မန္ခ်က္စတာမွာ လင္းလက္ခဲ့တဲ့ လိေမၼာ္ေရာင္ၾကယ္

၂၀၁၂ ရဲ႕ဩဂုတ္ဟာ အဂ္လန္မွာ ေႏြရာသီေန႔ရက္တစ္ရက္ကိုျဖတ္သန္းေနရခ်ိန္ ျမန္မာႏိုင္ငံမွာေတာ့ မိုးအကုန္ေဆာင္းအကူး ကာလ တစ္ခုကို ျဖတ္သန္းေနရတယ္။ ဒီအခ်ိန္မွာ အာဆင္နယ္ ပရိတ္သတ္ေတြ ေရာ ယူႏိုက္တဒ္ပရိတ္သတ္ေတြရင္မွာပါ ဗေလာင္ဆူေနတဲ့ အေျပာင္းေ႐ႊ႕တစ္ခုကျဖစ္ၿပီးခဲ့ၿပီးၿပီ။ အာဆင္နယ္ ရဲ႕ ေ႐ႊဖိနပ္ဆုရွင္ တိုက္စစ္မႈး ေရာ္ဘန္ဗန္ပါစီ ကို ဆာအဲလက္စ္ က ေပါင္၂၄သန္း ထဲနဲ႔ေခၚယူလိုက္တယ္ဆိုတာ က ဒီကမာၻမွာ ေဘာလုံးပရိတ္သတ္ေတြအတြက္႐ူးသြပ္ခ်င္စရာေကာင္းတာ အပိုထပ္မရွိေတာ့။ ဝိန္း႐ြန္းနီ ရွိၿပီးသား အသင္းကို ဗန္ပါစီ ထပ္ေရာက္လာတယ္ဆိုတာက ယူႏိုက္တဒ္ အတြက္ ႏွစ္ဆ တိုးတာမွမဟုတ္ရင္ ဘာျဖစ္ႏိုင္ဦးမလဲ။

ဖူလ္ဟမ္နဲ႔ပြဲမွာ အီဗရာရဲ႕ ေပးပို႔မႈ႕ကို ဘယ္ေျခနဲ႔ပဲ ပတ္သြင္းၿပီး စတန္းဖိုဒ့္အန႔္ ရဲ႕ ဂိုးစာရင္းကို သူစဖြင့္တယ္။အို……ဗန္ပါစီ ဆိုတဲ့ အသံေတြ အိုးထရဒ့္ဖိုဒ့္ ေကာင္းကင္ယံမွာအျပည့္။ ဆာအံလက္စ္ ရဲ႕ေထာင္ျပည့္ပြဲ ဟက္ထရစ္ဂိုး၊မန္စီးတီးဖက္သြင္းခဲ့တဲ့ ေနာက္က်အႏိုင္ဂိုး၊အသင္းေဟာင္းဖက္ကို သြင္းခဲ့တဲ့ အျပင္းကန္ခ်က္ ၿပီးေတာ့…..ဟုတ္တယ္ ေမ့လို႔မျဖစ္ဘူး ဗီလာ နဲ႔ပြဲက ကန္သြင္းခဲ့တဲ့ ေျမမက်ဒုံးပ်ံ ကန္ခ်က္တစ္ခု။

ဗန္ပါစီက ယူႏိုက္တဒ္ကို အခ်ိန္ေႏွာင္းမွ ေရာက္လာေပမယ့္ လာျခင္းေကာင္းခဲ့တာေတာ့အေသခ်ာ။ အႀကိမ္(၂၀)ေျမာက္ဖလားအတြက္ နံပါတ္(၂၀)ယူခဲ့တဲ့ သူက ရာသီသိမ္းခ်ိန္မွာ အႀကိမ္(၂၀)‌ေျမာက္ ဖလားႀကီးထမ္းၿပီး နယ္သာလန္ မွာ သြားေလရာယူသြားေလရဲ႕။ ဒဏ္ရာေၾကာင့္ ကစားရဖို႔႐ုန္းကန္ရမယ္ထင္ၿပီး ယူႏိုက္တဒ္ကိုေရာင္းခဲ့တဲ့ အာဆင္ဝင္းဂါး တစ္ေယာက္ ဗန္ပါစီကို အမ္းမရိတ္မွာ ဂုဏ္ျပဳႀကိဳဆိုခဲ့ရတာ အခုထက္တိုင္ေမ့ႏိုင္ဦးမွာေတာ့မဟုတ္။

ယူႏိုက္တဒ္မွာ သုံးရာသီၾကာျဖတ္သန္းခဲ့ေပမယ့္ ပရိတ္သတ္ေတြရဲ႕ အခ်စ္ေတာ္ျဖစ္ခဲ့ၿပီး ၿပိဳင္ဘက္အျဖစ္ ဂိုးသြင္းခံရတာေတာင္ အားေပးခဲ့ၾကတာက ဗန္ပါစီ အေပၚ ဂႏၷဝင္တစ္ေယာက္လို ေလးစားမႈ႕ရွိတာကို ေဖာ္ျပေနပါတယ္။ ဘုရားေပးတဲ့ ဘယ္ေျခတစ္ေျခာင္းနဲ႔ ယိမ္းႏြဲ႕ ကစားၿပီး ကန္ခ်က္တစ္ခ်က္တိုင္းက ဂိုးသမားတိုင္းကို အသက္လြင့္သြားေစႏိုင္မယ့္ ကန္ခ်က္ကို ပိုင္ဆိုင္ထားတဲ့သူ၊ ေလေပၚ မွာဆို ေျခေထာက္ ကိုစိတ္ႀကိဳက္လႈပ္ရွားႏိုင္တဲ့ ၿပိဳင္ဘက္ကင္း အဆုံးသတ္ သမား၊ ဗန္ပါစီနဲ႔ပက္သက္ရင္ ေျပာစရာေတြကသိပ္မ်ားလြန္းတယ္။
သူေရာက္လာတယ္။
သူအႏိုင္ယူတယ္။
ဂႏၷဝင္အျဖစ္ ျပန္ထြက္ခဲ့တယ္။

unicode

၂၀၁၂ ရဲ့ဩဂုတ်ဟာ အဂ်လန်မှာ နွေရာသီနေ့ရက်တစ်ရက်ကိုဖြတ်သန်းနေရချိန် မြန်မာနိုင်ငံမှာတော့ မိုးအကုန်ဆောင်းအကူး ကာလ တစ်ခုကို ဖြတ်သန်းနေရတယ်။ ဒီအချိန်မှာ အာဆင်နယ် ပရိတ်သတ်တွေ ရော ယူနိုက်တဒ်ပရိတ်သတ်တွေရင်မှာပါ ဗလောင်ဆူနေတဲ့ အပြောင်းရွှေ့တစ်ခုကဖြစ်ပြီးခဲ့ပြီးပြီ။ အာဆင်နယ် ရဲ့ ရွှေဖိနပ်ဆုရှင် တိုက်စစ်မှုး ရော်ဘန်ဗန်ပါစီ ကို ဆာအဲလက်စ် က ပေါင်၂၄သန်း ထဲနဲ့ခေါ်ယူလိုက်တယ်ဆိုတာ က ဒီကမ္ဘာမှာ ဘောလုံးပရိတ်သတ်တွေအတွက်ရူးသွပ်ချင်စရာကောင်းတာ အပိုထပ်မရှိတော့။ ဝိန်းရွန်းနီ ရှိပြီးသား အသင်းကို ဗန်ပါစီ ထပ်ရောက်လာတယ်ဆိုတာက ယူနိုက်တဒ် အတွက် နှစ်ဆ တိုးတာမှမဟုတ်ရင် ဘာဖြစ်နိုင်ဦးမလဲ။

ဖူလ်ဟမ်နဲ့ပွဲမှာ အီဗရာရဲ့ ပေးပို့မှု့ကို ဘယ်ခြေနဲ့ပဲ ပတ်သွင်းပြီး စတန်းဖိုဒ့်အန့် ရဲ့ ဂိုးစာရင်းကို သူစဖွင့်တယ်။အို……ဗန်ပါစီ ဆိုတဲ့ အသံတွေ အိုးထရဒ့်ဖိုဒ့် ကောင်းကင်ယံမှာအပြည့်။ ဆာအံလက်စ် ရဲ့ထောင်ပြည့်ပွဲ ဟက်ထရစ်ဂိုး၊မန်စီးတီးဖက်သွင်းခဲ့တဲ့ နောက်ကျအနိုင်ဂိုး၊အသင်းဟောင်းဖက်ကို သွင်းခဲ့တဲ့ အပြင်းကန်ချက် ပြီးတော့…..ဟုတ်တယ် မေ့လို့မဖြစ်ဘူး ဗီလာ နဲ့ပွဲက ကန်သွင်းခဲ့တဲ့ မြေမကျဒုံးပျံ ကန်ချက်တစ်ခု။

ဗန်ပါစီက ယူနိုက်တဒ်ကို အချိန်နှောင်းမှ ရောက်လာပေမယ့် လာခြင်းကောင်းခဲ့တာတော့အသေချာ။ အကြိမ်(၂၀)မြောက်ဖလားအတွက် နံပါတ်(၂၀)ယူခဲ့တဲ့ သူက ရာသီသိမ်းချိန်မှာ အကြိမ်(၂၀)‌မြောက် ဖလားကြီးထမ်းပြီး နယ်သာလန် မှာ သွားလေရာယူသွားလေရဲ့။ ဒဏ်ရာကြောင့် ကစားရဖို့ရုန်းကန်ရမယ်ထင်ပြီး ယူနိုက်တဒ်ကိုရောင်းခဲ့တဲ့ အာဆင်ဝင်းဂါး တစ်ယောက် ဗန်ပါစီကို အမ်းမရိတ်မှာ ဂုဏ်ပြုကြိုဆိုခဲ့ရတာ အခုထက်တိုင်မေ့နိုင်ဦးမှာတော့မဟုတ်။

ယူနိုက်တဒ်မှာ သုံးရာသီကြာဖြတ်သန်းခဲ့ပေမယ့် ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့ပြီး ပြိုင်ဘက်အဖြစ် ဂိုးသွင်းခံရတာတောင် အားပေးခဲ့ကြတာက ဗန်ပါစီ အပေါ် ဂန္နဝင်တစ်ယောက်လို လေးစားမှု့ရှိတာကို ဖော်ပြနေပါတယ်။ ဘုရားပေးတဲ့ ဘယ်ခြေတစ်ခြောင်းနဲ့ ယိမ်းနွဲ့ ကစားပြီး ကန်ချက်တစ်ချက်တိုင်းက ဂိုးသမားတိုင်းကို အသက်လွင့်သွားစေနိုင်မယ့် ကန်ချက်ကို ပိုင်ဆိုင်ထားတဲ့သူ၊ လေပေါ် မှာဆို ခြေထောက် ကိုစိတ်ကြိုက်လှုပ်ရှားနိုင်တဲ့ ပြိုင်ဘက်ကင်း အဆုံးသတ် သမား၊ ဗန်ပါစီနဲ့ပက်သက်ရင် ပြောစရာတွေကသိပ်များလွန်းတယ်။
သူရောက်လာတယ်။
သူအနိုင်ယူတယ်။
ဂန္နဝင်အဖြစ် ပြန်ထွက်ခဲ့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *