ဒီရာသီယူႏိုက္တက္က ဘာေျကာင့္ တန္းဆင္းသြားရႏိုင္တယ္ဆိုတာေျပာျပလိုက္တဲ့ အဂၤလန္နည္းျပေဟာင္း

ပရီးမီးယားလိဂ္ နဲ႔ အဂၤလန္အသင္းရဲ႕  နည္းျပေဟာင္း တဦးလည္းျဖစ္တဲ႔ ဆမ္အလာဒိုက္စ္က ဒီရာသီမွာ အခ်ိဳ႔ အရာေတြ ဆက္ျပီး ျဖစ္ပ်က္သြားခဲ႔ပါက ယူႏိုက္တက္ အသင္းဟာ ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရႏိုင္တယ္ လို႕ ေဟာကိန္းထုတ္ သတိေပးလိုက္ပါတယ္။ယူႏိုက္တက္အသင္းဟာ ေနာက္ဆံုး ကစားခဲ႔တ႕ဲ ျပိဳင္ပြဲစံု ၅ပြဲဆက္ ႏိုင္ပြဲေပ်ာက္ဆံုးထားခဲ႔ျပီးဒီလိုမ်ိဳးသာ ယံုျကည္မွဳဆက္တိုက္ ေပ်ာက္ဆံုး သြားခဲ႔ပါက ပရီးမီးယားလိဂ္ကေန တန္းဆင္းသြားရႏိုင္တယ္လို႕ ဆမ္အလာဒိုက္စ္က ယူဆေနတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ အသင္းဟာ တနဂၤေႏြေန႔ မွာ ကစားခဲ႔တဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္မွာ နယူးကာဆယ္ အသင္းကို ၁-၀ ဂိုးနဲ႔ အေရးနိမ္႔ခဲ႔ရလို႔ တန္းဆင္းဇံုအတြင္းရွိေနတဲ့ အဲဗာတန္ အသင္းနဲ႔ ၂မွတ္သာကြာဟေတာ့တဲ႔ အေနအထားမ်ိဳးအထိ ေရာက္ ရွိသြားခဲ႔တာပါ။

သူတို႔ဟာ ဒီရာသီမွာ လိဂ္ပြဲ ၈ ပြဲကစား ျပီးခ်ိန္မွာ ၉မွတ္သာ ရရွိျပီး တိုက္စစ္က တပြဲတဂိုးႏွဳန္းေတာင္ သြင္းယူထားႏိုင္ျခင္း မရွိခ်ိန္မွာ ခံစစ္ က တပြဲတဂိုးေလာက္ေပးထားခဲ႕ရတာျဖစ္ပါတယ္။ႏွစ္ေပါင္း ၃၀ ေလာက္အတြင္း အဆိုးရြားဆံုးရာသီ အစကို ျဖတ္သန္းေနရတာေျကာင့္လည္း နည္းျပဆိုးလ္ရွားရဲ႕အနာဂတ္ဟာ ဖိအားေတြအေတာ္ေလးမ်ားေနျပီျဖစ္ပါတယ္။

ဆမ္အလာဒိုုက္စ္ကေတာ့ ယူႏိုက္တက္ အသင္းဟာ ၁၉၇၄ ခုႏွစ္တုန္းကတန္းဆင္းထားခဲ႕ရသလို အလားတူအေျခအေနမ်ိဳးေတြ အခုခ်ိန္မွာ ျမင္ေနရျပီလို႔ ဆိုပါတယ္။ထိုစဥ္က ယူႏိုက္တက္ အသင္း ဟာ ဥေရာပဖလားကို ရရွိျပီး ၆ႏွစ္ေလာက္အျကာမွာပဲ အဂၤလန္ဒုတိယတန္းကိုအံ႔အားသင့္ဖြယ္ တန္းဆင္းခဲ႔ရတာျဖစ္ပါတယ္။

talkSPORT နဲ႔အင္တာဗ်ဴးမွာ ဆမ္အလာဒိုက္စ္က – ” ယူႏိုက္တက္ အသင္းဟာ ထိုစဥ္က စာရြက္ေပၚမွာ အံ့မခန္းလူစာရင္းနဲ႔ အသင္းမ်ိဳးရွိထားခဲ႔ေပမယ့္ ေအာက္တန္းကို ဆင္းသြားခဲ႔ရတာျဖစ္ပါတယ္။ ”

” ဒါေျကာင့္လည္း ဒီေန႔အခ်ိန္လို ယံုျကည္မွဳေတြေပ်ာက္ဆံုးေနျပီး ဒဏ္ရာျပသနာေတြျကံုေနရခ်ိန္မွာ သူတို႔ အသင္းက်ဆံုးမွဳေတြရင္ဆိုင္သြားရႏိုင္ေျခက ပိုျပီးေတာင္ မ်ားေနႏိုင္တယ္ဆိုတာ မဟုတ္ဘူးလားဗ်ာ။ျကံ့ခိုင္မွဳမရေသးတဲ႔ ကစားသမားေတြကလည္းအဆင္ေျပေနစဥ္တုန္းကလို အလ်င္အျမန္ျပန္ေကာင္းလာဖို႔ ရည္ရြယ္ခ်က္ မရွိထားပံုပါပဲ။ ”

” အသင္းကေန ထြက္ခြာခ်င္ေနတဲ႔ ေပါ့ဘာ လိုအတားအဆီးကိစၥတခုကလည္းရွိေနပါတယ္။ေနာက္ပိုင္းမွာဆုိရင္သူက -‘ ဒီအသင္းဟာ လမ္းေျကာင္းမွားျပီးသြားေနပါတယ္။က်ြန္ေတာ္ အသင္းကေန ထြက္ခ်င္ေနပါျပီ ‘ လို႔ေတာင္ ေျပာလာမလား မသိပါဘူး။ ”

” ယူႏိုက္တက္ အသင္းဟာ လံုေလာက္တဲ႔သြင္းဂိုး ေတြ မရထားေသးသလို ၊ တိုက္စစ္ပိုင္းစြမ္းေဆာင္ရည္က လည္း ရုန္းကန္ ေနရတဲ႔ ကိစၥတခုလို ျဖစ္လာေနပါျပီ။ဒီကိစၥဟာ သူတုိ႔အသင္းအမွတ္ေပးဇယားေအာက္ဆံုးကို က်ေရာက္သြားေစမယ့္ ရုန္းကန္ရမွဳမ်ိဳးမျဖစ္ေစဖို႔ေတာ့ ေမ်ွာ္လင့္မိပါတယ္။ ”

” ဒါေပမယ့္ က်ိန္းေသတာတခုကေတာ့ သူတို႔ဟာ အဲ႕ဒီလို ဦးတည္ေနတာျဖစ္ပါတယ္။ အိုလီ ( ဆိုးလ္ရွား ) ဟာ ျကီးမားတဲ႔ လုပ္စရာတခုကို ရရွိထားခဲ႔ျဖစ္ပါတယ္။သူတို႔ကေတာ့ ဒီအခ်ိန္ဟာ အသင္းကို တည္ေဆာက္ေနတာပါ ၊တည္ေဆာက္ေနတာပါဆိုျပီး ေတာ့ေျပာျကလိမ့္မယ္ဆိုတာ က်ြန္ေတာ္သိပါတယ္။ ”

ဒါေပမယ့္ လည္း အသင္းတသင္းဟာ သူတို႔ အသင္းရဲ႕ အေကာင္းဆံုး တိုက္စစ္မွဴး တေယာက္ ကို အသင္းကေန ဖယ္ရွားျပီး ျပန္အစားမထိုးတာမ်ိဳး လုပ္လို႔ေတာ့ မရပါဘူး။ဒါဟာတကယ္ကို ျကီးမားတဲ႔ ျပသနာ တခုျဖစ္ပါတယ္။သူတို႔လိုခ်င္တဲ႔ထိပ္တန္းတိုက္စစ္မွဴးကို ဘယ္သြားရွာေနလဲဆိုတာက်ြန္ေတာ္မေျပာတတ္ပါဘူး ” လို႕ေျပာသြားခဲ႔ပါတယ္။

Unicode

ပရီးမီးယားလိဂ် နဲ့ အင်္ဂလန်အသင်းရဲ့  နည်းပြဟောင်း တဦးလည်းဖြစ်တဲ့ ဆမ်အလာဒိုက်စ်က ဒီရာသီမှာ အချို့ အရာတွေ ဆက်ပြီး ဖြစ်ပျက်သွားခဲ့ပါက ယူနိုက်တက် အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရနိုင်တယ် လို့ ဟောကိန်းထုတ် သတိပေးလိုက်ပါတယ်။ယူနိုက်တက်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားခဲ့ပြီးဒီလိုမျိုးသာ ယုံကြည်မှုဆက်တိုက် ပျောက်ဆုံး သွားခဲ့ပါက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရနိုင်တယ်လို့ ဆမ်အလာဒိုက်စ်က ယူဆနေတာလည်းဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့ မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ် အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရလို့ တန်းဆင်းဇုံအတွင်းရှိနေတဲ့ အဲဗာတန် အသင်းနဲ့ ၂မှတ်သာကွာဟတော့တဲ့ အနေအထားမျိုးအထိ ရောက် ရှိသွားခဲ့တာပါ။

သူတို့ဟာ ဒီရာသီမှာ လိဂ်ပွဲ ၈ ပွဲကစား ပြီးချိန်မှာ ၉မှတ်သာ ရရှိပြီး တိုက်စစ်က တပွဲတဂိုးနှုန်းတောင် သွင်းယူထားနိုင်ခြင်း မရှိချိန်မှာ ခံစစ် က တပွဲတဂိုးလောက်ပေးထားခဲ့ရတာဖြစ်ပါတယ်။နှစ်ပေါင်း ၃၀ လောက်အတွင်း အဆိုးရွားဆုံးရာသီ အစကို ဖြတ်သန်းနေရတာကြောင့်လည်း နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ဟာ ဖိအားတွေအတော်လေးများနေပြီဖြစ်ပါတယ်။

ဆမ်အလာဒိုက်စ်ကတော့ ယူနိုက်တက် အသင်းဟာ ၁၉၇၄ ခုနှစ်တုန်းကတန်းဆင်းထားခဲ့ရသလို အလားတူအခြေအနေမျိုးတွေ အခုချိန်မှာ မြင်နေရပြီလို့ ဆိုပါတယ်။ထိုစဉ်က ယူနိုက်တက် အသင်း ဟာ ဥရောပဖလားကို ရရှိပြီး ၆နှစ်လောက်အကြာမှာပဲ အင်္ဂလန်ဒုတိယတန်းကိုအံ့အားသင့်ဖွယ် တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။

talkSPORT နဲ့အင်တာဗျူးမှာ ဆမ်အလာဒိုက်စ်က – ” ယူနိုက်တက် အသင်းဟာ ထိုစဉ်က စာရွက်ပေါ်မှာ အံ့မခန်းလူစာရင်းနဲ့ အသင်းမျိုးရှိထားခဲ့ပေမယ့် အောက်တန်းကို ဆင်းသွားခဲ့ရတာဖြစ်ပါတယ်။ ”

” ဒါကြောင့်လည်း ဒီနေ့အချိန်လို ယုံကြည်မှုတွေပျောက်ဆုံးနေပြီး ဒဏ်ရာပြသနာတွေကြုံနေရချိန်မှာ သူတို့ အသင်းကျဆုံးမှုတွေရင်ဆိုင်သွားရနိုင်ခြေက ပိုပြီးတောင် များနေနိုင်တယ်ဆိုတာ မဟုတ်ဘူးလားဗျာ။ကြံ့ခိုင်မှုမရသေးတဲ့ ကစားသမားတွေကလည်းအဆင်ပြေနေစဉ်တုန်းကလို အလျင်အမြန်ပြန်ကောင်းလာဖို့ ရည်ရွယ်ချက် မရှိထားပုံပါပဲ။ ”

” အသင်းကနေ ထွက်ခွာချင်နေတဲ့ ပေါ့ဘာ လိုအတားအဆီးကိစ္စတခုကလည်းရှိနေပါတယ်။နောက်ပိုင်းမှာဆိုရင်သူက -‘ ဒီအသင်းဟာ လမ်းကြောင်းမှားပြီးသွားနေပါတယ်။ကျွန်တော် အသင်းကနေ ထွက်ချင်နေပါပြီ ‘ လို့တောင် ပြောလာမလား မသိပါဘူး။ ”

” ယူနိုက်တက် အသင်းဟာ လုံလောက်တဲ့သွင်းဂိုး တွေ မရထားသေးသလို ၊ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်က လည်း ရုန်းကန် နေရတဲ့ ကိစ္စတခုလို ဖြစ်လာနေပါပြီ။ဒီကိစ္စဟာ သူတို့အသင်းအမှတ်ပေးဇယားအောက်ဆုံးကို ကျရောက်သွားစေမယ့် ရုန်းကန်ရမှုမျိုးမဖြစ်စေဖို့တော့ မျှော်လင့်မိပါတယ်။ ”

” ဒါပေမယ့် ကျိန်းသေတာတခုကတော့ သူတို့ဟာ အဲ့ဒီလို ဦးတည်နေတာဖြစ်ပါတယ်။ အိုလီ ( ဆိုးလ်ရှား ) ဟာ ကြီးမားတဲ့ လုပ်စရာတခုကို ရရှိထားခဲ့ဖြစ်ပါတယ်။သူတို့ကတော့ ဒီအချိန်ဟာ အသင်းကို တည်ဆောက်နေတာပါ ၊တည်ဆောက်နေတာပါဆိုပြီး တော့ပြောကြလိမ့်မယ်ဆိုတာ ကျွန်တော်သိပါတယ်။ ”

ဒါပေမယ့် လည်း အသင်းတသင်းဟာ သူတို့ အသင်းရဲ့ အကောင်းဆုံး တိုက်စစ်မှူး တယောက် ကို အသင်းကနေ ဖယ်ရှားပြီး ပြန်အစားမထိုးတာမျိုး လုပ်လို့တော့ မရပါဘူး။ဒါဟာတကယ်ကို ကြီးမားတဲ့ ပြသနာ တခုဖြစ်ပါတယ်။သူတို့လိုချင်တဲ့ထိပ်တန်းတိုက်စစ်မှူးကို ဘယ်သွားရှာနေလဲဆိုတာကျွန်တော်မပြောတတ်ပါဘူး ” လို့ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *