နယူးကာဆယ်ကိုငြင်းပြီး ယူနိုက်တက်ကိုပြောင်းဖြစ်ခဲ့တဲ့ နောက်ကွယ်ကအဖြစ်အပျက်ကို ရှင်းပြလိုက်တဲ့ ဖလက်ချာ
unicode
ကွင်းလယ်ကစားသမား ဒါရင်းဖလက်ချာ က ဆာအဲလက်စ် ရဲ့ ‌စည်းရုံးမှု့သာ မပါခဲ့ရင် သူ့အနေနဲ့ ယူနိုက်တဒ်ကိုပြောင်းရွှေ့ဖြစ်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ယူနိုက်တဒ်နဲ့အတူ ၁၅ရာသီနီးပါး ဖြတ်သန်းခဲ့ပြီး ဖလားအားလုံးလည်းရရှိခဲ့ဖူးတဲ့ စကော့တလန်သား က ယူနိုက်တဒ်မှာ အဓိက ကစားသမားမဟုတ်ပေမယ့် မရှိမဖြစ် ကစားသမားတော့ ဖြစ်ခဲ့ပါတယ်။
ဖလက်ချာ ကို ဆာအဲလက်စ်က စွယ်စုံအသုံးပြုလေ့ရှိပြီး တစ်ခါတစ်ရံ နောက်ချန်တိုက်စစ်၊တစ်ခါတစ်ရံ နောက်တန်းခံစစ်တွေအထိ ထားသုံးဖူးပါတယ်။ ယူနိုက်တဒ် ကို မပြောင်းရွှေ့ခင်မှာ သူ့ကို နယူးးကာဆယ်အသင်းကလည်း စိတ်ဝင်စားနေခဲ့ပြီး ဆာအဲလက်စ် သာ မစည်းရုံးနိုင်ခဲ့ရင် သေချာပေါက် နယူးကာဆယ်အသင်းကိုပဲ ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။
ဖလက်ချာက” အဲ့ဒီအချိန်တုန်း က နယူးကာဆယ်နဲ့ မန်ယူနိုက်တဒ်တို့က ပရီးမီးယားလိဂ်ဖလားအတွက် ထိပ်တိုက်ရင်ဆိုင်နေရချိန်ပေါ့။နယူးကာဆယ်ကအဲ့တုံးက အဂ်လန်ရဲ့ဒုတိယအကောင်းဆုံးအသင်းအဆင့်အနေထားထိရှိတယ်လေ။နယူးကာဆယ်နဲ့ဆွေးနွေးခဲ့တဲ့အချိန်တွေကို တကယ်သဘောကျပါတယ်။သူတို့က သိပ်ကောင်းတဲ့လူတွေပါ ကလပ်ကလည်းတကယ်ကြီးကျယ်တယ်လေ။ဒီထက်တော့ ဘယ်လိုပိုပြောရမလည်း? သူတို့ဆီကိုပြောင်းရွှေ့ဖြစ်ဖို့ဆုံးဖြတ်ချက်ချလုနီးပါးအခြေနေကိုရောက်ခဲ့တယ်။အဲ့ဒီအချိန်တူံးက မန်ယူနိုက်တဒ် နဲ့ နယူးကာဆယ် မှာ တူညီတဲ့အချက် များစွာရှိနေတယ်လေ။ဆုံးဖြတ်ချက်ချရတဲ့အချိန်ကသိပ်ကိုခက်ခဲပါတယ်။မန်ယူနိုက်တဒ်ကိုရွေးခဲ့ရင်လညိးပျော်ရမှာပဲ။ဒါပေမယ့် ကလပ်ထပ် အဝတ်လဲခန်းမှာ အသင်းဖော်တွေနဲ့ အဆင်ပြေပြေစကားပြောပြီး ပျော်ရွှင်မှု့ရတာကိုပိုကြိုက်နှစ်သက်ပါတယ်။”
“နယူးကာဆယ်မှာတော့ အသင်းကိုလည်းကြိုက်နှစ်သက်သလို အဝတ်လဲခန်းနဲ့ သူတိူ့ရဲ့ ပတ်ဝန်းကျင်အနေထားတွေက ကျနော်လိုချင်တဲ့အတိုင်းပါပဲ။ဒီတော့ကျနော် ဆုံးဖြတ်လိုက်တယ်။ဟုတ်ပြီ ငါ နယူးကာဆယ်ကိုသွားမယ်လို့ပေါ့။ဒီဆုံးဖြတ်ချက်ချပြီး တနေ့ ကျနော့်အိမ်ကဖုန်းမြည်လာတယ် ကျနော့်အစ်မကသွားကိုင်ပြီးတော့ ဒါရင်းရေ ဒါမင်းဖုန်းပဲ‌လို့ပြောတယ်။ကိုင်လိုက်တော့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ဖုန်းဗျ၊။ သူကလုံးဝကိုစိတ်ဆိုးမာန်ဆိုးဖြစ်နေတာ။ကျနော်က ၁၅ နှစ်ပဲရှိသေးတာလေ လုံးဝကိုပါးစပ်အဟောင်းသားပဲ၊ဘာမှကိုပြန်မပြောနိုင်ဘူး။ ”
” သူက စကားလုံးတွေကို ဖုန်းကနေမနားတမ်း ပြောဆိုနေတာဗျ။ကျနော့်အမေကဖုန်းကိုလုယူလိုက်တယ် ။ ဘာလို့ဆို ကျနော့်ပုံကအတော်လေးသွေးမရှိတဲ့လူ လို ဖြူနေပြီ။သူမက အချိန်နည်းနည်းထပ်နားထောင်ပြီးတော့ အိမ်ကိုဖုန်းထပ်မဆက်ဖို့ပြောပြီး ချလိုက်တယ်။ကျနော်လည်း လုံးဝလန့်သွားတယ် ဘာတွေဖြစ်နေတာလည်းပေါ့။ နောက်ငါးမိနစ်လောက်ကြာတော့ ကျနော့်အဖေဆီကို တောင်းပန်ကြောင်း ဖုန်းဆက်လာခဲ့တယ်လေ။ကျနော့်အဖေက ကျနော်နယူးကာဆယ်ကိုပြောင်းချင်နေတာ သူသိတယ်။အိမ်နဲ့လည်းနီးတာကိုး။ဒါပေမယ့် အတိတ်ကို ပြန်ကြည့်လိုက်ရင် ကျနော့်ဆုံးဖြတ်ချက်က မှန်ကန်ခဲ့တာ အခု မြင်နေရပြီမဟုတ်လား” ဟု ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။
Leave a Reply
Your email address will not be published. Required fields are marked *