်အရာရာ အခြေအနေ ဆိုးရွားနေပေမယ့် နေရာ တစ်ခုမှာတော့ ဆရာကျနေဆဲ ယူနိုက်တက်


EFL ဖလား ပြိုင်ပွဲ တုန်းက ရော့ခ်ျဒါလေ အသင်း ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရယူ နိုင်ခဲ့ တာကို ဖယ်ရှား လိုက်မယ် ဆိုရင် ယူနိုက်တက် ဟာ ဒီ ရာသီ မှာ ပြိုင်ပွဲစုံ နိုင်ပွဲ 3 ပွဲသာ ရယူ ထားနိုင် ခဲ့ပါ သေးတယ် ။





ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက You Tube အထက် မှာ ယူနိုက်တက် အသင်း ရဲ့ သတင်း ကို ရှာဖွေ ကြည့်ရှု ခဲ့သူ 128 သန်း အထိ ရှိနေ ခဲ့ပြီး လူမှု ကွန်ယက် အထက် မှာ နေရာ ရဖို့ အထူး ကြိုးပမ်း နေခဲ့တဲ့ ဘာစီလိုနာ အသင်း ရဲ့ သတင်း ကို ကြည့်ရှု သူ 320 သန်း အထိ ရှိခဲ့ ကြ ပါတယ် ။





Unicode

2013 ခုနှစ် တုန်းက အသင်း မှ ဂန္တ၀ င် နည်းပြ ကြီး ဆာ အဲလက်စ် ဖာဂူဆန်အနားယူပြီးနောက် နောက် ဒီ ရာသီမှာတာ့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကွင်း အတွင်း ရလဒ် နဲ့ အနေအထား က 6 နှစ်တာ ကာလ အတွင်း အဆိုးရွားဆုံး ဖြစ်ခဲ့ ရ ပါတယ် ။

EFL ဖလား ပြိုင်ပွဲ တုန်းက ရော့ချ်ဒါလေ အသင်း ကို ပင်နယ်တီ အဆုံးအဖြတ် နဲ့ အနိုင် ရယူ နိုင်ခဲ့ တာကို ဖယ်ရှား လိုက်မယ် ဆိုရင် ယူနိုက်တက် ဟာ ဒီ ရာသီ မှာ ပြိုင်ပွဲစုံ နိုင်ပွဲ 3 ပွဲသာ ရယူ ထားနိုင် ခဲ့ပါ သေးတယ် ။

နယူးကာဆယ် အသင်း ကို အဝေး ကွင်းမှာ ရှုံးနိမ့် ခဲ့တဲ့ နောက် တော့ ယူနိုက်တက် ဟာ ဒီ ရာသီ ကစား ခဲ့တဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 8 ပွဲမှာ ရမှတ် 9 မှတ် သာ ရှာဖွေ နိုင်ခဲ့ ခြင်းနဲ့ အတူ အမှတ်ပေး ဇယား ရဲ့ အဆင့် 12 နေရာ ၊ တန်းဆင်းဇုန် အထက် 2 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ရ ပါတယ် ။

ယူနိုက်တက် ရဲ့ အနေအထား နဲ့ ရလဒ် တွေဟာ လွန် ခဲ့တဲ့ နှစ် အနည်းငယ် အတွင်း မှာ ဘယ်လို ပဲ ဖြစ်နေ ပါစေ ၊ ကမ္ဘာ့ အနှံ့မှာ ရှိနေ ကြတဲ့ ဘောလုံး ပရိသတ် တွေက ယူနိုက်တက် ပွဲစဉ် တွေကို ကြည့်ရှု မြဲ ကြည့်ရှု နေခဲ့ ကြပြီး လူမှု ကွန်ယက် အထက် မှာလည်း ယူနိုက်တက် နဲ့ သက်ဆိုင် တဲ့ သတင်း တွေက အရမ်း ကို များပြား ခဲ့ ပါတယ် ။

ဒါကို ကြည့်ခြင်း အားဖြင့် ယူနိုက်တက် ရဲ့ Brand ဟာ ယခင် အတိုင်း ပဲ ဆက်လက် တောက်ပ နေဆဲ ၊ ခိုင်မြဲ နေဆဲ ဖြစ်တယ် ဆိုတာ ကို တွေ့ရှိ ခဲ့ရ ပါတယ် ။ အချက် အလက် တွေ အရ တော့ လူမှု ကွန်ယက် တစ်ခု ဖြစ်တဲ့ You Tube ပေါ်မှာ ယူနိုက်တက် အကြောင်း ရှာဖွေ ကြည့်ရှု မှုဟာ တတိယ အများဆုံး ဖြစ်ခဲ့ ရတယ် လို့ သိရ ပါတယ် ။

ယူနိုက်တက် ဟာ 2018 ဖေဖော်ဝါရီ လမှ You Tube ကနေပြီး သတင်း တွေကို စတင် ထုတ်လွှင့် ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ နဲ့ လီဗာပူး အသင်း တို့ရဲ့ နောက် တတိယ မြောက် ကြည့်ရှု သူ ပရိသတ် အများဆုံး ဘောလုံး အသင်း အဖြစ် ရပ်တည် နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက You Tube အထက် မှာ ယူနိုက်တက် အသင်း ရဲ့ သတင်း ကို ရှာဖွေ ကြည့်ရှု ခဲ့သူ 128 သန်း အထိ ရှိနေ ခဲ့ပြီး လူမုှ ကွန်ယက် အထက် မှာ နေရာ ရဖို့ အထူး ကြိုးပမ်း နေခဲ့တဲ့ ဘာစီလိုနာ အသင်း ရဲ့ သတင်း ကို ကြည့်ရှု သူ 320 သန်း အထိ ရှိခဲ့ ကြ ပါတယ် ။

” You Tube မှ ရရှိ ခဲ့တဲ့ အချက် အလက် တွေ အရ ကျွန်တော် တို့ရဲ့ သတင်း အစီအစဉ် ကို Subscribe လုပ်သူ တစ်သန်း အထိ ရှိခဲ့ ပါတယ် ။ ဒါဟာ ဒီ ပမာဏ တစ်ခု ကို အခြား အသင်း တိုင်းထက် အမြန်ဆုံး နှုန်းနဲ့ ပိုင်ဆိုင် ထားခဲ့ ခြင်းပဲ ဖြစ် ပါတယ် ” လို့ ယူနိုက်တက် ဖက်မှ ကြေငြာ ခဲ့ပါ သေးတယ် ။

2018 – 19 ဘောလုံး ရာသီ ကုန်ဆုံး သွားတဲ့ အခါ မှာတော့ You Tube ပေါ်မှာ ယူနိုက်တက် ဟာ အားပေး သူ ပရိသတ် ( Subscriber ) 1.7 သန်း ( ယခု 2.1 သန်း ) အထိ ပိုင်ဆိုင် သွားနိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် အခြား တစ်ဖက် မှာတော့ ဘောလုံး ရာသီ အသစ် စတင် လာမှု နဲ့ အတူ ယူနိုက်တက် ဟာ အင်စတာ ဂရမ် အပေါ် မှာ အားပေး သူ ပရိသတ် 31.7 သန်း အထိ ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။

” ကျွန်တော် တို့ တွေဟာ ဒီ လမ်းကြောင်း အပေါ်မှာ ရှိနေ ကြတဲ့ အခြား ပရီမီးယားလိဂ် ကလပ် အသင်း တိုင်းထက် သတင်း ကြည့်ရှုသူ အများဆုံး ၊ Follower အများဆုံး အသင်း တစ်သင်း အဖြစ် ရပ်တည် နေကြ ဆဲ ပါပဲ ” လို့ ယူနိုက်တက် ဖက်က ကြေငြာချက် ထုတ်ပြန် ခဲ့ပါ သေးတယ် ။

ယူနိုက်တက် ဟာ တွစ်တာ အထက် မှာတော့ အားပေး သူ ပရိသတ် 20.3 သန်း အထိ ပိုင်ဆိုင် ထားပြီး အထူးသဖြင့် အာရှ နဲ့ ကျွန်တော် တို့ ဆီမှာ လူသုံး အများဆုံး ဖြစ်တဲ့ Facebook အထက် မှာတော့ ပရိသတ် 73.2 သန်း အထိ တောင် ပိုင်ဆိုင် ထားနိုင် ခဲ့ ပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *