ဆန္းခ်က္ကုိ အုိးထရက္ဖုိ႔သုိ႔ျပန္မေခၚလုိပဲ ေစ်းသတ္မွတ္လုိက္တဲ့ ယူႏုိက္တက္

ယူႏုိက္တက္အသင္းဟာ အသင္း၏ခ်ီလီတိုက္စစ္မႉး ဆန္းခ်က္ဇ္အတြက္ ေျပာင္းေရႊ႔ေၾကးသတ္မွတ္ခဲ့တယ္လုိ႔ သိရပါတယ္။  အကယ္လုိ႔ ဆန္းခ်က္ဇ္ ကုိ လာမယ့္ ေႏြရာသီအေျပာင္းအေရႊ႔ေစ်းကြက္တြင္ အသင္းတစ္သင္းက ေခၚယူမည္ဆိုပါက ေပါင္သန္း (25 ) အထိက်သင့္သြားမွာ ျဖစ္ပါတယ္။ လက္ရိွတြင္ ဆန္းခ်က္ဇ္ဟာ  အင္တာမီလန္အသင္းတြင္အငွါးသြားေရာက္ကစားေနၿပီး ယင္း၏အငွါးစာခ်ဳပ္တြင္ေခၚယူခြင့္စာခ်ဳပ္ကုိထည့္သြင္းထားျခင္း မရိွိေသးပါဘူး။

အင္တာမီလန္အသင္းက ဆန္းခ်က္ဇ္၏စြမ္းေဆာင္ရည္ကုိႏွစ္သက္ပါက ေႏြအေျပာင္းအေရႊ႔တြင္ ယင္း၏အေျပာင္းအေရႊ႔ကိစၥကုိေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ တိုက္စစ္မႉးဆန္းခ်က္ဇ္မွာ ဆုိးလ္႐ွား၏အနာဂတ္စီမံကိန္းတြင္ပါဝင္ျခင္းမရိွေသာေၾကာင္း ကစားသမားကိုေႏြရာသီအေျပာင္းအေရႊ႔တြင္ေရာင္းခ်ရန္မွာ ေသခ်ာသေလာက္ရိွေနပါတယ္။

အင္တာမီလန္ အသင္းမွ မဟုတ္ဘဲအျခားေသာအသင္းမ်ား၏ ကမ္းလွမ္းမႈမ်ားကိုလည္းယူႏိုက္တက္အသင္းကနားစြင့္ထားေၾကာင္း သိရပါတယ္။  ေပါင္သန္း(25 ) ေအာက္ကမ္းလွမ္းမႈမ်ိဳးကုိရပါက ယူႏိုက္တက္အသင္းကလက္ခံသြားမည္မဟုတ္ပါဘူး။

ဆန္းခ်က္ဇ္ဟာ ယူႏုိက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၃) ႏွစ္ က်န္ရွိေနေသးေပမယ့္လည္း ယူႏုိက္တက္ဟာ ၄င္းကုိ တပတ္လုပ္ခ လစာ ၅ သိန္း ေပးေခ်ေနရျခင္းေၾကာင့္ အုိးထရ္ဖုိ႔ဒ္သုိ႔ ျပန္မေခၚပဲ အၿပီးသတ္ေရာင္းခ်လုိေနတာျဖစ္ပါတယ္။ ဆန္းခ်က္နဲ႔ ပတ္သတ္ၿပီး ယူႏုိက္တက္အသင္းက ” ဒီအစီအစဥ္က စာခ်ဳပ္အရ သူ႔ကုိ ေပးေခ်ဖုိ႔ ေငြေၾကး တခ်ိဳ႕တ၀က္ျပန္ရမွာ ျဖစ္ပါတယ္။ အင္တာမီလန္မွာ ဆန္ခ်က္အေနနဲ႔ ေကာင္းမြန္တဲ့ရာသီအျဖစ္ရွိဖုိ႔ေမ်ာ္လင့္ပါတယ္။ အင္တာ ဒါမွ မဟုတ္ တျခားအသင္းက ေခၚယူလုိတယ္ဆုိရင္ က်ေနာ္တုိ႔ ေရာင္းခ်ဖုိ႔ သြားမွာပါ။ က်ေနာ္တုိ႔ ရဲ႕ သတ္မွတ္တဲ့ေစ်းဟာ သူရဲ႕ကစားႏုိင္ေသးတဲ့အသက္အရြယ္ သူ႔ရဲ႕ ဂုဏ္သတင္းေက်ာ္ေဇာမႈအရ သင့္တင့္တဲ့ ေစ်းလည္း ျဖစ္ပါတယ္။ ” ဟု The Sun ကုိ ေျပာၾကားသြားခဲ့ပါတယ္။

Unicode

ယူနိုက်တက်အသင်းဟာ အသင်း၏ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်အတွက် ပြောင်းရွှေ့ကြေးသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။  အကယ်လို့ ဆန်းချက်ဇ် ကို လာမယ့် နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင် အသင်းတစ်သင်းက ခေါ်ယူမည်ဆိုပါက ပေါင်သန်း (25 ) အထိကျသင့်သွားမှာ ဖြစ်ပါတယ်။ လက်ရှိတွင် ဆန်းချက်ဇ်ဟာ  အင်တာမီလန်အသင်းတွင်အငှါးသွားရောက်ကစားနေပြီး ယင်း၏အငှါးစာချုပ်တွင်ခေါ်ယူခွင့်စာချုပ်ကိုထည့်သွင်းထားခြင်း မရှိသေးပါဘူး။

အင်တာမီလန်အသင်းက ဆန်းချက်ဇ်၏စွမ်းဆောင်ရည်ကိုနှစ်သက်ပါက နွေအပြောင်းအရွှေ့တွင် ယင်း၏အပြောင်းအရွှေ့ကိစ္စကိုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူးဆန်းချက်ဇ်မှာ ဆိုးလ်ရှား၏အနာဂတ်စီမံကိန်းတွင်ပါဝင်ခြင်းမရှိသောကြောင်း ကစားသမားကိုနွေရာသီအပြောင်းအရွှေ့တွင်ရောင်းချရန်မှာ သေချာသလောက်ရှိနေပါတယ်။

အင်တာမီလန် အသင်းမှ မဟုတ်ဘဲအခြားသောအသင်းများ၏ ကမ်းလှမ်းမှုများကိုလည်းယူနိုက်တက်အသင်းကနားစွင့်ထားကြောင်း သိရပါတယ်။  ပေါင်သန်း(25 ) အောက်ကမ်းလှမ်းမှုမျိုးကိုရပါက ယူနိုက်တက်အသင်းကလက်ခံသွားမည်မဟုတ်ပါဘူး။

ဆန်းချက်ဇ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ် ကျန်ရှိနေသေးပေမယ့်လည်း ယူနိုက်တက်ဟာ ၎င်းကို တပတ်လုပ်ခ လစာ ၅ သိန်း ပေးချေနေရခြင်းကြောင့် အိုးထရ်ဖို့ဒ်သို့ ပြန်မခေါ်ပဲ အပြီးသတ်ရောင်းချလိုနေတာဖြစ်ပါတယ်။ ဆန်းချက်နဲ့ ပတ်သတ်ပြီး ယူနိုက်တက်အသင်းက ” ဒီအစီအစဉ်က စာချုပ်အရ သူ့ကို ပေးချေဖို့ ငွေကြေး တချို့တဝက်ပြန်ရမှာ ဖြစ်ပါတယ်။ အင်တာမီလန်မှာ ဆန်ချက်အနေနဲ့ ကောင်းမွန်တဲ့ရာသီအဖြစ်ရှိဖို့မျော်လင့်ပါတယ်။ အင်တာ ဒါမှ မဟုတ် တခြားအသင်းက ခေါ်ယူလိုတယ်ဆိုရင် ကျနော်တို့ ရောင်းချဖို့ သွားမှာပါ။ ကျနော်တို့ ရဲ့ သတ်မှတ်တဲ့ဈေးဟာ သူရဲ့ကစားနိုင်သေးတဲ့အသက်အရွယ် သူ့ရဲ့ ဂုဏ်သတင်းကျော်ဇောမှုအရ သင့်တင့်တဲ့ ဈေးလည်း ဖြစ်ပါတယ်။ ” ဟု The Sun ကို ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *