ဒီရာသီယူနိုက်တက်နဲ့ပတ်သတ်လို့ ၀န်ခံမှုတခုပြုလုပ်လိုက်တဲ့ ကွင်းလယ်လူ မာတာ

တနင်္ဂနွေနေ့မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်အသင်း ဟာ အဆင့် ၁၂နေရာအထိ ကျရောက်သွားခဲ့ကာ တန်းဆင်းဇုံက အသင်းတွေနဲတော့ ရမှတ်ကွာဟချက်က ၂ မှတ်သာ ရှိနေပါတော့တယ်။

သူတို့ဟာ လက်ရှိအချိန်မှာ အဆင့်၎ နေရာက ချဲဆီးလ်အသင်းနဲ့ ၅မှတ်ကွာဟနေပြီး လာမယ့်ပွဲစဉ်မှာလည်း ဇယားထိပ်ဆုံးက လီဗာပူး အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေလို့ ရလဒ်ကောင်းရရှိဖို့ မလွယ်ကူတာဖြစ်ပါတယ်။ဝါရင့်ကွင်းလယ်လူ မာတာကတော့ ယူနိုက်တက်အသင်းဟာTop 4ဝင်ခွင့်အတွက် ဘယ်တုန်းကမှမကြုံထားဖူးသေးတဲ့ အခက်အခဲဆုံးအနေအထားအတွင်းကိုကျရောက်နေပြီလို့ ဝန်ခံသွားခဲ့ပါတယ်။

Sky Sports နဲ့ အင်တာဗျူးမှာ မာတာက  ” အသင်းတိုင်းက တိုးတက်မှုတွေရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်။လက်စတာလိုအသင်းကလည်း ကစားသမားအင်အားဖြည့်တင်းမှုတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်ထားပါတယ်။အခုဆိုရင် သူတို့မှာ အသင်းကို မတူညီတဲ့ အဆင့်အတန်းတခုကို ပို့ပေးနိုင်မယ့် ကစားသမားတွေ ရှိနေပြီဖြစ်ပါတယ်။များမကြာသေးမီကာလတွေအတွင်းမှာ သူတို့ဟာပရီးမီးယားလိဂ်ချန်ပီယံဖြစ်ထားခဲ့ပါတယ်။ဒါကြောင့်လည်း အောင်မြင်မှုတွေရဖို့ ဘာလုပ်ရမယ်ဆိုတာသိကြပါတယ်။ ”

” အသင်းတိုင်းကအင်အားကြီးမားလာပြီး ပြိုင်ဆိုင်မှုပြင်းထန်လာလို့ ဘောလုံးကစားရတာ အခုဆိုပိုခက်လာပါပြီ။အသင်းတိုင်းက ကစားသမားကောင်းတွေကို ခေါ်ယူနိုင်နေပြီလည်းဖြစ်ပါတယ်။ဒါကြောင့်လည်းကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ဖို့ဆိုရင် ရာသီတိုင်းမှာပိုကောင်းအောင်လုပ်ဖို့လိုလာပါပြီ ” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းလတ်တလောအခြေအနေဆိုးနေတာဟာပေါ့ဘာရဲ့ ဒဏ်ရာပြသနာတွေကြောင့်ဖြစ်တယ်လို့လည်းမာတာက ယူဆနေပုံပါပဲ။ ပေါ့ဘာရဲ့ ပါရမီနဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် မာတာက

” ပေါ့ဘာဟာ တကယ့်လူကောင်းသူကောင်း အစစ် တယောက်ဖြစ်ပါတယ်။သူ ဟာ ဘောလုံး လောကမှာကော လူနေမှု ဘဝမှာပါ အနာဂတ်ကောင်းတွေရှိနေပါတယ်။သူအခုဒဏ်ရာရနေပေမယ့် စိတ်နေသဘောထားကတကယ်မြင့်မားကောင်းမွန်ပါတယ်ကွင်းလယ်လူတယောက်ဖြစ်တဲ့ကျွန်တော်ဟာသူ့အကြောင်းကို မကြာခဏပြောဆိုဖူးပြီး သူဟာပြီးပြည့်စုံတဲ့ ကစား သမားတဦး ဖြစ်ပါတယ်။သူဟာအသင်းတိုင်းအတွက် အရေးပါနိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ကျွန်တော်တို့အတွက်အတော်လေးကိုအရေးပါပါတယ် ” လို့ချီးကျူးသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ အခုချိန်မှာ လူငယ်ကစားသမားလေးတွေကို အခွင့်အရေးတွေပေးနေတာဖြစ်ပါတယ်။မာတာကတော့ ကြယ်ပွင့်လေးတွေရဲ့ ပါရမီ တိုးတက်လာဖို့ ကူညီပေးရမှာက စီနီယာတွေရဲ့ အလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးမာတာက ” လူငယ်အသင်းကနေ ဒီကိုရောက်လာတဲ့ ကစားသမားတွေ အများကြီးရှိနေပြီးသူတို့ထဲမှာ တခါတလေ ကျွန်တော့်ကိုယ် ကျွန်တော်တောင်မြင်မိပါတယ်။ကျွန်တော့်အသက် ၁၈နှစ်အရွယ်ဗလင်စီယာ အသင်းမှာရှိနေတုန်းကအချိန်ကိုမှတ်မိပါသေးတယ်။အဲ့ဒီတုန်းကဆိုရင် ပွဲတွေသိပ်များများစားစားမကစားခဲ့ရလို့ အခက်အခဲတွေအများကြီးရှိခဲ့ပါတယ်။ဒါပေမယ့် ကျွန်တော့်ကို ကူညီပေးခဲ့တဲ့စီနီယာကစားသမားတွေရှိခဲ့ပါတယ်။ကျွန်တော်ကြုံတွေ့ထားခဲ့တဲ့ အတွေ့အကြုံမျိုးကိုအခုလူငယ်တွေကို ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ ”

” သူတို့လေးတွေအနေနဲ့ဒီအသင်းမှာ ဘောလုံးအားကစားကို ချစ်မြတ်နိုးလာဖို့ ပွဲတွေအများကြီးကစားခွင့်ရပြီး အချိန်တွေရှိနေဦးမယ်လို့တော့မျှော်လင့်ပါတယ်။ကျွန်တော်တို့လို သက်ကြီးကစားသမားတွေကတော့သူတို့ကိုအကူအညီပေးဖို့ရှိနေတာဖြစ်ပါတယ် “လို့အဆုံးသတ်ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *