အငွားထြက္ကစားဖို႔ ျပင္ဆင္ေနၿပီျဖစ္တဲ့ အကယ္ဒီကစားသမား

မန္ယူႏိုက္တဒ္ အသင္းရဲ႕ အနာဂတ္ကြင္းလယ္ ၾကယ္ပြင့္အျဖစ္ သတ္မွတ္ခံထားရတဲ့ ကြင္းလယ္လူ ဂ်ိမ္းဂါနာ က သူ႔အေနနဲ႔ ေျခစြမ္း‌သက္ေသျပႏိုင္ဖို႔ပြဲကစားခြင့္မ်ားမ်ားလိုအပ္တယ္လို႔ဆိုပါတယ္။ ယူႏိုက္တဒ္ ရဲ႕ အကယ္ဒမီကေနထြက္ေပၚလာတဲ့ အဂ္လန္ ကြင္းလယ္ခံစစ္ကစားသမား က ဒုတိယကာရစ္ လို႔ တင္စားခံရသူျဖစ္သလို နစ္ကီဘတ္ နဲ႔ ဆိုးလ္ရွား ႏွစ္ေယာက္လုံးက ႀကိဳက္ႏွစ္သက္တဲ့ ကစားသမား လည္းျဖစ္ပါတယ္။နစ္ကီဘတ္က ဂါနာ ဟာ မာတခ္်ေနရာကို အစားထိုးႏိုင္လိမ့္မယ္လို႔ ယူဆေၾကာင္း ေျပာဆိုခဲ့ဖူးသလို ဆိုးလ္ရွား ကလည္း ၿပီးခဲ့တဲ့ရာသီမွာ ဂါနာကို အသင္းႀကီးနဲ႔ ေလ့က်င့္ခန္းေပးဆင္းခဲ့ပါတယ္။

နစ္ကီဘတ္က ” က်ေနာ္လည္းအသက္ ၁၈-၁၉ ေလာက္မွာဆိုရင္ ပထမအသင္းမွာရွိမေနပါဘူး။ဒါေၾကာင့္ စီနီယာအသင္းနဲ႔ကစားႏိုင္ဖို႔က်ေနာ္လညိးႀကိဳးစားမွာအေသခ်ာပါပဲ။အသင္းႀကီးနဲ႔ေလ့က်င့္ခန္းဆင္းၿပီး စီနီယာအသင္းမွာ ေလးငါးပြဲကစားၿပီးရင္ လူငယ္အသင္းမွာ ျပန္ကစားရတာကသိပ္ကိုလြယ္ကူသြားပါတယ္။ဒီအခ်ိန္မွာ လူငယ္ေတြက ငါဒီမွာေျခာက္လေလာက္အခ်ိန္လာကုန္ေနတာလား၊ဒီတစ္ရာသီလုံးအခ်ိန္ျဖဳန္းေနတာလား၊ငါေတာ့ မွားေနၿပီလားဆိုတာမ်ိဳးေတြေတြးမိတတ္ၿပီး အသင္းေျပာင္းဖို႔ကိုစဥ္းစားေတာ့တာပါပဲ။ဂါနာ အေနနဲ႔လည္း သူ႔ရဲ႕ေျခစြမ္းတိုးတက္ဖို႔အတြက္ အငွားေျပာင္းေ႐ႊ႕ကစားခ်င္တာကိုက်ေနာ္နားလာ္ပါတယ္”လို႔ဆိုပါတယ္။

ယူႏိုက္တဒ္ဟာ တာဟစ္ေခ်ာင္ ကို ဝါဒါဘရီမင္ အသင္းထံ အငွားခ်ခဲ့သလို Aliou Traore ကိုလည္း လိဂ္-၂ ကလပ္ Cannes ကိုအငွားခ်ခဲ့ပါေသးတယ္။အီသန္ နဲ႔ လက္ဗစ္ တို႔ကိုလည္း ထပ္မံအငွားခ်မွာျဖစ္ၿပီး ယူႏိုက္တဒ္အေနနဲ႔ လူငယ္အသင္းကစားသမားေတြကို ပြဲအေတြ႕ႀကဳံနဲ႔ ႀကံခိုင္မႈ႕ပိုင္းပိုမိုေကာင္းမြန္ေစလိုတာေၾကာင့္ အငွားခ်တဲ့စနစ္ကို အကယ္ဒမီနည္းျပခ်ဳပ္ နစ္ကီဘတ္က ေထာက္ခံထားတာလို႔ဆိုပါတယ္။ ယူႏိုက္တဒ္အေနနဲ႔အငွားခ်ထားတဲ့ကစားသမားေတြကို အနီးကပ္ေစာင့္ၾကည့္မႈ႕ျပဳလုပ္ၿပီးတိုးတက္မႈ႕ေတြကို မွတ္ခ်ကိရယူသြားမွာျဖစ္သလို တိုးတက္မႈ႕ မ်ားျပားတဲ့ ကစားသမားေတြကို အသင္းႀကီးထံျပန္လည္ေခၚယူသြားမွာလည္းျဖစ္ပါတယ္။

unicode

မန်ယူနိုက်တဒ် အသင်းရဲ့ အနာဂတ်ကွင်းလယ် ကြယ်ပွင့်အဖြစ် သတ်မှတ်ခံထားရတဲ့ ကွင်းလယ်လူ ဂျိမ်းဂါနာ က သူ့အနေနဲ့ ခြေစွမ်း‌သက်သေပြနိုင်ဖို့ပွဲကစားခွင့်များများလိုအပ်တယ်လို့ဆိုပါတယ်။ ယူနိုက်တဒ် ရဲ့ အကယ်ဒမီကနေထွက်ပေါ်လာတဲ့ အဂ်လန် ကွင်းလယ်ခံစစ်ကစားသမား က ဒုတိယကာရစ် လို့ တင်စားခံရသူဖြစ်သလို နစ်ကီဘတ် နဲ့ ဆိုးလ်ရှား နှစ်ယောက်လုံးက ကြိုက်နှစ်သက်တဲ့ ကစားသမား လည်းဖြစ်ပါတယ်။နစ်ကီဘတ်က ဂါနာ ဟာ မာတခ်ျနေရာကို အစားထိုးနိုင်လိမ့်မယ်လို့ ယူဆကြောင်း ပြောဆိုခဲ့ဖူးသလို ဆိုးလ်ရှား ကလည်း ပြီးခဲ့တဲ့ရာသီမှာ ဂါနာကို အသင်းကြီးနဲ့ လေ့ကျင့်ခန်းပေးဆင်းခဲ့ပါတယ်။

နစ်ကီဘတ်က ” ကျနော်လည်းအသက် ၁၈-၁၉ လောက်မှာဆိုရင် ပထမအသင်းမှာရှိမနေပါဘူး။ဒါကြောင့် စီနီယာအသင်းနဲ့ကစားနိုင်ဖို့ကျနော်လညိးကြိုးစားမှာအသေချာပါပဲ။အသင်းကြီးနဲ့လေ့ကျင့်ခန်းဆင်းပြီး စီနီယာအသင်းမှာ လေးငါးပွဲကစားပြီးရင် လူငယ်အသင်းမှာ ပြန်ကစားရတာကသိပ်ကိုလွယ်ကူသွားပါတယ်။ဒီအချိန်မှာ လူငယ်တွေက ငါဒီမှာခြောက်လလောက်အချိန်လာကုန်နေတာလား၊ဒီတစ်ရာသီလုံးအချိန်ဖြုန်းနေတာလား၊ငါတော့ မှားနေပြီလားဆိုတာမျိုးတွေတွေးမိတတ်ပြီး အသင်းပြောင်းဖို့ကိုစဉ်းစားတော့တာပါပဲ။ဂါနာ အနေနဲ့လည်း သူ့ရဲ့ခြေစွမ်းတိုးတက်ဖို့အတွက် အငှားပြောင်းရွှေ့ကစားချင်တာကိုကျနော်နားလာ်ပါတယ်”လို့ဆိုပါတယ်။

ယူနိုက်တဒ်ဟာ တာဟစ်ချောင် ကို ဝါဒါဘရီမင် အသင်းထံ အငှားချခဲ့သလို Aliou Traore ကိုလည်း လိဂ်-၂ ကလပ် Cannes ကိုအငှားချခဲ့ပါသေးတယ်။အီသန် နဲ့ လက်ဗစ် တို့ကိုလည်း ထပ်မံအငှားချမှာဖြစ်ပြီး ယူနိုက်တဒ်အနေနဲ့ လူငယ်အသင်းကစားသမားတွေကို ပွဲအတွေ့ကြုံနဲ့ ကြံခိုင်မှု့ပိုင်းပိုမိုကောင်းမွန်စေလိုတာကြောင့် အငှားချတဲ့စနစ်ကို အကယ်ဒမီနည်းပြချုပ် နစ်ကီဘတ်က ထောက်ခံထားတာလို့ဆိုပါတယ်။ ယူနိုက်တဒ်အနေနဲ့အငှားချထားတဲ့ကစားသမားတွေကို အနီးကပ်စောင့်ကြည့်မှု့ပြုလုပ်ပြီးတိုးတက်မှု့တွေကို မှတ်ချကိရယူသွားမှာဖြစ်သလို တိုးတက်မှု့ များပြားတဲ့ ကစားသမားတွေကို အသင်းကြီးထံပြန်လည်ခေါ်ယူသွားမှာလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *