ယူႏိုက္တက္နဲ႔ သင့္ေတာ္မယ့္ ပရီးမီးယားလိဂ္ ထိပ္တန္းတိုက္စစ္မႈး

မန္ယူႏိုက္တဒ္ အသင္းရဲ႕ အရံတိုက္စစ္မႈး အိုဒင္အီဟာလို ရဲ႕ ဇန္နဝါရီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္အရ ယူႏိုက္တဒ္အေနနဲ႔ ႏိုင္ဂ်ီးရီးယားသားကို အငွားထပ္ေခၚတာ ဒါမွမဟုတ္ အၿပီးသတ္ဝယ္ယူတာမ်ိဳး မျပဳလုပ္ေတာ့ပဲ ရွန္ဟိုင္းအသင္းကိုျပန္လည္ သြားေရာက္ခြင့္ျပဳသြားပါလိမ့္မယ္။ ယူႏိုက္တဒ္အေနနဲ႔ ပရီးမီးယားလိဂ္၊ခ်န္ပီယံလိဂ္၊လိဂ္ဖလားပြဲေတြကိုဘရက္အနည္းငယ္အတြင္းယွဥ္ၿပိဳင္ရမွာျဖစ္တာေၾကာင့္ အီဟာလို ကို ဇန္နဝါရီမွာ လက္လႊတ္တာက အသင္းအင္အားအေပၚမွာ ထိခိုက္မႈ႕တစုံတရာရွိလာႏိုင္ၿပိး ဒီျပသနာကို ဆိုးလ္ရွားတစ္ေယာက္ ႀကိဳတင္ျပင္ဆင္ထားဖို႔လိုအပ္ပါလိမ့္မယ္။

ယူႏိုက္တဒ္ တိုက္စစ္ဟာထက္ျမက္မႈ႕ရွိေပမယ့္ ငယ္႐ြယ္လြန္းတဲ့ကစားသမားေတြအေပၚမွာ မူတည္ၿပီး တည္ေဆာက္ထားတာျဖစ္တာေၾကာင့္ အနားေပးဖို႔လိုအပ္သလို နည္းဗ်ဴဟာအရလည္း အေျပာင္းလဲလုပ္ကစားႏိုင္ဖို႔ လိုအပ္ပါတယ္။ ယူႏိုက္တဒ္တိုက္စစ္ပိုင္းက မာစီရယ္၊မားကပ္စ္၊ေမဆင္ဂရင္းဝုဒ္ အျပင္ ထပ္မံေရာက္ရွိလာႏိုင္တဲ့ ေဂ်ဒန္ဆန္ခ်ိဳ တို႔က ေတာင္ပံ‌ကေန အတြင္းကိုထိုးေဖာက္ဝင္ေရာက္ၿပီး အခ်ိတ္ဆက္လုပ္ကစားတဲ့ တိုက္စစ္ကစားသမားေတြျဖစ္တာေၾကာင့္ အီဟာလို လို နံပါတ္(၉)စစ္စစ္ တိုက္စစ္မႈးမ်ိဳးလိုအပ္ေနပါေသးတယ္။ ဂိုးနဲ႔ ေနာက္တန္း ကေနကန္တင္ေပးလိုက္မယ့္ ေဘာလုံးေတြကို ‌ၿပိဳင္ဘက္ေနာက္တန္းနဲ႔ ယွဥ္လုၿပီး ဆယ္ယူထားႏိုင္ဖို႔လည္း လိုအပ္ေသးတာေၾကာင့္ အီဟာလို သာထြက္ခြာသြားခဲ့ရင္ ယူႏိုက္တဒ္အရံတိုက္စစ္ဟာေသခ်ာေပါက္ အားနည္းသြားမွာပါ။

အရံတိုက္စစ္ျပသနာကိုေျဖရွင္းဖို႔ ဆိုးလ္ရွားအေနနဲ႔ ဘုန္းေမာက္ရဲ႕ ဂ်ိဳရႈအာကင္း ကို ျပန္လည္ ခ်ိတ္ဆက္သင့္ၿပီး တန္းဆင္းသြားတဲ့ ဘုန္းေမာက္အသင္းဟာ ဒီတစ္ႀကိမ္မွာေတာ့ ကင္း ကို တားဆီးဖို႔ အေတာ္ေလး ခက္ခဲႏိုင္ပါလိမ့္မယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ကင္းကိုေခၚယူဖို႔ ယူႏိုက္တဒ္ဖက္က ကမ္းလွမ္းခဲ့ၿပီး ေပါင္၃၅သန္းတန္ ကမ္းလွမ္းခ်က္ကို ဘုန္းေမာက္အသင္းဖက္ကပယ္ခ်ၿပီး ေပါင္သန္း၅၀ အထိ ေတာင္းဆိုခဲ့တာေၾကာင့္ အေျပာင္းေ႐ႊ႕ပ်က္ျပယ္ခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါအခ်ိန္က ကင္းကိုယ္တိုင္ အသင္းေဟာင္းယူႏိုက္တဒ္ကို ျပန္လည္သြားေရာက္လိုေၾကာင္းဝန္ခံခဲ့ဖူးသလို ယခုေႏြရာသီမွာသာ ျပန္လည္ကမ္းလွမ္းခဲ့ရင္ တန္းဆင္းသြားခဲ့ၿပီး ကိုဗစ္ေၾကာင့္ေငြေၾကးအက်ပ္တည္းႀကဳံေတြ႕ေနတဲ့ ဘုန္းေမာက္အေနနဲ႔ ကင္းကို ေသခ်ာေပါက္ေရာင္းခ်သြားပါလိမ့္မယ္။ အသက္ (၂၈)ႏွစ္သာရွိေသးၿပီး ယူႏိုက္တဒ္အကယ္ဒမီထြက္ ကင္း က လိဂ္မွာ ဂိုးသြင္းစြမ္းရည္နဲ႔ပက္သက္ရင္ စိတ္ခ်ရၿပီး မာစီရယ္ ကို အီဟာလို ထက္ ပိုမိုဖိအားေပးႏိုင္မယ့္ ကစားသမားမ်ိဳးလည္း ျဖစ္လာႏိုင္ပါလိမ့္မယ္။

unicode

မန်ယူနိုက်တဒ် အသင်းရဲ့ အရံတိုက်စစ်မှုး အိုဒင်အီဟာလို ရဲ့ ဇန်နဝါရီမှာ ကုန်ဆုံးမယ့် စာချုပ်အရ ယူနိုက်တဒ်အနေနဲ့ နိုင်ဂျီးရီးယားသားကို အငှားထပ်ခေါ်တာ ဒါမှမဟုတ် အပြီးသတ်ဝယ်ယူတာမျိုး မပြုလုပ်တော့ပဲ ရှန်ဟိုင်းအသင်းကိုပြန်လည် သွားရောက်ခွင့်ပြုသွားပါလိမ့်မယ်။ ယူနိုက်တဒ်အနေနဲ့ ပရီးမီးယားလိဂ်၊ချန်ပီယံလိဂ်၊လိဂ်ဖလားပွဲတွေကိုဘရက်အနည်းငယ်အတွင်းယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် အီဟာလို ကို ဇန်နဝါရီမှာ လက်လွှတ်တာက အသင်းအင်အားအပေါ်မှာ ထိခိုက်မှု့တစုံတရာရှိလာနိုင်ပြိး ဒီပြသနာကို ဆိုးလ်ရှားတစ်ယောက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါလိမ့်မယ်။

ယူနိုက်တဒ် တိုက်စစ်ဟာထက်မြက်မှု့ရှိပေမယ့် ငယ်ရွယ်လွန်းတဲ့ကစားသမားတွေအပေါ်မှာ မူတည်ပြီး တည်ဆောက်ထားတာဖြစ်တာကြောင့် အနားပေးဖို့လိုအပ်သလို နည်းဗျူဟာအရလည်း အပြောင်းလဲလုပ်ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ယူနိုက်တဒ်တိုက်စစ်ပိုင်းက မာစီရယ်၊မားကပ်စ်၊မေဆင်ဂရင်းဝုဒ် အပြင် ထပ်မံရောက်ရှိလာနိုင်တဲ့ ဂျေဒန်ဆန်ချို တို့က တောင်ပံ‌ကနေ အတွင်းကိုထိုးဖောက်ဝင်ရောက်ပြီး အချိတ်ဆက်လုပ်ကစားတဲ့ တိုက်စစ်ကစားသမားတွေဖြစ်တာကြောင့် အီဟာလို လို နံပါတ်(၉)စစ်စစ် တိုက်စစ်မှုးမျိုးလိုအပ်နေပါသေးတယ်။ ဂိုးနဲ့ နောက်တန်း ကနေကန်တင်ပေးလိုက်မယ့် ဘောလုံးတွေကို ‌ပြိုင်ဘက်နောက်တန်းနဲ့ ယှဉ်လုပြီး ဆယ်ယူထားနိုင်ဖို့လည်း လိုအပ်သေးတာကြောင့် အီဟာလို သာထွက်ခွာသွားခဲ့ရင် ယူနိုက်တဒ် အရံတိုက်စစ်ဟာသေချာပေါက် အားနည်းသွားမှာပါ။

အရံတိုက်စစ်ပြသနာကိုဖြေရှင်းဖို့ ဆိုးလ်ရှားအနေနဲ့ ဘုန်းမောက်ရဲ့ ဂျိုရှုအာကင်း ကို ပြန်လည် ချိတ်ဆက်သင့်ပြီး တန်းဆင်းသွားတဲ့ ဘုန်းမောက်အသင်းဟာ ဒီတစ်ကြိမ်မှာတော့ ကင်း ကို တားဆီးဖို့ အတော်လေး ခက်ခဲနိုင်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ကင်းကိုခေါ်ယူဖို့ ယူနိုက်တဒ်ဖက်က ကမ်းလှမ်းခဲ့ပြီး ပေါင်၃၅သန်းတန် ကမ်းလှမ်းချက်ကို ဘုန်းမောက်အသင်းဖက်ကပယ်ချပြီး ပေါင်သန်း၅၀ အထိ တောင်းဆိုခဲ့တာကြောင့် အပြောင်းရွှေ့ပျက်ပြယ်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါအချိန်က ကင်းကိုယ်တိုင် အသင်းဟောင်းယူနိုက်တဒ်ကို ပြန်လည်သွားရောက်လိုကြောင်းဝန်ခံခဲ့ဖူးသလို ယခုနွေရာသီမှာသာ ပြန်လည်ကမ်းလှမ်းခဲ့ရင် တန်းဆင်းသွားခဲ့ပြီး ကိုဗစ်ကြောင့်ငွေကြေးအကျပ်တည်းကြုံတွေ့နေတဲ့ ဘုန်းမောက်အနေနဲ့ ကင်းကို သေချာပေါက်ရောင်းချသွားပါလိမ့်မယ်။ အသက် (၂၈)နှစ်သာရှိသေးပြီး ယူနိုက်တဒ်အကယ်ဒမီထွက် ကင်း က လိဂ်မှာ ဂိုးသွင်းစွမ်းရည်နဲ့ပက်သက်ရင် စိတ်ချရပြီး မာစီရယ် ကို အီဟာလို ထက် ပိုမိုဖိအားပေးနိုင်မယ့် ကစားသမားမျိုးလည်း ဖြစ်လာနိုင်ပါလိမ့်မယ်။

Leave a Reply

Your email address will not be published. Required fields are marked *