အသင္းရဲ႕လက္ရွိအေျခအေနအေပၚ၀မ္းနည္းေၾကာင္းဖြင့္ဟရင္း ပရိသတ္ေတြကုိ ကတိေပးသြားတဲ့ဖရက္ဒ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္ကစားသမား ဖရက္ဒ္ ကသူ႔အေနနဲ႔အခု အသင္းရဲ႕ လက္ရွိအေျခအေနနဲ႔ပက္သက္ၿပီး အားလုံးနဲ႔ထပ္တူစိတ္မေကာင္းျဖစ္မိေၾကာင္း ဖြင့္ဟေျပာျပသြားခဲ့ပါတယ္။ ဖရက္ဒ္ဟာ (၂၀၁၈) ခုႏွစ္ ေႏြရာသီအေျပာင္းအေ႐ြ႕ေဈးကြက္မွာတုန္းက ေမာ္ရင္ဟို ဝယ္ယူခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။ အဆိုပါဘရာဇီးကြင္းလယ္လူဟာ ယူ႐ို (၅၂) သန္း နဲ႔ ရွက္တာဒိုးနက္ အသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး အုိးထရက္ဖုိ႔ဒ္ကုိ ေရာက္ရွိခ်ိန္မွာေတာ့ ေမ်ာ္လင့္ထားသလုိ ျဖစ္မလာခဲ့ပါဘူး။

ၿပီးခဲ့တ့ဲ့ ႏွစ္ကတည္းက အသင္းအတြက္ ပုံမွန္ ကစားခြင့္ရဖုိ႔ ရုန္းကန္ခဲ့ရသလုိ ဒီရာသီမွာလည္း အသင္းရဲ႕အဓိက ကစားသမားေတြ ဒဏ္ရာရေနခ်ိန္မွသာ ပါ၀င္ကစားခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္ နယူးကာဆယ္နဲ႔ ပြဲမွာေတာ့ အသင္းအတြက္္ ပါ ၀င္ကစာခဲ့ၿပီး အသင္းရဲ႕ရလဒ္ဆုိးရြားေနတဲ့ အေပၚ “ကြၽန္ေတာ့္တို႔အမွတ္ေတြ ဆုံးရႈံးရတဲ့အခါတိုင္းမွာ ေဝဖန္မူ ေတြကို လက္ခံရရွိေနမွာပါပဲ၊ ဒါေပမဲ့ အဲ့ဒီ့ကေန ကြၽန္ေတာ္တို႔ သင္ခန္းစာေတြအမ်ားႀကီးရပါတယ္ ။ ”

ကြၽန္ေတာ့္ရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပက္သက္ၿပီး ေဝဖန္မူေတြ လူေတြေျပာဆိုေနၾကတာေတြကို ဖတ္ရတာကို ကြၽန္ေတာ္ႀကိဳက္ပါတယ္၊ ကြၽန္ေတာ္ ဒီထက္ပိုၿပီး တိုးတက္ေအာင္ ႀကိဳးစားႏိုင္ပါတယ္၊ ကြၽန္ေတာ္ ေန႔တိုင္း ေလ့က်င့္ကြင္းထဲကို ေရာက္တဲ့အခါတိုင္းမွာ ဒီကလပ္အသင္းႀကီး ရဲ႕ နာမည္ကို စာလုံးအႀကီးေတြနဲ႔ေရးထားတာေတြ႕ရပါတယ္၊ ဒါက ကြၽန္ေတာ့္ရဲ႕ ဘဝတစ္ခုပါပဲ။ ”

” ဒီကလပ္အသင္းဟာ ႀကီးမားတဲ့အေၾကာင္း ကြၽန္ေတာ္သိပါတယ္၊ ယူႏိုက္တက္အသင္းမွာေကာင္းမြန္တဲ့ သမိုင္းေၾကာင္းေတြ ရွိတဲ့အေၾကာင္း ကြၽန္ေတာ္ဖတ္ဖူးပါတယ္၊ သူတို႔မွာ အေကာင္းဆုံးကစားသမားေတြနဲ႔ အေကာင္းဆုံး အခ်ိန္အခိုက္အတန႔္ေတြရွိပါတယ္၊ အဲ့လိုအခ်ိန္ေတြ ျပန္ရဖို႔အတြက္ ကြၽန္ေတာ္တို႔ ဆုဖလားေတြ နဲ႔ႏိုင္ပြဲေတြ လိုအပ္ပါတယ္၊ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မူေတြရွာေဖြရမွာျဖစ္ပါတယ္၊ အခုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ပရိတ္သတ္ေတြနဲ႔ အတူ ကြၽန္ေတာ္လည္း စိတ္မေကာင္းျဖစ္မိပါတယ္၊ ကြၽန္ေတာ္တို႔ ျပန္လာႏိုင္ဖို႔ အေကာင္းဆုံး တိုက္ပြဲဝင္သြားမွာပါ ” လို႔  ဖရက္ဒ္က ဖြင့္ဟ ေျပာၾကားသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ဖရက်ဒ် ကသူ့အနေနဲ့အခု အသင်းရဲ့ လက်ရှိအခြေအနေနဲ့ပက်သက်ပြီး အားလုံးနဲ့ထပ်တူစိတ်မကောင်းဖြစ်မိကြောင်း ဖွင့်ဟပြောပြသွားခဲ့ပါတယ်။ ဖရက်ဒ်ဟာ (၂၀၁၈) ခုနှစ် နွေရာသီအပြောင်းအရွေ့ဈေးကွက်မှာတုန်းက မော်ရင်ဟို ဝယ်ယူခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အဆိုပါဘရာဇီးကွင်းလယ်လူဟာ ယူရို (၅၂) သန်း နဲ့ ရှက်တာဒိုးနက် အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို ရောက်ရှိချိန်မှာတော့ မျော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။

ပြီးခဲ့တဲ့ နှစ်ကတည်းက အသင်းအတွက် ပုံမှန် ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာလည်း အသင်းရဲ့အဓိက ကစားသမားတွေ ဒဏ်ရာရနေချိန်မှသာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် နယူးကာဆယ်နဲ့ ပွဲမှာတော့ အသင်းအတွက် ပါ ဝင်ကစာခဲ့ပြီး အသင်းရဲ့ရလဒ်ဆိုးရွားနေတဲ့ အပေါ် “ကျွန်တော့်တို့အမှတ်တွေ ဆုံးရှုံးရတဲ့အခါတိုင်းမှာ ဝေဖန်မူ တွေကို လက်ခံရရှိနေမှာပါပဲ၊ ဒါပေမဲ့ အဲ့ဒီ့ကနေ ကျွန်တော်တို့ သင်ခန်းစာတွေအများကြီးရပါတယ် ။ ”

ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ ပက်သက်ပြီး ဝေဖန်မူတွေ လူတွေပြောဆိုနေကြတာတွေကို ဖတ်ရတာကို ကျွန်တော်ကြိုက်ပါတယ်၊ ကျွန်တော် ဒီထက်ပိုပြီး တိုးတက်အောင် ကြိုးစားနိုင်ပါတယ်၊ ကျွန်တော် နေ့တိုင်း လေ့ကျင့်ကွင်းထဲကို ရောက်တဲ့အခါတိုင်းမှာ ဒီကလပ်အသင်းကြီး ရဲ့ နာမည်ကို စာလုံးအကြီးတွေနဲ့ရေးထားတာတွေ့ရပါတယ်၊ ဒါက ကျွန်တော့်ရဲ့ ဘဝတစ်ခုပါပဲ။ ”

” ဒီကလပ်အသင်းဟာ ကြီးမားတဲ့အကြောင်း ကျွန်တော်သိပါတယ်၊ ယူနိုက်တက်အသင်းမှာကောင်းမွန်တဲ့ သမိုင်းကြောင်းတွေ ရှိတဲ့အကြောင်း ကျွန်တော်ဖတ်ဖူးပါတယ်၊ သူတို့မှာ အကောင်းဆုံးကစားသမားတွေနဲ့ အကောင်းဆုံး အချိန်အခိုက်အတန့်တွေရှိပါတယ်၊ အဲ့လိုအချိန်တွေ ပြန်ရဖို့အတွက် ကျွန်တော်တို့ ဆုဖလားတွေ နဲ့နိုင်ပွဲတွေ လိုအပ်ပါတယ်၊ ချန်ပီယံလိဂ်မှာ အောင်မြင်မူတွေရှာဖွေရမှာဖြစ်ပါတယ်၊ အခုတော့ ကျွန်တော်တို့ရဲ့ ပရိတ်သတ်တွေနဲ့ အတူ ကျွန်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်၊ ကျွန်တော်တို့ ပြန်လာနိုင်ဖို့ အကောင်းဆုံး တိုက်ပွဲဝင်သွားမှာပါ ” လို့  ဖရက်ဒ်က ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *