ေျပာင္းလဲမႈမ်ားနဲ႔ ပရီးမီးယားလိဂ္ရာသီသစ္

ကိုဗစ္ -၁၉ ေၾကာင့္ ရာသီဝက္ကာလမွာ ယာယီရပ္နားခဲ့ၿပီး ကာလတိုအတြင္း လက္က်န္ပြဲေတြ ျဖတ္ခဲ့ရတဲ့ လိဂ္ပြဲစဥ္ေတြက‌ ၿပီးဆုံးၿပီး ငါးပတ္ေက်ာ္အၾကာ စက္တင္ဘာ ၁၂ ရက္ေန႔ မွာ ျပန္လည္စတင္ၾကမွာလည္းျဖစ္ပါတယ္။ပရီးမီးယားလိဂ္ ဟာ စက္တင္ဘာ ၁၂ မွာျပန္လည္စတင္ဖို႔ သေဘာတူညီခ်က္ရယူခဲ့ၿပီး ဥေရာပဝင္ခြင့္ယွဥ္ၿပိဳင္ေနတဲ့အသင္းေတြကိုေတာ့ ဗိုလ္လုပြဲထိတက္ေရာက္ႏိုင္ခဲ့ရင္ ႏွစ္ပတ္ ပိုမိုအနားေပးဖို႔စီစဥ္ထားပါတယ္။ လက္ရွိပရီးမီးယားလိဂ္မွာ ဥေရာပၿပိဳင္ပြဲယွဥ္ၿပိဳင္ေနတာက မန္ခ်က္စတာအေျခစိုက္ ႏွစ္သင္းသာက်န္ရွိၿပီး မန္ယူႏိုက္တဒ္ကေတာ့ ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ တက္ေရာက္ႏိုင္ေခ်မ်ားေနပါတယ္။

ယူႏိုက္တဒ္သာ ဗိုလ္လုပြဲတက္ေရာက္ႏိုင္ခဲ့ရင္ ပုံမွန္လိဂ္ျပန္စမယ့္ စက္တင္ဘာလ ၁၂ ရက္ေန႔အထိ စုစုေပါင္းနားရက္ ၂၁ရက္သာရရွိမွာျဖစ္သလို လိဂ္ျပန္မစခင္ ေလ့က်င့္ေရးလုပ္ငန္းစဥ္ေတြလည္း ရွိေသးတာေၾကာင့္ ယူႏိုက္တဒ္ကစားသမားေတြအတြက္ သာမန္ထက္ပိုမိုၿပီးအနားယူဖို႔လိုအပ္ေနတာလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ဟာ ပြဲစဥ္ေ႐ြးဆြဲထားမႈ႕ကိုေဖာ္ျပခဲ့ၿပီး ယခုရာသီမွာ လိဂ္ကိုေနာက္ဆုတ္က်င္းပခဲ့ရေပမယ့္ အဆုံးသတ္ကိုေတာ့ ပုံမွန္ ေမလမွာပဲ ႐ုတ္သိမ္းမွာျဖစ္တာေၾကာင့္ ယခုရာသီမွာ ေပးခဲ့တဲ့ ေဆာင္းရာသီအားလပ္ရက္ ၁၄ ရက္ကိုေတာ့ ရရွိေတာ့မွာမဟုတ္ပါဘူး။

လိဂ္ဖလားၿပိဳင္ပြဲေတြမွာလည္း အဆင့္ ၆အတြင္းကအသင္းေတြအေနနဲ႔ ဥေရာပ ၿပိဳင္ပြဲကစားရမွာျဖစ္တာေၾကာင့္ ကာရာေဘာင္ ဖလားဝင္ေရာက္ခြင့္ကိုကန႔္သတ္သြားဖြယ္ရွိေနၿပီး သက္တမ္းရင့္FA ဖလားၿပိဳင္ပြဲကိုလည္း တစ္ေက်ာ့သာယွဥ္ၿပိဳင္ေစေတာ့မွာျဖစ္ပါတယ္။ FA ဖလားၿပိဳင္ပြဲဟာသေရက်ခဲ့ရင္ ‌ေနာက္တစ္ေက်ာ့ျပန္ကန္ရတဲ့အစဥ္လာရွိေပမယ့္ လာမယ့္ရာသီမွာေတာ့ မိနစ္၉၀ အတြင္းသေရက်ခဲ့ရင္ အခ်ိန္ပိုနဲ႔ ပယ္နတီအဆုံးျဖတ္ရယူပါလိမ့္မယ္။ကာရာေဘာင္ဖလား မွာလည္း တစ္ေက်ာ့သာယွဥ္ၿပိဳင္ေစမွာျဖစ္ၿပီး ကစားသမားေတြအတြက္ အသက္သာဆုံးျဖစ္မယ့္နည္းလမ္းေတြကိုထပ္မံရွာေဖြသြားမယ္လို႔ဆိုပါတယ္။ ယခုရာသီလိဂ္ျပန္စခ်ိန္မွာ အသုံးျပဳခဲ့တဲ့ ငါးေယာက္လူစားလဲထိုးခြင့္ကိုေတာ့ပယ္ဖ်တ္ခဲ့ပါတယ္။

unicode

ကိုဗစ် -၁၉ ကြောင့် ရာသီဝက်ကာလမှာ ယာယီရပ်နားခဲ့ပြီး ကာလတိုအတွင်း လက်ကျန်ပွဲတွေ ဖြတ်ခဲ့ရတဲ့ လိဂ်ပွဲစဉ်တွေက‌ ပြီးဆုံးပြီး ငါးပတ်ကျော်အကြာ စက်တင်ဘာ ၁၂ ရက်နေ့ မှာ ပြန်လည်စတင်ကြမှာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ် ဟာ စက်တင်ဘာ ၁၂ မှာပြန်လည်စတင်ဖို့ သဘောတူညီချက်ရယူခဲ့ပြီး ဥရောပဝင်ခွင့်ယှဉ်ပြိုင်နေတဲ့အသင်းတွေကိုတော့ ဗိုလ်လုပွဲထိတက်ရောက်နိုင်ခဲ့ရင် နှစ်ပတ် ပိုမိုအနားပေးဖို့စီစဉ်ထားပါတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ ဥရောပပြိုင်ပွဲယှဉ်ပြိုင်နေတာက မန်ချက်စတာအခြေစိုက် နှစ်သင်းသာကျန်ရှိပြီး မန်ယူနိုက်တဒ်ကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ချေများနေပါတယ်။

ယူနိုက်တဒ်သာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ရင် ပုံမှန်လိဂ်ပြန်စမယ့် စက်တင်ဘာလ ၁၂ ရက်နေ့အထိ စုစုပေါင်းနားရက် ၂၁ရက်သာရရှိမှာဖြစ်သလို လိဂ်ပြန်မစခင် လေ့ကျင့်ရေးလုပ်ငန်းစဉ်တွေလည်း ရှိသေးတာကြောင့် ယူနိုက်တဒ်ကစားသမားတွေအတွက် သာမန်ထက်ပိုမိုပြီးအနားယူဖို့လိုအပ်နေတာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဟာ ပွဲစဉ်ရွေးဆွဲထားမှု့ကိုဖော်ပြခဲ့ပြီး ယခုရာသီမှာ လိဂ်ကိုနောက်ဆုတ်ကျင်းပခဲ့ရပေမယ့် အဆုံးသတ်ကိုတော့ ပုံမှန် မေလမှာပဲ ရုတ်သိမ်းမှာဖြစ်တာကြောင့် ယခုရာသီမှာ ပေးခဲ့တဲ့ ဆောင်းရာသီအားလပ်ရက် ၁၄ ရက်ကိုတော့ ရရှိတော့မှာမဟုတ်ပါဘူး။

လိဂ်ဖလားပြိုင်ပွဲတွေမှာလည်း အဆင့် ၆အတွင်းကအသင်းတွေအနေနဲ့ ဥရောပ ပြိုင်ပွဲကစားရမှာဖြစ်တာကြောင့် ကာရာဘောင် ဖလားဝင်ရောက်ခွင့်ကိုကန့်သတ်သွားဖွယ်ရှိနေပြီး သက်တမ်းရင့်FA ဖလားပြိုင်ပွဲကိုလည်း တစ်ကျော့သာယှဉ်ပြိုင်စေတော့မှာဖြစ်ပါတယ်။ FA ဖလားပြိုင်ပွဲဟာသရေကျခဲ့ရင် ‌နောက်တစ်ကျော့ပြန်ကန်ရတဲ့အစဉ်လာရှိပေမယ့် လာမယ့်ရာသီမှာတော့ မိနစ်၉၀ အတွင်းသရေကျခဲ့ရင် အချိန်ပိုနဲ့ ပယ်နတီအဆုံးဖြတ်ရယူပါလိမ့်မယ်။ကာရာဘောင်ဖလား မှာလည်း တစ်ကျော့သာယှဉ်ပြိုင်စေမှာဖြစ်ပြီး ကစားသမားတွေအတွက် အသက်သာဆုံးဖြစ်မယ့်နည်းလမ်းတွေကိုထပ်မံရှာဖွေသွားမယ်လို့ဆိုပါတယ်။ ယခုရာသီလိဂ်ပြန်စချိန်မှာ အသုံးပြုခဲ့တဲ့ ငါးယောက်လူစားလဲထိုးခွင့်ကိုတော့ပယ်ဖျတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *