ယူႏိုက္တက္က စိတ္၀င္စားတယ္လို႔ၾကားရေတာ့ ေပ်ာ္ရႊင္ပါတယ္ဆိုတဲ့ ျပင္သစ္လူငယ္ၾကယ္ပြင့္

ျပင္သစ္ရဲ႕ U21 ကစားသမားျဖစ္သူ Faitout Maouassa ကေတာ့ ယူႏိုက္တက္က စိတ္၀င္စားတယ္ဆိုတဲ့ သတင္းေတြၾကားရတာဟာ  သူ႔အတြက္ေတာ့ ေပ်ာ္ရႊင္ေနတယ္လို႔ဖြင့္ဟေျပာၾကားသြားခဲ့ပါတယ္။ ျပင္သစ္လူငယ္ၾကယ္ပြင့္ဟာ ဒီရာသီ ရင္း နက္စ္ကလပ္နဲ႔အတူ အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ေတြ ျပသခဲ့ၿပီး ရင္းနက္စ္အသင္းကို လိဂ္(၁)က အဆင့္(၃) ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းမွာေတာ့  အေျပာင္းအေရႊ႕ေစ်းကြက္ျပန္လည္ဖြင့္လစ္ပါက ယူႏိုက္တက္အသင္းဟာ Mauassa ကို ေပါင္း ၁၀ ျဖင့္ ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သတင္းထြက္ခဲ့ပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ ျပင္သစ္လူငယ္ကစားသမားကို ယူႏိုက္တက္အျပင္ နယူးကာဆယ္အသင္းကလည္း ခ်ိတ္ဆက္ေနတယ္လို႔ သိရပါတယ္။ ဒါေပမယ့္ အဆိုပါသတင္းေတြထြက္ေစကာမူ ျပင္သစ္သားဟာ ေနာက္ရာသီမွာ ခ်န္ပီယံလိဂ္ ကစားဖို႔အတြက္ ရင္းနက္စ္အသင္းမွာပဲ ဆက္ေနဖို႔ ျပင္ဆင္ေနၿပီး ဘယ္လိုအေၾကာင္းနဲ႔မွ အသင္းေျပာင္းမွာမဟုတ္ဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

Maouassa က ” ဒီရာသီမွာ က်ေနာ္တို႔ေတြလုပ္ေဆာင္ခဲ့တာကေတာ့ ရွင္းလင္း ပါတယ္။ က်ေနာ္ေျပာလိုတာက က်ေနာ္တို႔အားလုံး လိုအပ္ေနတဲ့အရာနည္းနည္းရွိေနတယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒါေပမယ့္ က်ေနာ့္ကိုယ္ေရးကိုယ္တာအရဆိုရင္ ရင္းနက္စ္မွွာေနရာတာ ေကာင္းမြန္တဲ့ဖီလင္ပါပဲ။ ဒီရာသီမွာ က်ေနာ္တို႔ ခ်န္ပီယံလိဂ္ ၀င္ခြင့္လည္း ရမွာေလ။ ဒါေၾကာင့္ က်ေနာ္အသင္းက ထြက္ခြာဖို႔ ဘာအေၾကာင္းမွ မရွိပါဘူး။ ဒီမွာ က်ေနာ္ ေကာင္းမြန္တဲ့ ခံစားမႈ ရွိေနပါတယ္။ ”

” ယူႏုိက္တက္နဲ႔သတင္းထြက္တာ ေကာင္းပါတယ္။ ကြၽန္ေတာ္မလိမ္ပါဘူး။ ယူႏိုက္တက္လုိ အသင္းမ်ိဳးကကြၽန္ေတာ့္ကိုစိတ္ဝင္စားတယ္လု႔ိသတင္းထြက္ တာအရမ္းေကာင္းတဲ့ကိစၥတစ္ခုပါ။ ဒါေတြက ေပ်ာ္ရႊင္မႈ​ေတြ ပဲ။ဒါေပမယ့္ ရင္းနက္ အသင္းမွာလည္းကြၽန္ေတာ္ေပ်ာ္ပါ တယ္။ ကြၽန္ေတာ္ေပ်ာ္တဲ့ေနရာမွာ ကစားၿပီးေ႐ွ႕ဆက္ပါဦး မယ္။” ဟု TV2 ကို ေျပာသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ကို႐ိုနာဂယက္ေၾကာင့္ လာမယ့္အေျပာင္းအေရႊ႕မွာ ေငြေၾကး အကန္႔အသတ္နဲ႔ သာ အသုံးျပဳရႏိုင္ၿပီး အဓိက ပစ္မွတ္ေတြကိုသာ အရေခၚယူဖို႔ ႀကိဳးပမ္းသြားႏိုင္ပါတယ္။ ယူႏိုက္တက္ ဘယ္ေတာင္ပံ ေနာက္ခံေနရာမွာ အဓိကကစားသမား လုခ္ေရွာရွိေနတဲ့အျပင္ အကယ္ဒမီၾကယ္ပြင့္ ဘရန္ဒန္ဝီလ္ယံကလည္း ပရိသတ္အႀကိဳက္ေတြ႕ေစတဲ့ ေျခစြမ္းမ်ိဳး ျပသေနတာေၾကာင့္ အဆိုပါ ေနရာကို ေခၚယူမွာမဟုတ္ပဲ တျခား လိုအပ္တဲ့ ေနရာေတြမွာသာ ဦးစားေပး ေခၚယူသြားဖြယ္ရွိေနပါတယ္။

unicode

ပြင်သစ်ရဲ့ U21 ကစားသမားဖြစ်သူ Faitout Maouassa ကတော့ ယူနိုက်တက်က စိတ်ဝင်စားတယ်ဆိုတဲ့ သတင်းတွေကြားရတာဟာ  သူ့အတွက်တော့ ပျော်ရွှင်နေတယ်လို့ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်လူငယ်ကြယ်ပွင့်ဟာ ဒီရာသီ ရင်း နက်စ်ကလပ်နဲ့အတူ အထင်ကြီးဖွယ် စွမ်းဆောင်ရည်တွေ ပြသခဲ့ပြီး ရင်းနက်စ်အသင်းကို လိဂ်(၁)က အဆင့်(၃) ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့  အပြောင်းအရွှေ့ဈေးကွက်ပြန်လည်ဖွင့်လစ်ပါက ယူနိုက်တက်အသင်းဟာ Mauassa ကို ပေါင်း ၁၀ ဖြင့် ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်လူငယ်ကစားသမားကို ယူနိုက်တက်အပြင် နယူးကာဆယ်အသင်းကလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် အဆိုပါသတင်းတွေထွက်စေကာမူ ပြင်သစ်သားဟာ နောက်ရာသီမှာ ချန်ပီယံလိဂ် ကစားဖို့အတွက် ရင်းနက်စ်အသင်းမှာပဲ ဆက်နေဖို့ ပြင်ဆင်နေပြီး ဘယ်လိုအကြောင်းနဲ့မှ အသင်းပြောင်းမှာမဟုတ်ဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Maouassa က ” ဒီရာသီမှာ ကျနော်တို့တွေလုပ်ဆောင်ခဲ့တာကတော့ ရှင်းလင်း ပါတယ်။ ကျနော်ပြောလိုတာက ကျနော်တို့အားလုံး လိုအပ်နေတဲ့အရာနည်းနည်းရှိနေတယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့် ကျနော့်ကိုယ်ရေးကိုယ်တာအရဆိုရင် ရင်းနက်စ်မှာနေရာတာ ကောင်းမွန်တဲ့ဖီလင်ပါပဲ။ ဒီရာသီမှာ ကျနော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်လည်း ရမှာလေ။ ဒါကြောင့် ကျနော်အသင်းက ထွက်ခွာဖို့ ဘာအကြောင်းမှ မရှိပါဘူး။ ဒီမှာ ကျနော် ကောင်းမွန်တဲ့ ခံစားမှု ရှိနေပါတယ်။ ”

” ယူနိုက်တက်နဲ့သတင်းထွက်တာ ကောင်းပါတယ်။ ကျွန်တော်မလိမ်ပါဘူး။ ယူနိုက်တက်လို အသင်းမျိုးကကျွန်တော့်ကိုစိတ်ဝင်စားတယ်လု့ိသတင်းထွက် တာအရမ်းကောင်းတဲ့ကိစ္စတစ်ခုပါ။ ဒါတွေက ပျော်ရွှင်မှုတွေ ပဲ။ဒါပေမယ့် ရင်းနက် အသင်းမှာလည်းကျွန်တော်ပျော်ပါ တယ်။ ကျွန်တော်ပျော်တဲ့နေရာမှာ ကစားပြီးရှေ့ဆက်ပါဦး မယ်။” ဟု TV2 ကို ပြောသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ကိုရိုနာဂယက်ကြောင့် လာမယ့်အပြောင်းအရွှေ့မှာ ငွေကြေး အကန့်အသတ်နဲ့ သာ အသုံးပြုရနိုင်ပြီး အဓိက ပစ်မှတ်တွေကိုသာ အရခေါ်ယူဖို့ ကြိုးပမ်းသွားနိုင်ပါတယ်။ ယူနိုက်တက် ဘယ်တောင်ပံ နောက်ခံနေရာမှာ အဓိကကစားသမား လုခ်ရှောရှိနေတဲ့အပြင် အကယ်ဒမီကြယ်ပွင့် ဘရန်ဒန်ဝီလ်ယံကလည်း ပရိသတ်အကြိုက်တွေ့စေတဲ့ ခြေစွမ်းမျိုး ပြသနေတာကြောင့် အဆိုပါ နေရာကို ခေါ်ယူမှာမဟုတ်ပဲ တခြား လိုအပ်တဲ့ နေရာတွေမှာသာ ဦးစားပေး ခေါ်ယူသွားဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *