ဆိုးလ္ရွားရဲ႕ေျမလွန္စီမံကိန္း

အဲဗာတန္ကို (၀-၄) နဲ႔ဂိုးျပတ္ရႈံးနိမ့္ၿပီးေနာက္ ဆိူးလ္ရွားက ဒီအသင္းရဲ႕ ကစားသမားအေတာ္မ်ားမ်ားကို ေနာက္ရာသီမွာေတြ႕ရမွာမဟုတ္ဘူးလို႔ ဆိုၿပီးတဲ့ေနာက္ ေႏြရာသီနအေျပာင္းေ႐ႊ႕ႏွစ္ခုနဲ႔ေဆာင္းရာသီအေျပာင္းေ႐ႊ႕တစ္ခုအၿပီးမွာေတာ့ ဆိုးလ္ရွားက ကတိစကားအတိုင္းပဲအသင္းကိုေျမလွန္ေျပာင္းလဲခဲ့ပါၿပီ။ ဆိုးလ္ရွားကိုင္တြယ္စဥ္က အသက္အ႐ြယ္ႀကီးျမင့္ၿပီး ေျခစြမ္းက်ဆင္းေနတဲ့ ကစားသမားအမ်ားစုသာရွိတဲ့ အသင္းကို ယခုခ်ိန္မွာေတာ့ ဥေရာပရဲ႕အသက္အငယ္ဆုံးနဲ႔အေကာင္းတိုက္စစ္ပိုင္ဆိုင္ထားတဲ့အသင္းအျဖစ္ကို ျပန္ၿပီး ပုံေဖာ္ႏိုင္ခဲ့ပါၿပီ။

ဆိုးလ္ရွား ရဲ႕အသင္းဟာ ဖယ္လိုင္နီ၊ဒါမီယံ၊အက္ရွေလယန္း၊ဆန္းခ်က္ဇ္၊လူကာကူ၊ဟာရဲရား တို႔ကိုထုတ္ပယ္ထားသလို ႐ိုဂ်ိဳ၊ဂ်ဳံစ္း၊စေမာလင္း၊ပါရဲရား၊လင္ဂါဒ့္၊မာတာ တို႔ကိုလည္းေရာင္းခ်ဖို႔ျပင္ဆင္ေနပါတယ္။ ယူႏိုက္တဒ္အတြင္းသတင္းတခ်ိဳ႕အရ ဟာရဲရား ကို ထိန္းထားလို႔ ေပမယ့္တစ္ပတ္လုပ္ခေပါင္၃သိန္းအထိေတာင္းဆိုတာေၾကာင့္ ထြက္ခြင့္ေပးဖို႔  ဆုံးျဖတ္ခဲ့ၾကတယ္လို႔ဆိုပါတယ္။ဆိုးလ္ရွားက အသင္းကိူေငြေၾကးေၾကာင့္လာကစားတာမ်ိဳးအလိူမရွိတာကို ဒိုင္ဘာလား၊အဲရခ္ဆင္ တို႔ကိုမေခၚယူပဲ သက္ေသျပခဲ့သလို အသင္းအတြက္ေပးဆပ္ကစားဖို႔စိတ္ဆႏၵရွိေနရင္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ေခၚယူဖို႔လည္းဝန္မေလးတတ္ေၾကာင္း ျပသခဲ့ၿပီးျဖစ္ပါတယ္။

ဆိုးလ္ရွားရဲ႕အသင္းဟာ တိုက္စစ္မွာ ဆန္ခ်ိဳ၊မာစီရယ္၊မားကပ္စ္ရရွ္ဖိုဒ့္၊ေမဆင္ဂရင္းဝုဒ္ ဆိုတဲ့ အနာဂတ္မွာ အလင္းလက္ဆုံးေတာက္ပမယ့္ၾကယ္ပြင့္ေတြကိုပိုင္ဆိုင္ထားသလို ဘ႐ူႏိုဖာနန္ဒက္စ္ နဲ႔ ေပါဂ့္ဘာ လို ကမာၻ႔အဆင့္မွီ ကြင္းလယ္လူနဲ႔ ဘစ္ဆာကာ၊လင္ဒီေလာဖ့္၊မက္ဂြိဳင္းယား၊ဒေဟးယားတို႔လို ကမာၻ႔အဆင့္ ကစားသမားေတြကို စုေဝးထားႏိုင္ပါၿပီ။အရံအင္အားမွာအနည္းငယ္ ျဖည့္တင္းဖိုလိုအပ္ေနေသးတာေၾကာင့္ လာမယ့္ရာသီအတြက္ ခံစစ္ကိုျဖည့္တင္းၿပီး ကြင္းလယ္ကိုအရံအဆင့္ကစားသမားတစ္ေယာက္ေခၚယူႏိုင္ခဲ့ရင္ေတာင္ဆိုးလ္ရွားရဲ႕ေျမလွန္စီမံကိန္းကအျပည့္အဝ‌ၿပီးေျမာက္သြားမွာျဖစ္ၿပီး ‌ဖလားေအာင္ျမင္မႈ႕ဆီေလွ်ာက္လွမ္းႏိုင္မလားဆိုတာစိတ္ဝင္စားဖို႔ေကာင္းေနပါတယ္။

unicode

အဲဗာတန်ကို (ဝ-၄) နဲ့ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ဆိူးလ်ရှားက ဒီအသင်းရဲ့ ကစားသမားအတော်များများကို နောက်ရာသီမှာတွေ့ရမှာမဟုတ်ဘူးလို့ ဆိုပြီးတဲ့နောက် နွေရာသီနအပြောင်းရွှေ့နှစ်ခုနဲ့ဆောင်းရာသီအပြောင်းရွှေ့တစ်ခုအပြီးမှာတော့ ဆိုးလ်ရှားက ကတိစကားအတိုင်းပဲအသင်းကိုမြေလှန်ပြောင်းလဲခဲ့ပါပြီ။ ဆိုးလ်ရှားကိုင်တွယ်စဉ်က အသက်အရွယ်ကြီးမြင့်ပြီး ခြေစွမ်းကျဆင်းနေတဲ့ ကစားသမားအများစုသာရှိတဲ့ အသင်းကို ယခုချိန်မှာတော့ ဥရောပရဲ့အသက်အငယ်ဆုံးနဲ့အကောင်းတိုက်စစ်ပိုင်ဆိုင်ထားတဲ့အသင်းအဖြစ်ကို ပြန်ပြီး ပုံဖော်နိုင်ခဲ့ပါပြီ။

ဆိုးလ်ရှား ရဲ့အသင်းဟာ ဖယ်လိုင်နီ၊ဒါမီယံ၊အက်ရှလေယန်း၊ဆန်းချက်ဇ်၊လူကာကူ၊ဟာရဲရား တို့ကိုထုတ်ပယ်ထားသလို ရိုဂျို၊ဂျုံစ်း၊စမောလင်း၊ပါရဲရား၊လင်ဂါဒ့်၊မာတာ တို့ကိုလည်းရောင်းချဖို့ပြင်ဆင်နေပါတယ်။ ယူနိုက်တဒ်အတွင်းသတင်းတချို့အရ ဟာရဲရား ကို ထိန်းထားလို့ ပေမယ့်တစ်ပတ်လုပ်ခပေါင်၃သိန်းအထိတောင်းဆိုတာကြောင့် ထွက်ခွင့်ပေးဖို့  ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါတယ်။ဆိုးလ်ရှားက အသင်းကိူငွေကြေးကြောင့်လာကစားတာမျိုးအလိူမရှိတာကို ဒိုင်ဘာလား၊အဲရခ်ဆင် တို့ကိုမခေါ်ယူပဲ သက်သေပြခဲ့သလို အသင်းအတွက်ပေးဆပ်ကစားဖို့စိတ်ဆန္ဒရှိနေရင် စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့လည်းဝန်မလေးတတ်ကြောင်း ပြသခဲ့ပြီးဖြစ်ပါတယ်။

ဆိုးလ်ရှားရဲ့အသင်းဟာ တိုက်စစ်မှာ ဆန်ချို၊မာစီရယ်၊မားကပ်စ်ရရှ်ဖိုဒ့်၊မေဆင်ဂရင်းဝုဒ် ဆိုတဲ့ အနာဂတ်မှာ အလင်းလက်ဆုံးတောက်ပမယ့်ကြယ်ပွင့်တွေကိုပိုင်ဆိုင်ထားသလို ဘရူနိုဖာနန်ဒက်စ် နဲ့ ပေါဂ့်ဘာ လို ကမ္ဘာ့အဆင့်မှီ ကွင်းလယ်လူနဲ့ ဘစ်ဆာကာ၊လင်ဒီလောဖ့်၊မက်ဂွိုင်းယား၊ဒဟေးယားတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို စုဝေးထားနိုင်ပါပြီ။အရံအင်အားမှာအနည်းငယ် ဖြည့်တင်းဖိုလိုအပ်နေသေးတာကြောင့် လာမယ့်ရာသီအတွက် ခံစစ်ကိုဖြည့်တင်းပြီး ကွင်းလယ်ကိုအရံအဆင့်ကစားသမားတစ်ယောက်ခေါ်ယူနိုင်ခဲ့ရင်တောင်ဆိုးလ်ရှားရဲ့မြေလှန်စီမံကိန်းကအပြည့်အဝ‌ပြီးမြောက်သွားမှာဖြစ်ပြီး ‌ဖလားအောင်မြင်မှု့ဆီလျှောက်လှမ်းနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *