ဆန္ခ်ိဳကို ဘာေၾကာင့္ ေခၚယူသင့္သလဲ ေျပာျပခဲ့တဲ့ ရီယိုဖာဒီနန္

ယူႏိုက္တဒ္ ဂႏၷဝင္ခံစစ္မႈးေဟာင္း ဖာဒီနန္က သူ႔အသင္းေဟာင္းအေနနဲ႔ အဂ္လန္ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳကို မျဖစ္မေန ေခၚယူသင့္ၿပီး ယခုရာသီမွာလက္လႊတ္ခဲ့ရရင္ ေနာင္တရလိမ့္မယ္လို႔ သတိေပးခဲ့ပါတယ္။ဆန္ခ်ိဳ ကိုအနာဂတ္ ဘလြန္းဒီေအာ္ဆုရွင္အျဖစ္ ေဝဖန္သူေတြကေတာင္ သတ္မွတ္ထားၾကၿပီး အသက္ (၂၀) မွာ ျပသေနတဲ့ ဆန္ခ်ိဳ ရဲ႕ ေျခစြမ္း က ကမာၻ႔ေဘာလူံး ဇာတ္ျမင့္ေပၚမွာ ၾကယ္တစ္ပြင့္အျဖစ္ သက္ေသျပခဲ့ၿပီးၿပီလည္းျဖစ္ပါတယ္။ ယူႏိုက္တဒ္အေနနဲ႔ဆန္ခ်ိဳအတြက္ ယူ႐ိုသန္း၁၂၀ တန္အေျပာင္းေ႐ႊ႕ကို ေဒါ့မြန္အသင္းနဲ႔ညႇိႏႈိင္းရာမွာ အခက္ခဲတခ်ိဳ႕ရွိေနၿပီးအေျပာင္းေ႐ႊ႕ကၾက့န္ၾကာလ်က္ရွိေနပါတယ္။

ရီယိုက”ဆန္ခ်ိဳက သိပ္ကိုအံဩဖို႔ေကာင္းပါတယ္။သူ႔ကိုသာအသင္းမွာေပါင္းထည့္ႏိုင္ခဲ့ရင္ သိပ္ကိုတန္ဖိုးျမင့္တဲ့ ထည့္ေပါင္းမႈ႕ျဖစ္လာပါလိမ့္မယ္။မန္ယူႏိုက္တဒ္အတြက္ ပထမလူစာရင္းကို ဖိအားေပးမယ့္ကစားသမားမ်ိဳး လိုအပ္ေနၿပီးဆန္ခ်ိဳက ပထမအသင္းက ကစားသမားအခ်ိဳ႕ကိုအရံခုံေပၚပို႔ႏိုင္ပါတယ္။မန္ယူႏိုက္တဒ္ရဲ႕ေအာင္ျမင္ခဲ့တဲ့ကာလအပိုင္းအျခားတိုင္းကိုၾကည့္မယ္ဆိုရင္ေနရာတစ္ခုကိုကစားသမားမ်ားစြာက တိုက္ပြဲဝင္ေနတာ ျမင္ရပါလိမ့္မယ္။ပထမအသင္း က တစ္ေယာက္ကိုထုတ္လိုက္ၿပီးအရံတစ္ေယာက္ျပန္ထည့္လည္း အသင္းအင္အားနဲ႔ကစားပုံကမေျပာင္းလဲတာမ်ိဳး ျမင္ရပါလိမ့္မယ္။”

“ဆိုးလ္ရွားရဲ႕အသင္းမွာ တိုက္စစ္ အရည္အေသြးျမင့္တဲ့ကစားသမားေတြရွိၿပီးသားျဖစ္ေပမယ့္ ပိုၿပီးထက္ျမက္တဲ့တိုက္စစ္စြမ္းရည္မ်ိဳးလိုအပ္ေနပါေသးတယ္။အရံအင္အားမွာလည္းျပသနာရွိေနၿပီး ဒါကအဓိကအခ်က္ပါ။ခ်န္ပီယံလိဂ္ကိုျပန္ေရာက္လာၿပီျဖစ္လို႔ ဆန္ခ်ိဳ က ယူႏိုက္တဒ္အတြက္ သိပ္ေကာင္းတဲ့ေပါင္းထည့္မႈ႕ျဖစ္လာပါလိမ့္မယ္။ယူႏိုက္တဒ္ အတြက္ ဆန္ခ်ိဳ က ဖလားေတြယွဥ္ၿပိဳင္ဖို႔ ပထမဆုံးစတင္မယ့္ေျခလွမ္းတစ္ခုျဖစ္လာပါလိမ့္မယ္”။ ဟု မွတ္ခ်က္ေပး ေျပာၾကားသြားခဲ့ပါတယ္။

unicode

ယူနိုက်တဒ် ဂန္နဝင်ခံစစ်မှုးဟောင်း ဖာဒီနန်က သူ့အသင်းဟောင်းအနေနဲ့ အဂ်လန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုကို မဖြစ်မနေ ခေါ်ယူသင့်ပြီး ယခုရာသီမှာလက်လွှတ်ခဲ့ရရင် နောင်တရလိမ့်မယ်လို့ သတိပေးခဲ့ပါတယ်။ဆန်ချို ကိုအနာဂတ် ဘလွန်းဒီအော်ဆုရှင်အဖြစ် ဝေဖန်သူတွေကတောင် သတ်မှတ်ထားကြပြီး အသက် (၂၀) မှာ ပြသနေတဲ့ ဆန်ချို ရဲ့ ခြေစွမ်း က ကမ္ဘာ့ဘောလူံး ဇာတ်မြင့်ပေါ်မှာ ကြယ်တစ်ပွင့်အဖြစ် သက်သေပြခဲ့ပြီးပြီလည်းဖြစ်ပါတယ်။ ယူနိုက်တဒ်အနေနဲ့ဆန်ချိုအတွက် ယူရိုသန်း၁၂၀ တန်အပြောင်းရွှေ့ကို ဒေါ့မွန်အသင်းနဲ့ညှိနှိုင်းရာမှာ အခက်ခဲတချို့ရှိနေပြီးအပြောင်းရွှေ့ကကြ့န်ကြာလျက်ရှိနေပါတယ်။

ရီယိုက”ဆန်ချိုက သိပ်ကိုအံဩဖို့ကောင်းပါတယ်။သူ့ကိုသာအသင်းမှာပေါင်းထည့်နိုင်ခဲ့ရင် သိပ်ကိုတန်ဖိုးမြင့်တဲ့ ထည့်ပေါင်းမှု့ဖြစ်လာပါလိမ့်မယ်။မန်ယူနိုက်တဒ်အတွက် ပထမလူစာရင်းကို ဖိအားပေးမယ့်ကစားသမားမျိုး လိုအပ်နေပြီးဆန်ချိုက ပထမအသင်းက ကစားသမားအချို့ကိုအရံခုံပေါ်ပို့နိုင်ပါတယ်။မန်ယူနိုက်တဒ်ရဲ့အောင်မြင်ခဲ့တဲ့ကာလအပိုင်းအခြားတိုင်းကိုကြည့်မယ်ဆိုရင်နေရာတစ်ခုကိုကစားသမားများစွာက တိုက်ပွဲဝင်နေတာ မြင်ရပါလိမ့်မယ်။ပထမအသင်း က တစ်ယောက်ကိုထုတ်လိုက်ပြီးအရံတစ်ယောက်ပြန်ထည့်လည်း အသင်းအင်အားနဲ့ကစားပုံကမပြောင်းလဲတာမျိုး မြင်ရပါလိမ့်မယ်။”

“ဆိုးလ်ရှားရဲ့အသင်းမှာ တိုက်စစ် အရည်အသွေးမြင့်တဲ့ကစားသမားတွေရှိပြီးသားဖြစ်ပေမယ့် ပိုပြီးထက်မြက်တဲ့တိုက်စစ်စွမ်းရည်မျိုးလိုအပ်နေပါသေးတယ်။အရံအင်အားမှာလည်းပြသနာရှိနေပြီး ဒါကအဓိကအချက်ပါ။ချန်ပီယံလိဂ်ကိုပြန်ရောက်လာပြီဖြစ်လို့ ဆန်ချို က ယူနိုက်တဒ်အတွက် သိပ်ကောင်းတဲ့ပေါင်းထည့်မှု့ဖြစ်လာပါလိမ့်မယ်။ယူနိုက်တဒ် အတွက် ဆန်ချို က ဖလားတွေယှဉ်ပြိုင်ဖို့ ပထမဆုံးစတင်မယ့်ခြေလှမ်းတစ်ခုဖြစ်လာပါလိမ့်မယ်”။ ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *