မက္ဂြိဳင္းယားကို အကူညီေပးဖို႔ လိုအပ္ေနၿပီလို႔ သတိေပးလိုက္တဲ့ ေပါလ္စခိုးလ္

မန္ယူႏိုက္တဒ္ အတြက္ ေနာက္တန္းျပသနာဟာယခုရာသီမွာအေရးတႀကီးေျဖရွင္းစရာမလိုခဲ့သည့္တိုင္ ေနာက္ဆုံး ငါးပြဲအတြင္းထြက္လာတဲ့ ရလာဒ္ အရေတာ့ ျပန္လည္စဥ္းစားဖို႔လိုအပ္ေနပါတယ္။ ဒီရာသီမွာ မက္ဂြိဳင္းယား ရဲ႕ စြမ္းေဆာင္ရည္ေကာငိးေတြနဲ႔အတူ ခံစစ္မွတ္တမ္း ေကာင္းမြန္ေပမယ့္ လင္ဒီေလာဖ့္ရဲ႕ စြမ္းေဆာင္ရည္က တသတ္မတ္ထဲမရွိသလို ဘိုင္ယီ ရဲ႕ ဒဏ္ရာ မွတ္တမ္း က တစ္ရာသီလူံးအားကိုးဖို႔အတြက္က ျပသနာရွိလာႏိုင္ပါတယ္။ ဒါေၾကာင့္လည္း ဂႏၲ၀င္ကြင္းလယ္လူ ေပါလ္စခိုးလ္က ယူႏိုက္တဒ္ အေနနဲ႔ မက္ဂြိဳင္းယား ေဘးမွာ ေဒါင္ေဒါင္ျမည္ ခံစစ္မႈးမ်ိဳး ဝယ္ယူသင့္တယ္လိူ႔အႀကံေပးခဲ့တာလည္းျဖစ္ပါတယ္။

ေပါလ္စခိုးလ္က”က်ေနာ္အခ်ိန္ၾကာျမင့္စြာထဲကေျပာခဲ့သလိုပဲ ဟယ္ရီရဲ႕ေဘးမွာ ပိုၿပီး ႀကံခိုင္တဲ့ ေနာက္ခံလူတစ္ဦးလိုအပ္ေနပါတယ္။ လင္ဒီေလာဖ့္ က မက္ဂြိဳင္းယားအတြက္ သင့္ေတာ္တဲ့ တြဲဖက္ဟုတ္ရဲ႕လားဆိုတာ မေသခ်ာပါဘူး။က်ေတာ့္အထင္ မက္ဂြိဳင္းယားရဲ႕ေဘးမွာ ပိုၿပီးမာေၾကာတဲ့ ခံစစ္မႈးတစ္ေယာက္ရွိဖို႔ လိုအပ္ေနပါတယ္။ခံစစ္အေနနဲ႔ေျပာရရင္ အစြန္လူေတြကအဆင္ေျပေနပါတယ္။တိုက္စစ္ပိုင္းအတြက္ ေျပာစရာတခ်ိဳ႕ ရွိေပမယ့္ ခံစစ္ပိုင္းမွာေတာ့ သူတို႔ကအဆင္ေျပေနပါတယ္။”

ၿပီးခဲ့တဲ့ ၁၅ ပြဲ ေလာက္မွာ သူတို႔ခံစစ္ကသိပ္ကိုေကာင္းမြန္ခဲ့ၿပီး လိဂ္အတြင္းအေကာင္းဆုံး ခံစစ္လို႔ေတာင္ေျပာလို႔ရပါတယ္။ဒီေတာ့ သူတို႔အေပၚေတာ့ေလူစားမႈ႕ရွိရမယ္မဟုတ္လား။မက္ဂြိဳင္းယား ရဲ႕ေဘးမွာ မာေက်ာတဲ့ေနာက္ခံလူ လိုအပ္တယ္ဆိုတာေတာ့အမွန္ပါပဲ။မက္ဂြိဳင္းယား ရဲ႕ အားနည္းခ်က္နဲ႔ ဟာကြက္ေတြကို ထပ္တူျဖည့္ဆည္းႏိုင္မယ့္ ကစားသမားမ်ိဳး ယူႏိုက္တဒိအေနနဲ႔ရွာေဖြရပါလိမ့္မယ္။”လို႔‌ဆိုပါတယ္။ယခုရာသီမွာ ဥေရာပအဆင့္ ခံစစ္မွတ္တမ္းကို ပိုငိဆိုင္ထားသည့္တိုင္ ယူႏိုက္တဒ္ရဲ႕ေနာက္ဆူံး ကစားထားတဲ့ (၁၀)ပြဲမွာ (၁၁)ဂိုးအထိခြင့္ျပဳထားရၿပီး ဆီမီးဖိုင္နယ္ ႏွစ္ႀကိမ္ကေန လွည့္ျပန္ခဲ့ရတာေၾကာင့္ ယူႏိုက္တဒ္ အတြက္ ခံစစ္ျပသနာဟာ ယခုေႏြရာသီမွာ ေျဖရွင္းဖို႔လိုအပ္ေနၿပီလည္းျဖစ္ပါတယ္။

unicode

မန်ယူနိုက်တဒ် အတွက် နောက်တန်းပြသနာဟာယခုရာသီမှာအရေးတကြီးဖြေရှင်းစရာမလိုခဲ့သည့်တိုင် နောက်ဆုံး ငါးပွဲအတွင်းထွက်လာတဲ့ ရလာဒ် အရတော့ ပြန်လည်စဉ်းစားဖို့လိုအပ်နေပါတယ်။ ဒီရာသီမှာ မက်ဂွိုင်းယား ရဲ့ စွမ်းဆောင်ရည်ကောငိးတွေနဲ့အတူ ခံစစ်မှတ်တမ်း ကောင်းမွန်ပေမယ့် လင်ဒီလောဖ့်ရဲ့ စွမ်းဆောင်ရည်က တသတ်မတ်ထဲမရှိသလို ဘိုင်ယီ ရဲ့ ဒဏ်ရာ မှတ်တမ်း က တစ်ရာသီလူံးအားကိုးဖို့အတွက်က ပြသနာရှိလာနိုင်ပါတယ်။ ဒါကြောင့်လည်း ဂန္တဝင်ကွင်းလယ်လူ ပေါလ်စခိုးလ်က ယူနိုက်တဒ် အနေနဲ့ မက်ဂွိုင်းယား ဘေးမှာ ဒေါင်ဒေါင်မြည် ခံစစ်မှုးမျိုး ဝယ်ယူသင့်တယ်လိူ့အကြံပေးခဲ့တာလည်းဖြစ်ပါတယ်။

ပေါလ်စခိုးလ်က”ကျနော်အချိန်ကြာမြင့်စွာထဲကပြောခဲ့သလိုပဲ ဟယ်ရီရဲ့ဘေးမှာ ပိုပြီး ကြံခိုင်တဲ့ နောက်ခံလူတစ်ဦးလိုအပ်နေပါတယ်။ လင်ဒီလောဖ့် က မက်ဂွိုင်းယားအတွက် သင့်တော်တဲ့ တွဲဖက်ဟုတ်ရဲ့လားဆိုတာ မသေချာပါဘူး။ကျတော့်အထင် မက်ဂွိုင်းယားရဲ့ဘေးမှာ ပိုပြီးမာကြောတဲ့ ခံစစ်မှုးတစ်ယောက်ရှိဖို့ လိုအပ်နေပါတယ်။ခံစစ်အနေနဲ့ပြောရရင် အစွန်လူတွေကအဆင်ပြေနေပါတယ်။တိုက်စစ်ပိုင်းအတွက် ပြောစရာတချို့ ရှိပေမယ့် ခံစစ်ပိုင်းမှာတော့ သူတို့ကအဆင်ပြေနေပါတယ်။”

ပြီးခဲ့တဲ့ ၁၅ ပွဲ လောက်မှာ သူတို့ခံစစ်ကသိပ်ကိုကောင်းမွန်ခဲ့ပြီး လိဂ်အတွင်းအကောင်းဆုံး ခံစစ်လို့တောင်ပြောလို့ရပါတယ်။ဒီတော့ သူတို့အပေါ်တော့လေူစားမှု့ရှိရမယ်မဟုတ်လား။မက်ဂွိုင်းယား ရဲ့ဘေးမှာ မာကျောတဲ့နောက်ခံလူ လိုအပ်တယ်ဆိုတာတော့အမှန်ပါပဲ။မက်ဂွိုင်းယား ရဲ့ အားနည်းချက်နဲ့ ဟာကွက်တွေကို ထပ်တူဖြည့်ဆည်းနိုင်မယ့် ကစားသမားမျိုး ယူနိုက်တဒိအနေနဲ့ရှာဖွေရပါလိမ့်မယ်။”လို့‌ဆိုပါတယ်။ယခုရာသီမှာ ဥရောပအဆင့် ခံစစ်မှတ်တမ်းကို ပိုငိဆိုင်ထားသည့်တိုင် ယူနိုက်တဒ်ရဲ့နောက်ဆူံး ကစားထားတဲ့ (၁၀)ပွဲမှာ (၁၁)ဂိုးအထိခွင့်ပြုထားရပြီး ဆီမီးဖိုင်နယ် နှစ်ကြိမ်ကနေ လှည့်ပြန်ခဲ့ရတာကြောင့် ယူနိုက်တဒ် အတွက် ခံစစ်ပြသနာဟာ ယခုနွေရာသီမှာ ဖြေရှင်းဖို့လိုအပ်နေပြီလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *