ဆုိးလ္ရွားကုိထုတ္ပယ္ပါက ယူႏုိက္တက္တုိ႔ေလ်ာ္ေၾကးဘယ္ေလာက္ေပးရမွာလဲ ?

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ရလဒ္ေတြဆိုး႐ြားေနတဲ့ နည္းျပအိုလီဂန္နာဆိုးလ္ရွားကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ေပါင္ ၇ သန္းဝန္းက်င္ ေလ်ာ္ေၾကးအေနနဲ႔ ေပးေခ်ရလိမ့္မယ္လို႔ Metro သတင္းဌာန ရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

ဆိုးလ္ရွားဟာ ပထမဆုံးပြဲဦးထြက္ရာသီျပည့္ကိုင္တြယ္တဲ့ရာသီအစမွာပဲ ဆိုး႐ြားတဲ့ရာသီအစကို ရင္ဆိုင္ေနရသူျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၈ ပြဲမွာ ၂ ပြဲသာ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ထားႏိုင္ခဲ့ေပမယ့္ အိုးထရက္ဖို႔ဒ္မွာ ဆက္ရွိေနဖို႔အတြက္ တိုက္ပြဲဝင္ေနသူျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တနဂၤေႏြေန႔က နယူးကာဆယ္အသင္းကို ၁ ဂိုး ဂိုးမရွိနဲ႔ ရႈံးနိမ့္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နယူးကာဆယ္ဂိုးေပါက္ကို ၃ ႀကိမ္သာ ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းအတြက္ ႏွစ္ေပါင္း ၃၀ အတြင္း အဆိုးဆုံးရာသီအစျဖစ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ဆိုးလ္ရွားဟာ ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ ကစားရမယ့္ လီဗာပူးနဲ႔ပြဲစဥ္မွာ မရႈမလွရႈံးနိမ့္ခဲ့မယ္ဆိုရင္ ရာထူးကေန ထုတ္ပယ္ခံရမွာကို စိုးရိမ္ေနတယ္လို႔ သိရပါတယ္။

ယူူႏိုက္တက္ CEO အက္ဒ္ဝုဒ္ဝဒ္ဟာ ၿပီးခဲ့တဲ့စက္တင္ဘာလမွာ အသင္းရဲ႕ စံခ်ိန္တင္ဝင္ေငြပိုင္ဆိုင္မႈ ေပါင္ ၆၂၇ သန္းရွိေၾကာင္း ေၾကညာခဲ့ၿပီး ယင္းပမာဏဟာ နည္းျပေမာ္ရင္ဟိုကို ထုတ္ပယ္ခဲ့တဲ့အတြက္ ေပးေခ်ခဲ့ရတဲ့ ေပါင္ ၁၉.၆ သန္း ပါဝင္ၿပီးျဖစ္တယ္လို႔ သိရပါတယ္။ ဆိုးလ္ရွားဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းမွာ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆ သန္း ရရွိေနသူျဖစ္ၿပီး နည္းျပေမာ္ရင္ဟိုရဲ႕ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၁၅ သန္းနဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၂ ဆေက်ာ္ နည္းပါးၿပီး ရရွိေနသူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဆိုးလ္ရွားကို နည္းျပရာထူးကေန ထုတ္ပယ္ဖို႔ ဆုံးျဖတ္လိုက္မယ္ဆိုရင္ေတာ့ တစ္ႏွစ္လုပ္ခလစာ ေပါင္ ၆ သန္းေက်ာ္ဝန္းက်င္ ေပးေခ်ရမယ္လို႔ သိရၿပီး ဆိုးလ္ရွားသာ ရာထူးကေန ထုတ္ပယ္ခံရရင္ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕လက္ေထာက္ေဟာင္း မိုက္ဖီလန္လည္း ဆိုးလ္ရွားနဲ႔အတူ နည္းျပအဖြဲ႕ကေန လိုက္ထြက္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

ဒါေပမယ့္ အျခားနည္းျပအဖြဲ႕ဝင္ေတြျဖစ္တဲ့ မိုက္ကယ္ကားရစ္၊ ကီရန္မက္ကန္နာတို႔လည္း နည္းျပအဖြဲ႕ဝင္ရာထူးကေန ထုတ္ပယ္ခံရမလား၊ ဆက္လက္ရွိေနဦးမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္သြားရမွာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပေါင် ၇ သန်းဝန်းကျင် လျော်ကြေးအနေနဲ့ ပေးချေရလိမ့်မယ်လို့ Metro သတင်းဌာန ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဆိုးလ်ရှားဟာ ပထမဆုံးပွဲဦးထွက်ရာသီပြည့်ကိုင်တွယ်တဲ့ရာသီအစမှာပဲ ဆိုးရွားတဲ့ရာသီအစကို ရင်ဆိုင်နေရသူဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပေမယ့် အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့အတွက် တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်ဂိုးပေါက်ကို ၃ ကြိမ်သာ ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းအတွက် နှစ်ပေါင်း ၃၀ အတွင်း အဆိုးဆုံးရာသီအစဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဆိုးလ်ရှားဟာ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကစားရမယ့် လီဗာပူးနဲ့ပွဲစဉ်မှာ မရှုမလှရှုံးနိမ့်ခဲ့မယ်ဆိုရင် ရာထူးကနေ ထုတ်ပယ်ခံရမှာကို စိုးရိမ်နေတယ်လို့ သိရပါတယ်။

ယူူနိုက်တက် CEO အက်ဒ်ဝုဒ်ဝဒ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလမှာ အသင်းရဲ့ စံချိန်တင်ဝင်ငွေပိုင်ဆိုင်မှု ပေါင် ၆၂၇ သန်းရှိကြောင်း ကြေညာခဲ့ပြီး ယင်းပမာဏဟာ နည်းပြမော်ရင်ဟိုကို ထုတ်ပယ်ခဲ့တဲ့အတွက် ပေးချေခဲ့ရတဲ့ ပေါင် ၁၉.၆ သန်း ပါဝင်ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဆိုးလ်ရှားဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၆ သန်း ရရှိနေသူဖြစ်ပြီး နည်းပြမော်ရင်ဟိုရဲ့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၅ သန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂ ဆကျော် နည်းပါးပြီး ရရှိနေသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဆိုးလ်ရှားကို နည်းပြရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင်တော့ တစ်နှစ်လုပ်ခလစာ ပေါင် ၆ သန်းကျော်ဝန်းကျင် ပေးချေရမယ်လို့ သိရပြီး ဆိုးလ်ရှားသာ ရာထူးကနေ ထုတ်ပယ်ခံရရင် ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်ထောက်ဟောင်း မိုက်ဖီလန်လည်း ဆိုးလ်ရှားနဲ့အတူ နည်းပြအဖွဲ့ကနေ လိုက်ထွက်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမယ့် အခြားနည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ မိုက်ကယ်ကားရစ်၊ ကီရန်မက်ကန်နာတို့လည်း နည်းပြအဖွဲ့ဝင်ရာထူးကနေ ထုတ်ပယ်ခံရမလား၊ ဆက်လက်ရှိနေဦးမလားဆိုတာကိုတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *