ဥေရာပမွာ အေကာင္းဆုံးမွတ္တမ္းတခုကို ပိုင္ဆိုင္လိုက္တဲ့ ယူႏိုက္တက္တိုက္စစ္အတြဲ

မန္ယူႏိုက္တဒ္အသင္းဟာ ယခုရာသီမွာ တိုက္စစ္ ကို လူငယ္ ကစားသမား သုံးေယာက္ထံ ပုံအပ္ခဲ့ၿပီး ေဝဖန္မႈ႕ေတြရွိခဲ့သည့္တိုင္ ယခုအခ်ိန္မွာေတာ့ ဆိုးလ္ရွား ရဲ႕ တိုက္စစ္ဟာ ဥေရာပ ရဲ႕ အသက္အငယ္ဆုံး နဲ႔ အေကာင္းဆုံးဆိုတဲ့ စံခ်ိန္ကိုရယူထားႏိုင္ၿပီလည္းျဖစ္ပါတယ္။ ယူႏိုက္တဒ္ တိုက္စစ္ပိုင္းမွာ မာစီရယ္ (၂၄)၊မားကပ္စ္(၂၂)၊ေမဆင္(၁၈) တို႔သုံးဦးက ဦးေဆာင္ေနတာ ျဖစ္ၿပီး ပ်မ္းမွ် အသက္ (၂၁.၃) ႏွစ္သာရွိေပမယ့္ ဥေရာပ အေကာင္းဆုံး သုံးေယာက္တန္း တိုက္စစ္အတြဲေတြထဲမွာ (၅)တြဲေျမာက္ နဲ႔ အသက္အ႐ြယ္အရ အငယ္ဆုံး တိုက္စစ္အျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ယခုရာသီမွာ ေက်ာနံပါတ္(၉) ျပန္ရျခင္းနဲ႔အတူ အန္သိုနီမာစီရယ္ က ထိပ္တန္းဂိုးသြင္းရွင္ျဖစ္လာၿပီး (၂၄)ဂိုး သြင္းယူေပးခဲ့ကာ(၁၁)ဂိုးဖန္တီးေပးထားႏိုင္ပါတယ္။ မားကပ္စ္ရရွ္ဖိုဒ့္က (၂၃)ဂိုးသြင္းယူခဲ့ၿပီး (၁၁)ႀကိမ္ဖန္တီးေပးခဲ့သလို ေမဆင္ဂရင္းဝုဒ္ က (၁၇)ဂိုးသြင္းယူကာ (၆)ဂိုးဖန္တီးေပးခဲ့ပါတယ္။

ယူႏိုက္တဒ္ တိုက္စစ္မႈး သုံးေယာက္က စုစုေပါင္းသြင္းဂိုး (၆၄)ဂိုးသြင္းယူေပးခဲ့ၿပီး ဥေရာပအဆင့္မွာပါ ေတာက္ပခဲ့ၾကပါတယ္။ မန္ယူႏိုက္တဒ္ အတြက္ မာစီရယ္ နဲ႔ မားကပ္စ္တို႔က ၂၀၁၁ မွာ ဘာဘာေတာဗ့္ နဲ႔ ဟာနန္ဒက္စ္ တို႔ေနာက္ပိုင္း ပထမဆုံး ဂိုး(၂၀)ျပည့္တဲ့ တိုက္စစ္အတြဲျဖစ္လာသလို ၂၀၀၆ ခုႏွစ္ေနာက္ အိုးထရဒ့္ဖိုဒ့္ မွာ (၁၀)ဂိုးအထက္ရတဲ့ တိုက္စစ္အတြဲျဖစ္လာပါတယ္။

ေမဆင္ဂရင္းဝုဒ္ကေတာ့ ယူႏိုက္တဒ္အတြက္ အသက္အငယ္ဆုံး ဆယ္ဂိုးအထက္ရတဲ့ ကစားသမားစာရင္းမွာ ပါဝင္ခဲ့ၿပီး ဂရင္းဝုဒ္ ဟာ ေဂ်ာ့ဘတ္စ္၊ဝိန္း႐ြန္းနီတို႔နဲ႔ တန္းတူ သြင္းဂိုး (၁၇)ဂိုး ရရွိထားပါတယ္။ ေဆာင္းရာသီအေျပာင္းေ႐ႊ႕ကာလမွေရာက္ရွိလာတဲ့ ဘ႐ုႏိုဖာနန္ဒက္စ္က သြင္းဂိုး(၁၂)ဂိုးရရွိခဲ့သလို အီဟာလို နဲ႔ စေကာ့ေတာ္မေနးတို႔က (၅)ဂိုးစီသြင္းယူေပးထားႏိုင္ခဲ့ပါတယ္။ယူႏိူက္တဒ္ ဟာ ငယ္႐ြယ္ၿပီး ယုံၾကည္အားကိုးရတဲ့အသင္းကို တည္ေဆာက္တာျဖစ္တာနဲ႔အညီ အသင္း ကစားကြက္နဲ႔ တိုက္စစ္ပိုင္းတိုးတက္မႈ႕ေတြ ရွိလာေပမယ့္ ေနာက္ရာသီေတြမွာေတာ့ ပိုမိုအားေကာင္းတဲ့ တိုက္စစ္ကစားဟန္နဲ႔ အဆုံးသတ္စြမ္းရည္ေတြကို ထပ္မံျပသဖို႔အေရးႀကီးေနပါေသးတယ္။

unicode

မန်ယူနိုက်တဒ်အသင်းဟာ ယခုရာသီမှာ တိုက်စစ် ကို လူငယ် ကစားသမား သုံးယောက်ထံ ပုံအပ်ခဲ့ပြီး ဝေဖန်မှု့တွေရှိခဲ့သည့်တိုင် ယခုအချိန်မှာတော့ ဆိုးလ်ရှား ရဲ့ တိုက်စစ်ဟာ ဥရောပ ရဲ့ အသက်အငယ်ဆုံး နဲ့ အကောင်းဆုံးဆိုတဲ့ စံချိန်ကိုရယူထားနိုင်ပြီလည်းဖြစ်ပါတယ်။ ယူနိုက်တဒ် တိုက်စစ်ပိုင်းမှာ မာစီရယ် (၂၄)၊မားကပ်စ်(၂၂)၊မေဆင်(၁၈) တို့သုံးဦးက ဦးဆောင်နေတာ ဖြစ်ပြီး ပျမ်းမျှ အသက် (၂၁.၃) နှစ်သာရှိပေမယ့် ဥရောပ အကောင်းဆုံး သုံးယောက်တန်း တိုက်စစ်အတွဲတွေထဲမှာ (၅)တွဲမြောက် နဲ့ အသက်အရွယ်အရ အငယ်ဆုံး တိုက်စစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ယခုရာသီမှာ ကျောနံပါတ်(၉) ပြန်ရခြင်းနဲ့အတူ အန်သိုနီမာစီရယ် က ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာပြီး (၂၄)ဂိုး သွင်းယူပေးခဲ့ကာ(၁၁)ဂိုးဖန်တီးပေးထားနိုင်ပါတယ်။ မားကပ်စ်ရရှ်ဖိုဒ့်က (၂၃)ဂိုးသွင်းယူခဲ့ပြီး (၁၁)ကြိမ်ဖန်တီးပေးခဲ့သလို မေဆင်ဂရင်းဝုဒ် က (၁၇)ဂိုးသွင်းယူကာ (၆)ဂိုးဖန်တီးပေးခဲ့ပါတယ်။

ယူနိုက်တဒ် တိုက်စစ်မှုး သုံးယောက်က စုစုပေါင်းသွင်းဂိုး (၆၄)ဂိုးသွင်းယူပေးခဲ့ပြီး ဥရောပအဆင့်မှာပါ တောက်ပခဲ့ကြပါတယ်။ မန်ယူနိုက်တဒ် အတွက် မာစီရယ် နဲ့ မားကပ်စ်တို့က ၂၀၁၁ မှာ ဘာဘာတောဗ့် နဲ့ ဟာနန်ဒက်စ် တို့နောက်ပိုင်း ပထမဆုံး ဂိုး(၂၀)ပြည့်တဲ့ တိုက်စစ်အတွဲဖြစ်လာသလို ၂၀၀၆ ခုနှစ်နောက် အိုးထရဒ့်ဖိုဒ့် မှာ (၁၀)ဂိုးအထက်ရတဲ့ တိုက်စစ်အတွဲဖြစ်လာပါတယ်။

မေဆင်ဂရင်းဝုဒ်ကတော့ ယူနိုက်တဒ်အတွက် အသက်အငယ်ဆုံး ဆယ်ဂိုးအထက်ရတဲ့ ကစားသမားစာရင်းမှာ ပါဝင်ခဲ့ပြီး ဂရင်းဝုဒ် ဟာ ဂျော့ဘတ်စ်၊ဝိန်းရွန်းနီတို့နဲ့ တန်းတူ သွင်းဂိုး (၁၇)ဂိုး ရရှိထားပါတယ်။ ဆောင်းရာသီအပြောင်းရွှေ့ကာလမှရောက်ရှိလာတဲ့ ဘရုနိုဖာနန်ဒက်စ်က သွင်းဂိုး(၁၂)ဂိုးရရှိခဲ့သလို အီဟာလို နဲ့ စကော့တော်မနေးတို့က (၅)ဂိုးစီသွင်းယူပေးထားနိုင်ခဲ့ပါတယ်။ယူနိူက်တဒ် ဟာ ငယ်ရွယ်ပြီး ယုံကြည်အားကိုးရတဲ့အသင်းကို တည်ဆောက်တာဖြစ်တာနဲ့အညီ အသင်း ကစားကွက်နဲ့ တိုက်စစ်ပိုင်းတိုးတက်မှု့တွေ ရှိလာပေမယ့် နောက်ရာသီတွေမှာတော့ ပိုမိုအားကောင်းတဲ့ တိုက်စစ်ကစားဟန်နဲ့ အဆုံးသတ်စွမ်းရည်တွေကို ထပ်မံပြသဖို့အရေးကြီးနေပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *