ပရီးမီးယားလိဂ္တုိက္စစ္မႈးတဦးကုိ ေခၚယူဖုိ႔ ဆုိးရွားကုိတုိက္တြန္းလုိက္တဲ့ မက္ေအာ့ဒန္

ESPN ရဲ႕ အစီအစဥ္ တင္ဆက္သူ ျဖစ္တဲ့ မက္ေအာ့ဒန္က ၀ုဖ္အသင္းရဲ႕ တုိက္စစ္မွဳး ျဖစ္တဲ့ ရာအူး ဂ်ီမီနက္ဟာ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းကို ခ်က္ခ်င္း တုိးတက္ေအာင္ လုပ္ေပး ႏုိင္မယ့္သူ ျဖစ္တယ္လို႕ ဆုိသြား ပါတယ္။ ၀ုဖ္ရဲ႕ မကၠဆီကို တုိက္စစ္မွဳး ဂ်ီမီနက္ဟာ ျပီးခဲ့တဲ့ ရာသီက ၀ုဖ္အသင္း အတြက္ အထူး ေျခစြမ္းျပကာ ယူရိုပါလိဂ္ ၀င္ခြင့္ ရယူ ေပးခဲ့သလို ဒီရာသီ မွာလည္း အသင္း အတြက္ ျပိဳင္ပြဲစံု ၁၆ ပြဲမွာ ၈ ဂိုး သြင္းဂာ ၂ ဂိုး ဖန္တီး ထားပါတယ္။

ဂ်ီမီနက္ ရဲ႕ အေကာင္းဆံုး ေျခစြမ္းကုိေတာ့ ျပီးခဲ့တဲ့ တနဂၤေႏြေန႕က ၀ုဖ္ တုိ႕ မန္စီးတီး ကို အီတီဟတ္ မွာ ၂ – ၀ နဲ႕ အံ့အားသင့္ဖြယ္ အႏုိင္ ရခဲ့တဲ့ ပြဲမွာ ျမင္ေတြ႕ခဲ့ ရျပီး မကၠဆီကို စတားဟာ စီးတီး ခံစစ္ ကစားသမား ေတြကို တစ္ပြဲလံုး ဒုကၡ ေပးႏုိင္ ခဲ့တဲ့ အျပင္ အဒမ္မာ ထရာအိုေရး အတြက္လည္း ၂ ဂိုး စလံုးကို ဖန္တီး ေပးႏိုင္ခဲ့ပါတယ္။

ဂ်ီနီနက္ ဟာ ပရီးမီးယားလိဂ္ ရဲ႕ ေလွ်ာ့တြက္ အခံရဆံုး တုိက္စစ္မွဳးေတြ ထဲက တစ္ဦးလား ဆုိတဲ့ ေမးခြန္းကို ေအာ့ဒန္ က “ကၽြန္ေတာ့္ အျမင္ ကေတာ့ သူဟာ ဂိုးေတြ သြင္းယူ ႏုိင္သလို တကယ္ေကာင္းတဲ့ တုိက္စစ္မွဳး တစ္ဦးလည္း ျဖစ္ပါတယ္။ ကၽြန္ေတာ့္ အျမင္ ၀ုဖ္ အသင္းဟာ သူတုိ႕ကုိ ဒီရာသီ ပရီးမီးယားလိဂ္ မွာ အဆင့္ ၇ ၈ ထဲ ၀င္ေအာင္ ထပ္မံ ပုိ႕ေဆာင္ ေပးႏုိင္မယ့္ ကစားသမား တစ္ဦးကို ပိုင္ဆုိင္ ထားတာ ပါ။ ”

” ဒါေပမယ့္ သူ ထိပ္တန္း ကလပ္ အသင္း တစ္ခု မွာေကာ ရွင္သန္ ႏုိင္အံုးမွာလား ? ကၽြန္ေတာ္ ကေတာ့ သူ ဒီလို လုပ္ႏုိင္စြမ္း ရွိတယ္လို႕ ထင္ပါတယ္။ ကၽြန္ေတာ္တုိ႕ ခုနက မန္ ယူႏုိက္တက္ အေၾကာင္းကုိ ေျပာခဲ့ ၾကပါတယ္။ ကၽြန္ေတာ္ ကေတာ့ သူ မန္ခ်က္စတာ ယူႏုိက္တက္ အသင္းမွာ ေကာင္းေကာင္း လုပ္ႏုိင္စြမ္း ရွိတယ္လို႕ ယူဆ ထားျပီး သူဟာ အုိးထရပ္ဖို႕ဒ္ ကလပ္ကို ခ်က္ခ်င္း ဆုိသလို တုိးတက္ေစမွာပါ။ ဒါ့ေၾကာင့္ အမွန္ပါပဲ။ သူဟာ ပရီးမီးယားလိဂ္ ရဲ႕ ေလ်ာ့တြက္ အခံရဆံုး တုိက္စစ္မွဳးေတြ ထဲက တစ္ဦး ျဖစ္ပါတယ္။” လို႕ ဆုိသြား ပါတယ္။

ယူႏုိက္တက္ဟာ ျပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရြ႕ တုန္းက တုိက္စစ္မွဳးေတြ ျဖစ္ၾကတဲ့ ရုိမီလူ လူကာကူ နဲ႕ အလက္ဆစ္ ဆန္းခ်က္ တုိ႕ကို အင္တာမီလန္ အသင္းဆီ လက္လႊတ္ ခဲ့ပါတယ္။ မန္ေနဂ်ာ အုိလီဂန္နာ ဆုိးရွားက သူဟာ လာမည့္ ဇန္န၀ါရီ အေျပာင္းအေရြ႕ ေစ်းကြက္ ထဲမွာ တုိက္စစ္မွဳး တစ္ဦး ရွာေဖြ သြားမွာ ျဖစ္တယ္လို႕ ဆုိထား ခဲ့ပါတယ္။

ဆုိးရွား က “ကၽြန္ေတာ္တုိ႕ အလက္ဆစ္ နဲ႕ ရုိမီလူ တုိ႕ကို လက္လႊတ္ ထားခဲ့ ပါတယ္။ လာမည့္ အေျပာင္းအေရြ႕မွာ ကၽြန္ေတာ္တုိ႕ တုိက္စစ္မွဳး တစ္ဦးကို ရွာေဖြ သြားမွာပါ။ ကၽြန္ေတာ္တုိ႕ သြင္းဂိုးေတြ ဂိုးဖန္တီးမွဳေတြ လုပ္ေပး ႏုိင္တဲ့ တုိက္စစ္မွဳးကို ရွာေဖြ သြားမွာပါ။ ေစ်းကြက္ ထဲမွာ တုိက္စစ္မွဳးေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။ ဒါေပမယ့္ သူတုိ႕ဟာ ကၽြန္ေတာ္တုိ႕ လိုခ်င္တဲ့ သူေတြ မဟုတ္ ခဲ့ပါဘူး။ အကယ္၍ မွန္ကန္ သင့္ေတာ္တဲ့ တုိက္စစ္မွဳး တစ္ဦး ေတြ႕ခဲ့မယ္ ဆုိရင္ ကၽြန္ေတာ္တုိ႕ ေခၚယူ သြားမွာပါ။ ”

” ကိုယ့္ဘက္က ၁၀၀% မေသခ်ာဘူး ဆုိရင္ ကၽြန္ေတာ္တုိ႕ ကစားသမားေတြ ေခၚယူ သြာဖို႕ မရွိပါဘူး။ ကစားသမား တစ္ဦးကို ေတြ႕သြားျပီ ဆုိရင္ အဲဒီလူ အေနနဲ႕ အသင္းမွာ ကာလရွည္ ဆက္ေန သြားမယ့္ မွန္ကန္တဲ့သူ ျဖစ္ဖို႕ လိုပါတယ္။ ကၽြန္ေတာ္ ကစားသမား တစ္ဦးကုိ လိုခ်င္တာဟာ ကိုယ့္ရဲ႕ ဂုဏ္သိကၡာ အတြက္ မဟုတ္ ပါဘူး။ ဒါဟာ ကလပ္ အတြက္ပါ။’ လို႕ ဆုိးလ္ရွားက ေျပာဆုိထားပါတယ္။

Unicode

ESPN ရဲ့ အစီအစဉ် တင်ဆက်သူ ဖြစ်တဲ့ မက်အော့ဒန်က ဝုဖ်အသင်းရဲ့ တိုက်စစ်မှုး ဖြစ်တဲ့ ရာအူး ဂျီမီနက်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ချက်ချင်း တိုးတက်အောင် လုပ်ပေး နိုင်မယ့်သူ ဖြစ်တယ်လို့ ဆိုသွား ပါတယ်။ ဝုဖ်ရဲ့ မက္ကဆီကို တိုက်စစ်မှုး ဂျီမီနက်ဟာ ပြီးခဲ့တဲ့ ရာသီက ဝုဖ်အသင်း အတွက် အထူး ခြေစွမ်းပြကာ ယူရိုပါလိဂ် ဝင်ခွင့် ရယူ ပေးခဲ့သလို ဒီရာသီ မှာလည်း အသင်း အတွက် ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၈ ဂိုး သွင်းဂာ ၂ ဂိုး ဖန်တီး ထားပါတယ်။

ဂျီမီနက် ရဲ့ အကောင်းဆုံး ခြေစွမ်းကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဝုဖ် တို့ မန်စီးတီး ကို အီတီဟတ် မှာ ၂ – ၀ နဲ့ အံ့အားသင့်ဖွယ် အနိုင် ရခဲ့တဲ့ ပွဲမှာ မြင်တွေ့ခဲ့ ရပြီး မက္ကဆီကို စတားဟာ စီးတီး ခံစစ် ကစားသမား တွေကို တစ်ပွဲလုံး ဒုက္ခ ပေးနိုင် ခဲ့တဲ့ အပြင် အဒမ်မာ ထရာအိုရေး အတွက်လည်း ၂ ဂိုး စလုံးကို ဖန်တီး ပေးနိုင်ခဲ့ပါတယ်။

ဂျီနီနက် ဟာ ပရီးမီးယားလိဂ် ရဲ့ လျှော့တွက် အခံရဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦးလား ဆိုတဲ့ မေးခွန်းကို အော့ဒန် က “ကျွန်တော့် အမြင် ကတော့ သူဟာ ဂိုးတွေ သွင်းယူ နိုင်သလို တကယ်ကောင်းတဲ့ တိုက်စစ်မှုး တစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော့် အမြင် ဝုဖ် အသင်းဟာ သူတို့ကို ဒီရာသီ ပရီးမီးယားလိဂ် မှာ အဆင့် ၇ ၈ ထဲ ဝင်အောင် ထပ်မံ ပို့ဆောင် ပေးနိုင်မယ့် ကစားသမား တစ်ဦးကို ပိုင်ဆိုင် ထားတာ ပါ။ ”

” ဒါပေမယ့် သူ ထိပ်တန်း ကလပ် အသင်း တစ်ခု မှာကော ရှင်သန် နိုင်အုံးမှာလား ? ကျွန်တော် ကတော့ သူ ဒီလို လုပ်နိုင်စွမ်း ရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ခုနက မန် ယူနိုက်တက် အကြောင်းကို ပြောခဲ့ ကြပါတယ်။ ကျွန်တော် ကတော့ သူ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ကောင်းကောင်း လုပ်နိုင်စွမ်း ရှိတယ်လို့ ယူဆ ထားပြီး သူဟာ အိုးထရပ်ဖို့ဒ် ကလပ်ကို ချက်ချင်း ဆိုသလို တိုးတက်စေမှာပါ။ ဒါ့ကြောင့် အမှန်ပါပဲ။ သူဟာ ပရီးမီးယားလိဂ် ရဲ့ လျော့တွက် အခံရဆုံး တိုက်စစ်မှုးတွေ ထဲက တစ်ဦး ဖြစ်ပါတယ်။” လို့ ဆိုသွား ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့ တုန်းက တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ရိုမီလူ လူကာကူ နဲ့ အလက်ဆစ် ဆန်းချက် တို့ကို အင်တာမီလန် အသင်းဆီ လက်လွှတ် ခဲ့ပါတယ်။ မန်နေဂျာ အိုလီဂန်နာ ဆိုးရှားက သူဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွေ့ ဈေးကွက် ထဲမှာ တိုက်စစ်မှုး တစ်ဦး ရှာဖွေ သွားမှာ ဖြစ်တယ်လို့ ဆိုထား ခဲ့ပါတယ်။

ဆိုးရှား က “ကျွန်တော်တို့ အလက်ဆစ် နဲ့ ရိုမီလူ တို့ကို လက်လွှတ် ထားခဲ့ ပါတယ်။ လာမည့် အပြောင်းအရွေ့မှာ ကျွန်တော်တို့ တိုက်စစ်မှုး တစ်ဦးကို ရှာဖွေ သွားမှာပါ။ ကျွန်တော်တို့ သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ လုပ်ပေး နိုင်တဲ့ တိုက်စစ်မှုးကို ရှာဖွေ သွားမှာပါ။ ဈေးကွက် ထဲမှာ တိုက်စစ်မှုးတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ လိုချင်တဲ့ သူတွေ မဟုတ် ခဲ့ပါဘူး။ အကယ်၍ မှန်ကန် သင့်တော်တဲ့ တိုက်စစ်မှုး တစ်ဦး တွေ့ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ခေါ်ယူ သွားမှာပါ။ ”

” ကိုယ့်ဘက်က ၁၀၀% မသေချာဘူး ဆိုရင် ကျွန်တော်တို့ ကစားသမားတွေ ခေါ်ယူ သွာဖို့ မရှိပါဘူး။ ကစားသမား တစ်ဦးကို တွေ့သွားပြီ ဆိုရင် အဲဒီလူ အနေနဲ့ အသင်းမှာ ကာလရှည် ဆက်နေ သွားမယ့် မှန်ကန်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ ကျွန်တော် ကစားသမား တစ်ဦးကို လိုချင်တာဟာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ အတွက် မဟုတ် ပါဘူး။ ဒါဟာ ကလပ် အတွက်ပါ။’ လို့ ဆိုးလ်ရှားက ပြောဆိုထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *