအားျပင္းျပင္း နဲ႔ ကြင္းထဲ မေမာပန္းႏိုင္ပဲေျပးလႊားေနမယ့္ ကစားသမားတစ္ေယာက္ကို ေသခ်ာေပါက္ ေျပးျမင္မိၾကပါလိမ့္မယ္။ ယူႏိုက္တဒ္ကို စေရာက္ထဲကဂိုးေတြမ်ားစြာသြင္းယူခဲ့ၿပီး ကလပ္စံခ်ိန္တင္ ဂိုးသြင္းရွင္ ျဖစ္ခဲ့တဲ့အထိ ဂိုးသြင္းၾကမ္းခဲ့ေပမယ့္ ဝိန္း မွာ ဘလြန္းဒီေအာ္ဆု ေတာ့ ရရွိခဲ့တာမ်ိဳးမရွိပါဘူး။ နစၥတ႐ိုင္းကေနစၿပီး ဗန္ပါစီ အဆုံး ကမာၻ႔အဆင့္တိုက္စစ္မႈးေတြနဲ႔ပဲတြဲကစားခဲ့ေပမယ့္ ဝိန္းဟာ အၿမဲတမ္း အျဖည့္ခံျဖစ္ခဲ့ရသလို သူ႔အတြက္ တစ္ဦးခ်င္းဆုတံဆိပ္ေတြထက္ အသင္းေအာင္ျမင္မႈ႕ရဖို႔ကသာပိုၿပီးအေရးႀကီးတယ္လို႔ခံယူထားတာေၾကာင့္လည္း ဝိန္းရဲ႕ မွတ္တမ္းေတြက ေမွ်ာ္လင့္သေလာက္ မတိုးတက္လာတာေတြလည္းရွိပါတယ္။

ဝိန္း႐ြန္းနီ အတြက္ ဘလြန္းဒီေအာ္ ဆု ရႏိုင္ေလာက္တဲ့ ႏွစ္မ်ိဳးက ေရာ္နယ္ဒို နဲ႔တီဗက္ဇ္ တၿပိဳင္ထဲ ထြက္သြားၿပီးတဲ့ေနာက္ ၂၀၁၀ ခုႏွစ္မွာျဖစ္ေပၚလာပါတယ္။ အဓိက ဂိုးသြင္းစက္လို႔ေျပာရမယ့္ ေရာ္နယ္ဒို နဲ႔ တီဗက္ဇ္ ထြက္သြားေပမယ့္ ဆာအဲလက္စ္ က ဗလတ္စီယာနဲ႔နာနီကိုသာအဓိက ေတာင္ပံကစားသမားေတြအျဖစ္သတ္မွတ္ခဲ့လို႔ ရာသီမစခင္မွာပဲ ဝိန္းက “ဒီႏွစ္ေယာက္ကိုဆုံးရႈံးလိုက္ရၿပီဆိုေတာ့ အသင္းအတြက္ဂိုးမ်ားစြာဆုံးရႈံးသြားပါၿပီ။က်ေနာ္ပဲအဓိကသြင္းရမယ္ဆိုတာသိပါတယ္။အခုခ်ိန္ကစၿပီးအသင္းရဲ႕ဂိုးအားလုံးကိုက်ေနာ္သြင္းယူဖို႔အလုပ္ပိုႀကိဳးစားၿပီးနည္းလမ္းအသစ္ေတြရွာရပါေတာ့မယ္” လို႔ႀကဳံးဝါးခဲ့ပါတယ္။

ေရာ္နယ္ဒို မရွိတဲ့ ပထမဆုံးရာသီမွာဆာအဲလက္စ္ရဲ႕နည္းျပမႈ႕နဲ႔ ဝိန္း႐ြန္းနီ ရဲ႕ႀကိဳးပမ္းမႈ႕ေအာက္မွာ ယူႏိုက္တဒ္ က ပရီးမီးယားလိဂ္ ခ်န္ပီယံ ထပ္ျဖစ္ခဲ့ပါေသးတယ္။ ၂၀၁၀ မွာေတာ့ ခ်န္ပီယံလိဂ္မွာလည္း ေဒးဗစ္ဘက္ခမ္း၊ေရာ္နယ္ဒင္ညိဳ တို႔ရဲ႕ ေအစီမီလန္ကို ဝိန္းရဲ႕ဂိုးေတြနဲ႔ေက်ာ္ျဖတ္ႏိုင္ခဲ့ေပမယ့္ ဘိုင္ယန္ကိုရႈံးနိမ့္ခဲ့ၿပီးလက္ျပခဲ့ရပါတယ္။‌၂၀၀၉မွာ‌ ေတာ့ ဗိုလ္လုပြဲမွာ ဘာစီလိုနာ ကိုရႈံးနိမ့္ခဲ့ေပမယ့္ ယူႏိုက္တဒ္ဟာ ပထမဆုံး ခ်န္ပီယံလိဂ္ ႏွစ္ႏွစ္ဆက္ ဗိုလ္လုပြဲေရာက္တဲ့ အသင္းျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ဝိန္း႐ြန္းနီက ၂၀၁၀ မွာ အဓိက ကစားသမားေတြမပါဝင္ပဲ (၃၄)ဂိုးသြင္းယူကာ (၇)ဂိုးဖန္တီးႏိုင္ခဲ့ပါတယ္။ လိဂ္မွာ (၂၆)ဂိုးအထိရခဲ့သလို PFA, FWA ဆုေတြရရွိခဲ့ေပမယ့္ ဘာစီလိုနာနဲ႔ ႀကီးမားတဲ့ေအာင္ျမင္မႈ႕ေတြရေနတဲ့ ‌မက္ဆီ ၊ ရီးရဲလ္ နဲ႔ေခတ္တစ္ခုဖူေထာင္ေနတဲ့ ေရာ္နယ္ဒိုတို႔ၾကားမွာ မိစာၦနီ ရဲ႕ နတ္ဆိုး အတြက္ အရာရာဟာ စေတးခံ သပ္သပ္သာ ျဖစ္ခဲ့ရပါတယ္။

unicode

ဝိန်းရွန်းနီလို့ဆိုလိုက်တာနဲ့ ပေါက်ကွဲအားပြင်းပြင်း နဲ့ ကွင်းထဲ မမောပန်းနိုင်ပဲပြေးလွှားနေမယ့် ကစားသမားတစ်ယောက်ကို သေချာပေါက် ပြေးမြင်မိကြပါလိမ့်မယ်။ ယူနိုက်တဒ်ကို စရောက်ထဲကဂိုးတွေများစွာသွင်းယူခဲ့ပြီး ကလပ်စံချိန်တင် ဂိုးသွင်းရှင် ဖြစ်ခဲ့တဲ့အထိ ဂိုးသွင်းကြမ်းခဲ့ပေမယ့် ဝိန်း မှာ ဘလွန်းဒီအော်ဆု တော့ ရရှိခဲ့တာမျိုးမရှိပါဘူး။ နစ္စတရိုင်းကနေစပြီး ဗန်ပါစီ အဆုံး ကမ္ဘာ့အဆင့်တိုက်စစ်မှုးတွေနဲ့ပဲတွဲကစားခဲ့ပေမယ့် ဝိန်းဟာ အမြဲတမ်း အဖြည့်ခံဖြစ်ခဲ့ရသလို သူ့အတွက် တစ်ဦးချင်းဆုတံဆိပ်တွေထက် အသင်းအောင်မြင်မှု့ရဖို့ကသာပိုပြီးအရေးကြီးတယ်လို့ခံယူထားတာကြောင့်လည်း ဝိန်းရဲ့ မှတ်တမ်းတွေက မျှော်လင့်သလောက် မတိုးတက်လာတာတွေလည်းရှိပါတယ်။

ဝိန်းရွန်းနီ အတွက် ဘလွန်းဒီအော် ဆု ရနိုင်လောက်တဲ့ နှစ်မျိုးက ရော်နယ်ဒို နဲ့တီဗက်ဇ် တပြိုင်ထဲ ထွက်သွားပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာဖြစ်ပေါ်လာပါတယ်။ အဓိက ဂိုးသွင်းစက်လို့ပြောရမယ့် ရော်နယ်ဒို နဲ့ တီဗက်ဇ် ထွက်သွားပေမယ့် ဆာအဲလက်စ် က ဗလတ်စီယာနဲ့နာနီကိုသာအဓိက တောင်ပံကစားသမားတွေအဖြစ်သတ်မှတ်ခဲ့လို့ ရာသီမစခင်မှာပဲ ဝိန်းက “ဒီနှစ်ယောက်ကိုဆုံးရှုံးလိုက်ရပြီဆိုတော့ အသင်းအတွက်ဂိုးများစွာဆုံးရှုံးသွားပါပြီ။ကျနော်ပဲအဓိကသွင်းရမယ်ဆိုတာသိပါတယ်။အခုချိန်ကစပြီးအသင်းရဲ့ဂိုးအားလုံးကိုကျနော်သွင်းယူဖို့အလုပ်ပိုကြိုးစားပြီးနည်းလမ်းအသစ်တွေရှာရပါတော့မယ်” လို့ကြုံးဝါးခဲ့ပါတယ်။

ရော်နယ်ဒို မရှိတဲ့ ပထမဆုံးရာသီမှာဆာအဲလက်စ်ရဲ့နည်းပြမှု့နဲ့ ဝိန်းရွန်းနီ ရဲ့ကြိုးပမ်းမှု့အောက်မှာ ယူနိုက်တဒ် က ပရီးမီးယားလိဂ် ချန်ပီယံ ထပ်ဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၀ မှာတော့ ချန်ပီယံလိဂ်မှာလည်း ဒေးဗစ်ဘက်ခမ်း၊ရော်နယ်ဒင်ညို တို့ရဲ့ အေစီမီလန်ကို ဝိန်းရဲ့ဂိုးတွေနဲ့ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဘိုင်ယန်ကိုရှုံးနိမ့်ခဲ့ပြီးလက်ပြခဲ့ရပါတယ်။‌၂၀၀၉မှာ‌ တော့ ဗိုလ်လုပွဲမှာ ဘာစီလိုနာ ကိုရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တဒ်ဟာ ပထမဆုံး ချန်ပီယံလိဂ် နှစ်နှစ်ဆက် ဗိုလ်လုပွဲရောက်တဲ့ အသင်းဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဝိန်းရွန်းနီက ၂၀၁၀ မှာ အဓိက ကစားသမားတွေမပါဝင်ပဲ (၃၄)ဂိုးသွင်းယူကာ (၇)ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ လိဂ်မှာ (၂၆)ဂိုးအထိရခဲ့သလို PFA, FWA ဆုတွေရရှိခဲ့ပေမယ့် ဘာစီလိုနာနဲ့ ကြီးမားတဲ့အောင်မြင်မှု့တွေရနေတဲ့ ‌မက်ဆီ ၊ ရီးရဲလ် နဲ့ခေတ်တစ်ခုဖူထောင်နေတဲ့ ရော်နယ်ဒိုတို့ကြားမှာ မိစ္ဆာနီ ရဲ့ နတ်ဆိုး အတွက် အရာရာဟာ စတေးခံ သပ်သပ်သာ ဖြစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *