ယူႏုိက္တက္ၾကယ္ပြင့္ေလး ဟာေဗးလ္နဗီလး္က ဖခင္နဲ႔ဦးေလးတုိ႔ရဲ႕ေျခရာနင္းေတာ့မွာလား

အုိင္ယာလန္လူငယ္အသင္းမွာ ပါဝင္လာခဲ႔တဲ႔ ဖီးလ္နဗီးရဲ႕ သားျဖစ္သူ ဟာေဗးနဗီး

မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ ေနာက္ခံအစြန္လူ ကစားသမားေဟာင္းတစ္ေယာက္ျဖစ္ၿပီး လက္ရွိအဂၤလန္အမ်ိဳးသမီး လက္ေရြးစင္အသင္းရဲ႕ နည္းျပျဖစ္သူ ဖီးလ္နဗီးရဲ႕ သားျဖစ္သူ ဟာေဗးနဗီးကေတာ့ လက္ရွိ သူရဲ႕လက္ရွိကလပ္အသင္းျဖစ္တဲ႔ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ လူငယ္အသင္းမွာ ေျခစြမ္းေကာင္းေတြကုိ အထူးျပသထားႏုိင္ပါတယ္။ ဒါေၾကာင့္လည္း ဟာေဗး္နဗီလး္ဟာ  အုိင္ယာလန္ယူ-၁၉အင္းရဲ႕ လူစာရင္းအတြင္းမွာ ေရြးခ်ယ္ထားခံရၿပီး  မၾကာခင္ ကစားသြားရေတာ့မယ့္ အုိင္ယာလန္လူငယ္အသင္းရဲ႕ ပြဲစဥ္ေတြမွာ ပါဝင္ဆင္ႏြဲရေတာ့မွာပဲျဖစ္ပါတယ္။

အသက္၁၇ႏွစ္သာရွိေသးတဲ႔ ဟာေဗးေလးဟာ ကြင္းလယ္ကစားသမားတစ္ေယာက္ျဖစ္ၿပီးေတာ့ သူရဲ႕ လူငယ္ကစားသမားဘဝကုိ ယူႏုိက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းဆီမွာ စတင္ခဲ႔တာျဖစ္ပါတယ္။ အဲ႔ဒီေနာက္မွာေတာ့ သူရဲ႕ဖခင္ေရာ သူရဲ႕ ဦးေလးျဖစ္သူ ဂယ္ရီနဗီးတုိ႔က စပိန္ေျမကုိ ေျပာင္းေရႊ႔ခဲ႔ၿပီး ဗလင္စီယာအသင္းကုိ ေျပာင္းလဲကုိင္တြယ္ခဲ႔ခ်ိန္မွာလည္း မန္စီးတီးကေန ဗလင္စီယာအသင္းဆီကို ေျပာင္းေရႊ႔ျဖစ္ခဲ႔ပါေသးတယ္။ ဒီိလုိနဲ႕ ၂၀၁၈ခုႏွစ္အေရာက္မွာေတာ့ မန္ခ်က္စတာယူႏုိက္တက္အသင္းဆီမွာ လာေရာက္ကစားဖုိ႔ကုိ ေရြးခ်ယ္ျဖစ္ခဲ႔ၿပီး ဒီရာသီမွာလည္း အေတာ္ေလးကုိ ေျခစြမ္းျပထားခဲ႔သူျဖစ္ပါတယ္။

ဖခင္နဲ႔ဦးေလးျဖစ္သူဟာ အဂၤလန္လက္ေရြးစင္ကစားသမားေဟာင္းေတြျဖစ္ေပမယ့္ မိခင္ဟာ အိုင္းရစ္ေသြးပါတာမို့ အိုင္ယာလန္လူငယ္လက္ေရြးစင္အသင္းမွာေရြးခ်ယ္ခံရဖို့ အက်ံဴးဝင္တာလည္းျဖစ္ပါတယ္ ။ ကြင္းလယ္ေနရာမွာေရာ ညာေနာက္ခံကစားသမားအျဖစ္ပါ ပါဝင္ကစားတတ္သူျဖစ္တဲ႔ ဟာေဗးကေတာ့ ဒိန္းမတ္အသင္းနဲ႔ ကစားသြားရမယ့္ အုိင္ယာလန္အသင္းရဲ႕ ေျခစမ္းပြဲစဥ္အတြက္ ေရြးခ်ယ္ျခင္း ခံထားရတာျဖစ္ပါတယ္။

Unicode

အိုင်ယာလန်လူငယ်အသင်းမှာ ပါဝင်လာခဲ့တဲ့ ဖီးလ်နဗီးရဲ့ သားဖြစ်သူ ဟာဗေးနဗီး

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံအစွန်လူ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိအင်္ဂလန်အမျိုးသမီး လက်ရွေးစင်အသင်းရဲ့ နည်းပြဖြစ်သူ ဖီးလ်နဗီးရဲ့ သားဖြစ်သူ ဟာဗေးနဗီးကတော့ လက်ရှိ သူရဲ့လက်ရှိကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ လူငယ်အသင်းမှာ ခြေစွမ်းကောင်းတွေကို အထူးပြသထားနိုင်ပါတယ်။ ဒါကြောင့်လည်း ဟာဗေ်းနဗီလ်းဟာ  အိုင်ယာလန်ယူ-၁၉အင်းရဲ့ လူစာရင်းအတွင်းမှာ ရွေးချယ်ထားခံရပြီး  မကြာခင် ကစားသွားရတော့မယ့် အိုင်ယာလန်လူငယ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ဆင်နွဲရတော့မှာပဲဖြစ်ပါတယ်။

အသက်၁၇နှစ်သာရှိသေးတဲ့ ဟာဗေးလေးဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့ လူငယ်ကစားသမားဘဝကို ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းဆီမှာ စတင်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့ဖခင်ရော သူရဲ့ ဦးလေးဖြစ်သူ ဂယ်ရီနဗီးတို့က စပိန်မြေကို ပြောင်းရွှေ့ခဲ့ပြီး ဗလင်စီယာအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ချိန်မှာလည်း မန်စီးတီးကနေ ဗလင်စီယာအသင်းဆီကို ပြောင်းရွှေ့ဖြစ်ခဲ့ပါသေးတယ်။ ဒီလိုနဲ့ ၂၀၁၈ခုနှစ်အရောက်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းဆီမှာ လာရောက်ကစားဖို့ကို ရွေးချယ်ဖြစ်ခဲ့ပြီး ဒီရာသီမှာလည်း အတော်လေးကို ခြေစွမ်းပြထားခဲ့သူဖြစ်ပါတယ်။

ဖခင်နဲ့ဦးလေးဖြစ်သူဟာ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းတွေဖြစ်ပေမယ့် မိခင်ဟာ အိုင်းရစ်သွေးပါတာမို့ အိုင်ယာလန်လူငယ်လက်ရွေးစင်အသင်းမှာရွေးချယ်ခံရဖို့ အကျူံးဝင်တာလည်းဖြစ်ပါတယ် ။ ကွင်းလယ်နေရာမှာရော ညာနောက်ခံကစားသမားအဖြစ်ပါ ပါဝင်ကစားတတ်သူဖြစ်တဲ့ ဟာဗေးကတော့ ဒိန်းမတ်အသင်းနဲ့ ကစားသွားရမယ့် အိုင်ယာလန်အသင်းရဲ့ ခြေစမ်းပွဲစဉ်အတွက် ရွေးချယ်ခြင်း ခံထားရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *