အချိုမြိန်ဆုံးနိုင်ပွဲအကြောင်း ပြန်ပြောင်းပြောပြတဲ့ သရဲနီဟောင်း ရာဖေးလ်
unicode
ယူနိုက်တဒ်နောက်ခံကစားသမားဟောင်း ရာဖေးလ်ဒါဆေးလ်ဗား က အာဆင်နယ်အသင်းကို ၂၀၁၁ FA ဖလား မှာ ခံစစ်မှုး(၇)ယောက်အသုံးပြုပြီး (၂-ဝ) နဲ့အနိုင်ရခဲ့တဲ့ပွဲကသူ့ဘဝမှာအချိုမြိန်ဆုံးပဲလို့ဆိုပါတယ်။
ရာဖေးလ်က ” ကျနော်တို့ညီနောင်ကအာဆင်နယ်ကိုရောက်ဖို့တောင်နီးစပ်ခဲ့သေးတယ်။ယူနိုက်တဒ်နဲ့စာချုပ်မချုပ်ခင်မှာပဲ အာဆင်နယ် အသင်းကရောက်လာပြီး ကျနော်တို့ကိုခေါ်ယူဖို့ကမ်းလှမ်းခဲ့တာပေါ့။ဒါပေမယ့် ကျနော်တို့ကငြင်းဆိုလိုက်ပြီး ယူနိုက်တဒ်နဲ့ပဲ စာချုပ်ချုပ်ခဲ့တယ်။ ပြောရရင်ကျနော်တို့ရွေးချယ်မှု့ မှန်ခဲ့တယ်ဗျ။ သူတို့နဲ့ကစားခဲ့တဲ့ FAဖလားပွဲကတော့တကယ့်ကိုရူးသွပ်ချင်စရာပဲဗျ။ကျနော်တို့က နေရာအများစုမှာခံစစ်ကစားသမားတွေပဲရှိနေပြီး ရလာဒ်ကောင်းယူခဲ့တာလေ။ဘောစ့်က ခံစစ်ကစားသမား (၇)ယောက်အထိလူစာရင်းမှာထည့်ခဲ့ပြီး ကစားခဲ့ပေမယ့် ဒီပွဲအပေါ်ကျနော်တို့တကယ်ပဲပျော်ရွှင်ခဲ့ကြပါတယ်။”
“ဒီလိုတိုက်စစ်နေရာတွေက ကျနောိတို့ကစားနေကြမဟုတ်ဘူးလေ။ဘောစ့်ကတော့ အဝတ်လဲခန်းမှာ အားလုံးကို ‘မင်းတို့ကိုဒီနေ့တိုက်စစ်ကစားနေတာမြင်ချင်တယ်၊ပွဲကိုပျော်ရွှင်စွာပဲကစားပါလို့’ လို့ ဝင်ပြောသွားသေးတယ်။ကျနော်က ညာခြမ်းမှာ ကစားရပြီး ကျနော့်အကို ဖေဘီယို က ဘယ်ခြမ်းမှာ ကစားခဲ့ရတယ်။ကျနော်တို့ကတောင်ပံတိုက်စစ်ကစားသမားတ်ွမေဟုတ်ဘူးလေ ဒါပေမယ့် ဒီပွဲကိုတော့ တကယ်ကိုပျော်ရွှင်ခဲ့ကြပါတယ်။ကျနာ်တို့ကတိုက်စစ်ကိုပဲ အချိန်ပြည့် ကစားခဲ့ကြပြီး တကယ်လည်း ကောင်းကောင်းလုပ်နိုင်ခဲ့ကြတယ်လေ”။
“မိနစ်အနည်းငယ်အကြာမှာပဲ ကျနော့်အနေနဲ့ဂိုးသွင်းယူနိုင်မယ့်အခွင့်အရေးရခဲ့သေးတယ်။ဖေဘီယို က ဘယ်ခြမ်းကနေ ဖြတ်တင်ပေးခဲ့ပြီး ကျနော်ကအနီးကပ်ခေါင်းတိုက်သွင်းခဲ့တာပေါ့။ဒီအခိုက်တံ့ကကျနော့်အတွက် အကောင်းဆုံး အခိုက်တံ့တစ်ခုပါပဲ။ကျနော်ဂိုးသွင်းခဲ့သင့်တာအသေချာပေါ့။ အနည်းငယ်စိတ်ပျက်မိပေမယ့် ရလာဒ်ကောင်းခဲ့တော့ ပျော်ရွှင်တာ‌အမှန်ပါပဲ။ နောက်အနည်းအငယ်အကြာ‌မှာတော့ ညာခြမ်းကနေဘချီချာရီတို ဆီကို ကျနော်ဖြတ်တင်ပေးခဲ့တယ်။”
“ချီချာ က သူ့ကိုကပ်ထားတဲ့လူကနေ ဝေးကွာသွားတာကိုကျနော်မြင်လိုက်တယ်။ဒီအနေထားက သူ့အတွက်ဂိုးရလိမ့်မယ်ဆိုတာ ကျနော်သိနေတယ်။ ဒါက သူ့ရဲ့ပထမဆုံးရာသီဖြသ်သည့်တိုင်အောင် သူ့ရဲ့ဂိုးသွင်းပုံတွေနဲ့ ဘယ်လိုအနေထားမှာမဆိုဂိုးသွင်းနိုင်တဲ့ သူ့အရည်အချင်းကို ကျနော်တို့ကသိပြီးသားပါ။ပြီးတော့သူကဂိုးသွင်းရတာကို ဟာသတစ်ခုလို လုပ်နေတဲ့သူမျိူးလေ။သူသွင်းခဲ့တဲ့တချို့သွင်းဂိုးတွေက ဟာသလုပ်ပြီးသွင်းခဲ့တယ်ဆိုတာကျနော်ပြောရဲတယ် ဘာလို့ဆို ဒီလိုဂိုးတွေက လူတိုင်းသွင်းနိုင်တာမျိုးမှမဟုတ်ပဲ။စတုတ်စီးတီးဖက်ကို နောက်ပြန်ခေါင်းတိုက်ပြီးဂိုးသွင်းခဲ့တာမျိုးပေါ့။”
“ဘယ်သူကထင်မှာလည်း။တကယ့်အမိုက်စားဂိုးပဲလေ။ချီချာက ဂိုးတွေသွင်းဖို့ဆိုရင်အမြဲဆာလောင်နေပြီး ဂိုးသွင်းဖို့ပဲ ရူးသွပ်နေတဲ့ ကစားသမားပါ။ဘယ်နေရာကပဲရှိနေပါစေသူကဂိုးသွင်းယူနိုင်ပါတယ်။ ဒီပွဲမှာ ကျနော်ဘအကိုကဂိုးသွင်းခဲ့တယ်။ကျနော်က ဖန်တီးမှု့တစ်ခုလောက်ရခဲ့တယ်။ကျနော့်အကိုအတွက် အဲ့နေ့ညမှာအောင်ပွဲခံခဲ့ကြတယ်။ကျနော်တို့အာဆင်နယ်ကို ခံစစ်သမား (၇)ယောက်နဲ့အနိုင်ယူပြီး ဆီမီးဖိုင်နယိ ကိုတက်ရောက်သွားခဲ့ပြီ။တကယ့်ကို အမိုက်စားခံစားမှု့ပါပဲ။ စကားလုံးတစ်လုံးထဲနဲ့ပြောရရင် ပြီးပြည့်စူံတဲ့ ညတစ်ညလို့ပြောရပါလိမ့်မယ်”။ ဟု ပြန်လည်ပြောပြခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *