နံနက္ခင္း ယူႏုိက္တက္ သတင္းတုိမ်ား

ယူႏုိက္တက္ဟာ နည္းျပဆုိးလ္ရွားရဲ႕အနာဂတ္ဘယ္လုိပဲ ျဖစ္ျဖစ္ ၀က္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ရုိက္နဲ႔ နာပုိလီခံစစ္မႈး ကူလီဘာလီတုိ႔ကုိ ေခၚယူဖုိ႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

ဂိုးသမား Tom Heaton ဒဏ္ရာ ရေသာေၾကာင့္ အဂၤလန္လက္ေရြးစင္အသင္းသည္ ယင္းေနရာကို ယူႏုိက္တက္အသင္းမွ အငွါးသြားေရာက္ကစားေနသည့္ ဒန္ဟန္ဒါဆန္ျဖင့္အစားထိုးခဲ့သည္။ ဒန္ဟန္ဒါဆန္သည္ အဂၤလန္လက္ေရြးစင္အသင္းတြင္ပထမဆုံးအႀကိမ္ျဖင့္ေခၚယူျခင္းခံရသည္။

ယူႏုိက္တက္အသင္းတြင္ တစ္ႏွစ္ခြဲၾကာကစားခဲ့ဖူးသည့္ ဂ်ာမနီကြင္းလယ္လူ ႐ွဝိုင္စတုိင္ဂါသည္ယခုႏွစ္ေဘာလုံးရာသီကုန္ဆုံးခ်ိန္၌ ကစားသမားဘဝမွအနားယူေတာ့မည္ျဖစ္ေၾကာင္း ေၾကညာသြားခဲ့သည္။

ယူႏိုက္တက္အသင္း၏ေနာက္ခံလူ ဒါေလာ့သည္ နယူကာဆယ္ႏွင့္ပြဲစဥ္ကရရိွခဲ့သည့္ ဒဏ္ရာေၾကာင့္ယင္းကိုေရြးခ်ယ္ထားသည့္ ေပၚတူဂီ U-21 အသင္းမွႏႈတ္ထြက္သြားခဲ့သည္။

အာဂ်င္တီးနားတုိက္စစ္မႈး ဒီဘာလာကေတာ့ ယူႏုိက္တက္နဲ႔ ပရီးမီးယားလိဂ္ေတြက ခ်ိတ္ဆက္မႈေတြ ရွိေနခဲ့ေသာ္လည္း သူ႔အေနနဲ႔ ဂ်ဴဗင္တပ္က ဘယ္ေတာ့မွ ထြက္ခြာလုိျခင္းမရွိေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။

မတ္လ (၁၀ ) ေန႔ေနာက္ပုိင္းတြင္း ယူႏုိက္တက္အသင္းဟာ ပရီးမီးယားလိဂ္ ရမွတ္ (၁၇) မွတ္သာ စုးေဆာင္ႏုိင္ခဲ့တဲ့ အခ်ိန္တြင္ လီဗာပူလး္ အသင္းကေတာ့ (၁၇) ပြဲ အႏုိင္ရရွိထားေၾကာင္း သိရပါတယ္။

ယူႏုိက္တက္ ေနာက္ခံလူ မက္ဂြိဳင္ယားကေတာ့ ယူႏုိက္တက္အသင္း္က လုံေလာက္တဲ့ေကာင္းမြန္မႈမ်ိဳးမရွိေၾကာင္းႏွင့္ အတူတကြ စုစုစည္းစည္ျဖစ္ဖုိ႔ လုိေၾကာင္း ၄င္းရဲ႕တြစ္တာမွာ ေရးသားထားခဲ့ပါတယ္။

Unicode

ယူနိုက်တက်ဟာ နည်းပြဆိုးလ်ရှားရဲ့အနာဂတ်ဘယ်လိုပဲ ဖြစ်ဖြစ် ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်နဲ့ နာပိုလီခံစစ်မှုး ကူလီဘာလီတို့ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဂိုးသမား Tom Heaton ဒဏ်ရာ ရသောကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းသည် ယင်းနေရာကို ယူနိုက်တက်အသင်းမှ အငှါးသွားရောက်ကစားနေသည့် ဒန်ဟန်ဒါဆန်ဖြင့်အစားထိုးခဲ့သည်။ ဒန်ဟန်ဒါဆန်သည် အင်္ဂလန်လက်ရွေးစင်အသင်းတွင်ပထမဆုံးအကြိမ်ဖြင့်ခေါ်ယူခြင်းခံရသည်။

ယူနိုက်တက်အသင်းတွင် တစ်နှစ်ခွဲကြာကစားခဲ့ဖူးသည့် ဂျာမနီကွင်းလယ်လူ ရှဝိုင်စတိုင်ဂါသည်ယခုနှစ်ဘောလုံးရာသီကုန်ဆုံးချိန်၌ ကစားသမားဘဝမှအနားယူတော့မည်ဖြစ်ကြောင်း ကြေညာသွားခဲ့သည်။

ယူနိုက်တက်အသင်း၏နောက်ခံလူ ဒါလော့သည် နယူကာဆယ်နှင့်ပွဲစဉ်ကရရှိခဲ့သည့် ဒဏ်ရာကြောင့်ယင်းကိုရွေးချယ်ထားသည့် ပေါ်တူဂီ U-21 အသင်းမှနှုတ်ထွက်သွားခဲ့သည်။

အာဂျင်တီးနားတိုက်စစ်မှုး ဒီဘာလာကတော့ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်တွေက ချိတ်ဆက်မှုတွေ ရှိနေခဲ့သော်လည်း သူ့အနေနဲ့ ဂျူဗင်တပ်က ဘယ်တော့မှ ထွက်ခွာလိုခြင်းမရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။

မတ်လ (၁၀ ) နေ့နောက်ပိုင်းတွင်း ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ရမှတ် (၁၇) မှတ်သာ စုးဆောင်နိုင်ခဲ့တဲ့ အချိန်တွင် လီဗာပူလ်း အသင်းကတော့ (၁၇) ပွဲ အနိုင်ရရှိထားကြောင်း သိရပါတယ်။

ယူနိုက်တက် နောက်ခံလူ မက်ဂွိုင်ယားကတော့ ယူနိုက်တက်အသင်းက လုံလောက်တဲ့ကောင်းမွန်မှုမျိုးမရှိကြောင်းနှင့် အတူတကွ စုစုစည်းစည်ဖြစ်ဖို့ လိုကြောင်း ၎င်းရဲ့တွစ်တာမှာ ရေးသားထားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *