မာဆင္ဂရင္းဝုဒ္(သို႔) ၾကယ္တစင္းလင္းလက္ျခင္း ပုံျပင္

လူငယ္ကစားသမားတစ္ေယာက္ ပရီးမီးယားလိဂ္ အဆင့္တန္းမွာ ဂဏန္းႏွစ္လုံး အေရတြက္ ရွိတဲ့ ဂိုးရဖို႔ဆိုတာက မျဖစ္ႏိုင္တာေတာ့မဟုတ္ေပမယ့္ ဒီအေျခေနက ဂႏၷဝင္ေတြပဲ လုပ္ျပခဲ့တဲ့ လုပ္ရပ္ဆိုတာေတာ့အေသခ်ာပါပဲ။ လာလီဂါ၊ဘြန္ဒက္စ္လီဂါ၊စီးရီေအ တို႔လို လိဂ္ေတြမွာ သိပ္ေကာင္းပါတယ္ဆိုတဲ့ ကစားသမားေတြေတာင္ ပရီးမီးယားလိဂ္ေရာက္လာရင္ ႐ုန္းကန္ေနရတဲ့ အေျခေနက လူငယ္တစ္ေယာက္အတြက္ ဆိုရင္ ပိုၿပီးေတာ့ ခက္ခဲေစႏိုင္တာအေသခ်ာပါပဲ။

အထူးသျဖင့္ အသက္ (၁၈)ႏွစ္နဲ႔ ပထမဆုံးစနီယာ ကစားသမားဘဝမွာပဲ တစ္ကမာၻလုံးက ေျပာစမွတ္တြင္ေလာက္ေအာင္ လုပ္ဖို႔ဆိုတာကေတာ့ အေတာ္ေလးအလွမ္းေဝးပါတယ္။ ဒါကိုပဲ ေမဆင္ဂရင္းဝုဒ္က လုပ္ျပခဲ့ၿပီး သူဟာ မျဖစ္ႏိုင္ျခင္းေတြကို ျဖစ္ေအာင္လုပ္ျပႏိုင္တဲ့ G.O.A.T လို႔ ဗန္းစကားနဲ႔တင္စားေခၚေဝၚတဲ့ ဂႏၷဝင္ေတြရဲ႕ ေျခရာကိုမွ ထပ္တူ လိုက္နင္းခဲ့တဲ့ သူလည္းျဖစ္တယ္။

ေမဆင္က အခုမွ မျဖစ္ႏိုင္ျခင္းေတြကို လုပ္ျပေနတာေတာ့မဟုတ္။အသက္(၁၆)ႏွစ္နဲ႔ U(18) မွာ ပြဲထြက္ၿပီး ဂိုး (၃၀)ေက်ာ္သြင္းခဲ့ၿပီးၿပီ။ေနာက္တစ္ရာသီမွာ U(18)-(23) ကိူ ကူးလူးကစားေနၿပီ။ ဆိုးလ္ရွားနည္းျပျဖစ္တဲ့ေန႔မွာပဲ ခ်ဲလ္ဆီးလူငယ္ အသင္းကိူ ဟက္ထရစ္ သြင္းၿပီး ယူႏိုက္တဒ္႐ုံးခန္းတံခါးကိူ ဂိုးေတြေပြ႕ပိုက္ၿပီး လာေခါက္ေနၿပီ။ ေမဆင္ အတြက္ဆိုးလ္ရွား ရင္းခဲ့တာေတြကလည္း မနည္းလွတာေတာ့ အေသခ်ာပါပဲ။ ဆန္းခ်က္ဇ္၊လူကာကူ အျပင္ ရာသီဝက္မွာ ဂ်ိမ္စ္း ကိုပါ ေခါက္ၿပီး ေမဆင္ အတြက္ေနရာတစ္ခု သူဖန္တီးေပးခဲ့တယ္။

ဒီရာသီ လိဂ္ (၁၀) ဂိုးရရွိထားၿပီး (၅)ဂိုးက သေရနဲ႔အႏိုင္ဂိုးေတြျဖစ္ေနတာက ေမဆင္ဟာ ပြဲအေျဖေျပာင္းလဲႏိုင္စြမ္းရွိတဲ့ ကစားသမားဆိုတာကိုေဖာ္ျပေနပါတယ္။ အလန္ရွီးယားလို ခ်ီးက်ဴးေလ့မရွိ တဲ့ ကစားသမားကေတာင္သူ႔ရဲ႕ ဂိုးသြင္းအမ်ားဆုံးစံခ်ိန္အတြက္စိတ္ပူမိတယ္လို႔ ဝန္ခံခဲ့တာက ေမဆင္ဂရင္းဝုဒ္ ရဲ႕ ျဖစ္ႏိုင္စြမ္းအေပၚ ခန႔္မွန္းလို႔ရႏိုငိပါတယ္။သူဒီရာသီျဖတ္ခ်ိဳးခဲ့တဲ့ စံခ်ိန္ရွင္ေတြက ေဂ်ာ့ဘတ္စ္၊မက္ကလဲ၊ဝိန္း႐ြန္းနီ၊မိုက္ကယ္အိုဝင္ တို႔ရဲ႕ စံခ်ိန္ေတြ။ သူေက်ာ္ျဖတ္ခဲ့တဲ့ စံခ်ိန္ရွင္ေတြ၊သူ႔ရဲ႕သြင္းဂိုးအဆင့္အတန္း၊ ယူႏိုက္တဒ္ရဲ႕ ကာရင္တန္ထုတ္ အရည္ေသြးျမင့္ထုတ္ကုန္၊ အသင္းတစ္သင္းလုံးနဲ႔နည္းျပရဲ႕အေရးေပးမႈ႕၊ ပင္ကိုယ္ပါရမီ အရာအားလုံးေပါင္းစပ္လိုက္ရင္ ေမဆင္ဂရင္းဝုဒ္ ဟာ လာမယ့္ ဆယ္ရာသီေလာက္အတြင္း အိုးထရဒ့္ဖိုဒ့္ရဲ႕ အလယ္တည့္တည့္ မွာ လင္းလက္မယ့္ ၾကယ္တစ္စင္းမျဖစ္ႏိုင္ဘူး ဘယ္သူေျပာရဲမလဲ?

unicode

လူငယ်ကစားသမားတစ်ယောက် ပရီးမီးယားလိဂ် အဆင့်တန်းမှာ ဂဏန်းနှစ်လုံး အရေတွက် ရှိတဲ့ ဂိုးရဖို့ဆိုတာက မဖြစ်နိုင်တာတော့မဟုတ်ပေမယ့် ဒီအခြေနေက ဂန္နဝင်တွေပဲ လုပ်ပြခဲ့တဲ့ လုပ်ရပ်ဆိုတာတော့အသေချာပါပဲ။ လာလီဂါ၊ဘွန်ဒက်စ်လီဂါ၊စီးရီအေ တို့လို လိဂ်တွေမှာ သိပ်ကောင်းပါတယ်ဆိုတဲ့ ကစားသမားတွေတောင် ပရီးမီးယားလိဂ်ရောက်လာရင် ရုန်းကန်နေရတဲ့ အခြေနေက လူငယ်တစ်ယောက်အတွက် ဆိုရင် ပိုပြီးတော့ ခက်ခဲစေနိုင်တာအသေချာပါပဲ။

အထူးသဖြင့် အသက် (၁၈)နှစ်နဲ့ ပထမဆုံးစနီယာ ကစားသမားဘဝမှာပဲ တစ်ကမ္ဘာလုံးက ပြောစမှတ်တွင်လောက်အောင် လုပ်ဖို့ဆိုတာကတော့ အတော်လေးအလှမ်းဝေးပါတယ်။ ဒါကိုပဲ မေဆင်ဂရင်းဝုဒ်က လုပ်ပြခဲ့ပြီး သူဟာ မဖြစ်နိုင်ခြင်းတွေကို ဖြစ်အောင်လုပ်ပြနိုင်တဲ့ G.O.A.T လို့ ဗန်းစကားနဲ့တင်စားခေါ်ဝေါ်တဲ့ ဂန္နဝင်တွေရဲ့ ခြေရာကိုမှ ထပ်တူ လိုက်နင်းခဲ့တဲ့ သူလည်းဖြစ်တယ်။

မေဆင်က အခုမှ မဖြစ်နိုင်ခြင်းတွေကို လုပ်ပြနေတာတော့မဟုတ်။အသက်(၁၆)နှစ်နဲ့ U(18) မှာ ပွဲထွက်ပြီး ဂိုး (၃၀)ကျော်သွင်းခဲ့ပြီးပြီ။နောက်တစ်ရာသီမှာ U(18)-(23) ကိူ ကူးလူးကစားနေပြီ။ ဆိုးလ်ရှားနည်းပြဖြစ်တဲ့နေ့မှာပဲ ချဲလ်ဆီးလူငယ် အသင်းကိူ ဟက်ထရစ် သွင်းပြီး ယူနိုက်တဒ်ရုံးခန်းတံခါးကိူ ဂိုးတွေပွေ့ပိုက်ပြီး လာခေါက်နေပြီ။ မေဆင် အတွက်ဆိုးလ်ရှား ရင်းခဲ့တာတွေကလည်း မနည်းလှတာတော့ အသေချာပါပဲ။ ဆန်းချက်ဇ်၊လူကာကူ အပြင် ရာသီဝက်မှာ ဂျိမ်စ်း ကိုပါ ခေါက်ပြီး မေဆင် အတွက်နေရာတစ်ခု သူဖန်တီးပေးခဲ့တယ်။

ဒီရာသီ လိဂ် (၁၀) ဂိုးရရှိထားပြီး (၅)ဂိုးက သရေနဲ့အနိုင်ဂိုးတွေဖြစ်နေတာက မေဆင်ဟာ ပွဲအဖြေပြောင်းလဲနိုင်စွမ်းရှိတဲ့ ကစားသမားဆိုတာကိုဖော်ပြနေပါတယ်။ အလန်ရှီးယားလို ချီးကျူးလေ့မရှိ တဲ့ ကစားသမားကတောင်သူ့ရဲ့ ဂိုးသွင်းအများဆုံးစံချိန်အတွက်စိတ်ပူမိတယ်လို့ ဝန်ခံခဲ့တာက မေဆင်ဂရင်းဝုဒ် ရဲ့ ဖြစ်နိုင်စွမ်းအပေါ် ခန့်မှန်းလို့ရနိုငိပါတယ်။သူဒီရာသီဖြတ်ချိုးခဲ့တဲ့ စံချိန်ရှင်တွေက ဂျော့ဘတ်စ်၊မက်ကလဲ၊ဝိန်းရွန်းနီ၊မိုက်ကယ်အိုဝင် တို့ရဲ့ စံချိန်တွေ။ သူကျော်ဖြတ်ခဲ့တဲ့ စံချိန်ရှင်တွေ၊သူ့ရဲ့သွင်းဂိုးအဆင့်အတန်း၊ ယူနိုက်တဒ်ရဲ့ ကာရင်တန်ထုတ် အရည်သွေးမြင့်ထုတ်ကုန်၊ အသင်းတစ်သင်းလုံးနဲ့နည်းပြရဲ့အရေးပေးမှု့၊ ပင်ကိုယ်ပါရမီ အရာအားလုံးပေါင်းစပ်လိုက်ရင် မေဆင်ဂရင်းဝုဒ် ဟာ လာမယ့် ဆယ်ရာသီလောက်အတွင်း အိုးထရဒ့်ဖိုဒ့်ရဲ့ အလယ်တည့်တည့် မှာ လင်းလက်မယ့် ကြယ်တစ်စင်းမဖြစ်နိုင်ဘူး ဘယ်သူပြောရဲမလဲ?

Leave a Reply

Your email address will not be published. Required fields are marked *