အာဆင္နယ္ကစားသမားေတြကို ရင္ဆိုင္ဖို႔ ဆာအဲလက္စ္ရဲ႕ နည္းလမ္းကို ေျပာျပခဲ့တဲ့ နဗီလ္း

မန္ယူႏိုက္တဒ္ ေနာက္ခံလူ နဗီလ္း က ဆာအဲလက္စ္ ရဲ႕ အာဆင္နယ္ အသင္းကို အႏိုင္ယူေနၾက လွ်ိဳ႕ဝွက္ခ်က္ကို ဖြင့္ဟခဲ့ပါတယ္။ ယူႏိုက္တဒ္ ဟာ အာဆင္နယ္ နဲ႔ ေတြ႕ဆုံတိုင္း အၿမဲတေစ အႏိုင္ရေအာင္စြမ္းေဆာင္ထားႏိုင္သလို သူတို႔ႏွစ္သင္းရဲ႕ ဘုန္း‌မီးေနလေတာက္ပခ်ိန္ေတြမွာတုံး က ထိပ္တိုက္ေတြ႕ဆုံတိုင္း ပြဲႀကီးပြဲေကာင္းေတြ ျဖစ္ေပၚေလ့ရွိတာလည္း ျဖစ္ပါတယ္။ ယူႏိုက္တဒ္ နဲ႔ အာဆင္နယ္ က ေက်ာင္းေတာ္က ရန္စေတြ ရွိထားသူေတြျဖစ္ၿပီး ကြင္းထဲမွာ သာမန္ထက္ပိုမိုတဲ့ ၾကမ္းတမ္းမႈ႕ေတြ နဲ႔ ယွဥ္ၿပိဳင္ခဲ့ၾကတာလည္းျဖစ္ပါတယ္။

နဗီလ္းက” ဆာအဲလက္စ္က သီယာရီအြန္နရီ နဲ႔ ေရာဘတ္ပီးယာစ့္ တို႔လို ကစားသမားေတြကို ဖ်တ္ထုတ္မခံရပဲ ေလေပၚမွာေဘာလုံးရသြားတဲ့အခ်ိန္မ်ိဳးေတြဆို ေဒါသထြက္တတ္ပါတယ္။ သူက အၿမဲတမ္း အဲ့ဒီကစားသမားေတြနားမွာေဘာလုံးမေတြ႕ခ်င္ဘူး ရေအာင္ဖ်က္ ထုတ္ထားလို႔ ေျပာေလ့ရွိတယ္။ ေဘာစ့္က ၿပိဳင္ဘက္ေတြအေနနဲ႔ ေနရာလဲဖို႔ စဥ္းစားေနတဲ့အခ်ိန္ေတြမွာ အလုပ္ရႈတ္ေနလိမ့္မယ္။ ဒါကစိတ္ပိုင္းဆိုင္ရာအရ က်ေနာ္တို႔ ေခါင္းထဲကို ႐ိုက္ထည့္ေပးထားတာပါ။ သူကအၿမဲတမ္း ငါေတာ့ ဒီပြဲမွာ ဗီအဲရာက ကြင္းလယ္ဒိုင္ကို စီးမိုးေနတာမျမင္ခ်င္ဘူး၊ အဒမ္စ္ ျဖစ္ျဖစ္ ကီဝင္ ျဖစ္ျဖစ္ ဘယ္သူမွစိုးမိုးေနတာမျမင္ခ်င္ဘူး၊ ေဘာစ့္ကအၿမဲတမ္း ဒိုင္ေတြကို ေစာဒကတက္မယ့္သူေတြကို သတိေပးထားေလ့ရွိပါတယ္”

“လူေတြက ဒါမ်ိဳးေတြျဖစ္လာမယ္လို႔ထင္ၾကတယ္။ဒါေပမယ့္မျဖစ္လာပါဘူး။ဒီလိုအေသးအဖြဲေလးေတြက ပြဲထဲမွာေတာ့ အေတာ့္ကိုသိသာပါတယ္။ဆာအဲလက္စ္ ကအၿမဲတမ္း အႏိုင္ရမယ့္နည္းလမ္းကို ရွာ လို႔ပဲေျပာတာ။ေနာက္ဆုံး ဆယ္မိနစ္မွာဆိုရင္ က်ေနာ္တို႔က သားရဲေတြလိုပဲ အမဲဖ်က္ၿပီးတိုက္ခိုက္လာၾကတယ္။ ဒါကလည္း သူ႔ရဲ႕ပြဲအႏိုင္ယူတဲ့နည္းလမ္းတစ္မ်ိဳးပဲ။ ဖလားဗိုလ္လုပြဲမွမဟုတ္ဘူး ဆာအဲလက္စ္ က ၿပိဳင္ဘက္တိုင္းရဲ႕အားနည္းခ်က္ကို ရွာေဖြထားႏိုင္တယ္။ဒိုင္ေတြနဲ႔ပက္သက္ၿပီးလည္း က်ေနာ္တို႔ ဘယ္သူ႔ပြဲမွာေတာ့ ဘယ္ရလာဒ္ေတြရခဲ့တယ္ဆိုတဲ့မွတ္တမ္းမ်ိဳးေတြရွိတယ္။ ဆာအဲလက္စ္က အၿမဲတေစ ၿပိဳင္ဘက္ရဲ႕ အားနည္းခ်က္ကိုရေအာင္ရွာၿပီး ထိုးႏွက္တတ္တဲ့နည္းျပမ်ိဳးပဲ ” လို႔ဆိုပါတယ္။

Unicode

အာဆင်နယ်ကစားသမားတွေကိုရင်ဆိုင်ဖို့ ဆာအဲလက်စ်ရဲ့ နည်းလမ်းကို ပြောပြခဲ့တဲ့ နဗီလ်း

မန်ယူနိုက်တဒ် နောက်ခံလူ နဗီလ်း က ဆာအဲလက်စ် ရဲ့ အာဆင်နယ် အသင်းကို အနိုင်ယူနေကြ လျှို့ဝှက်ချက်ကို ဖွင့်ဟခဲ့ပါတယ်။ ယူနိုက်တဒ် ဟာ အာဆင်နယ် နဲ့ တွေ့ဆုံတိုင်း အမြဲတစေ အနိုင်ရအောင်စွမ်းဆောင်ထားနိုင်သလို သူတို့နှစ်သင်းရဲ့ ဘုန်း‌မီးနေလတောက်ပချိန်တွေမှာတုံး က ထိပ်တိုက်တွေ့ဆုံတိုင်း ပွဲကြီးပွဲကောင်းတွေ ဖြစ်ပေါ်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ယူနိုက်တဒ် နဲ့ အာဆင်နယ် က ကျောင်းတော်က ရန်စတွေ ရှိထားသူတွေဖြစ်ပြီး ကွင်းထဲမှာ သာမန်ထက်ပိုမိုတဲ့ ကြမ်းတမ်းမှု့တွေ နဲ့ ယှဉ်ပြိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

နဗီလ်းက” ဆာအဲလက်စ်က သီယာရီအွန်နရီ နဲ့ ရောဘတ်ပီးယာစ့် တို့လို ကစားသမားတွေကို ဖျတ်ထုတ်မခံရပဲ လေပေါ်မှာဘောလုံးရသွားတဲ့အချိန်မျိုးတွေဆို ဒေါသထွက်တတ်ပါတယ်။ သူက အမြဲတမ်း အဲ့ဒီကစားသမားတွေနားမှာဘောလုံးမတွေ့ချင်ဘူး ရအောင်ဖျက် ထုတ်ထားလို့ ပြောလေ့ရှိတယ်။ ဘောစ့်က ပြိုင်ဘက်တွေအနေနဲ့ နေရာလဲဖို့ စဉ်းစားနေတဲ့အချိန်တွေမှာ အလုပ်ရှုတ်နေလိမ့်မယ်။ ဒါကစိတ်ပိုင်းဆိုင်ရာအရ ကျနော်တို့ ခေါင်းထဲကို ရိုက်ထည့်ပေးထားတာပါ။ သူကအမြဲတမ်း ငါတော့ ဒီပွဲမှာ ဗီအဲရာက ကွင်းလယ်ဒိုင်ကို စီးမိုးနေတာမမြင်ချင်ဘူး၊ အဒမ်စ် ဖြစ်ဖြစ် ကီဝင် ဖြစ်ဖြစ် ဘယ်သူမှစိုးမိုးနေတာမမြင်ချင်ဘူး၊ ဘောစ့်ကအမြဲတမ်း ဒိုင်တွေကို စောဒကတက်မယ့်သူတွေကို သတိပေးထားလေ့ရှိပါတယ်”

“လူတွေက ဒါမျိုးတွေဖြစ်လာမယ်လို့ထင်ကြတယ်။ဒါပေမယ့်မဖြစ်လာပါဘူး။ဒီလိုအသေးအဖွဲလေးတွေက ပွဲထဲမှာတော့ အတော့်ကိုသိသာပါတယ်။ဆာအဲလက်စ် ကအမြဲတမ်း အနိုင်ရမယ့်နည်းလမ်းကို ရှာ လို့ပဲပြောတာ။နောက်ဆုံး ဆယ်မိနစ်မှာဆိုရင် ကျနော်တို့က သားရဲတွေလိုပဲ အမဲဖျက်ပြီးတိုက်ခိုက်လာကြတယ်။ ဒါကလည်း သူ့ရဲ့ပွဲအနိုင်ယူတဲ့နည်းလမ်းတစ်မျိုးပဲ။ ဖလားဗိုလ်လုပွဲမှမဟုတ်ဘူး ဆာအဲလက်စ် က ပြိုင်ဘက်တိုင်းရဲ့အားနည်းချက်ကို ရှာဖွေထားနိုင်တယ်။ဒိုင်တွေနဲ့ပက်သက်ပြီးလည်း ကျနော်တို့ ဘယ်သူ့ပွဲမှာတော့ ဘယ်ရလာဒ်တွေရခဲ့တယ်ဆိုတဲ့မှတ်တမ်းမျိုးတွေရှိတယ်။ ဆာအဲလက်စ်က အမြဲတစေ ပြိုင်ဘက်ရဲ့ အားနည်းချက်ကိုရအောင်ရှာပြီး ထိုးနှက်တတ်တဲ့နည်းပြမျိုးပဲ ” လို့ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *