အသင္းေျပာင္းဖို႔ႀကိဳးစားခဲ့တာေၾကာင့္ ဆာအဲလက္စ္ရဲ႕ ျပစ္ဒဏ္ေပးျခင္းခံခဲ့ရတဲ့အေၾကာင္းေျပာျပခဲ့တဲ့ အီဗရာ

ယူႏိုက္တဒ္ ေနာက္ခံလူေဟာင္း အီဗရာက ၂၀၁၀ မွာ ရီးရဲလ္မက္ဒရစ္ ရဲ႕ ျမင့္မားတဲ့ လစာနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ကမ္းလွမ္းခဲ့တာကို လက္ခံလုနီးနီးအထိျဖစ္ခဲ့ၿပီး ဆာအဲလက္စ္ေၾကာင့္သာ ပ်က္ျပယ္ခဲ့ရတာျဖစ္တယ္လို႔ဆိုပါတယ္။သို႔ေပမယ့္လည္း ေျပာင္းေ႐ႊ႕ဖို႔ႀကိဳးစားခဲ့တဲ့အတြက္ ျပန္လည္ေပးဆပ္ခဲ့ရတဲ့အရင္းအႏွီးကေတာ့ အေတာ္ကိုႀကီးမားခဲ့ၿပီး အသင္းေခါင္းေဆာင္ရာထူးနဲ႔လက္ပတ္ကို စြန႔္လႊတ္ေပးခဲ့ရပါတယ္။ ဆာအဲလက္စ္ က သူ႔အသင္းေခါင္းေဆာင္ေ႐ြးခ်ယ္ေရးမွာ သစၥာရွိမႈ႕ကို ဦးစားေပးတာျဖစ္လို႔ အသင္းကေန ထြက္ခြာဖို႔ႀကိဳးပမ္းခဲ့တဲ့သူကို လက္ပတ္ျပန္လည္႐ုတ္သိမ္းခဲ့တာလည္းျဖစ္ပါတယ္။

အီဗရာက” ၂၀၁၀ မွာ ရီးရဲလ္မက္ဒရစ္ က တကယ့္ႀကီးမားတဲ့ကမ္းလွမ္းခ်က္နဲ႔ေရာက္လာတယ္။က်ေနာ္ကလည္းယူႏိုက္တဒ္နဲ႔စာခ်ဳပ္သက္တမ္းကျပည့္ေတာ့မယ္။ေဘာစ့္ကလည္း ပက္ထရစ္ေရ မင္းဘာမဆိုလုပ္ႏိုင္တယ္ဆိုတာမင္းသိပါတယ္၊ ဒါေပမယ့္ အသင္းကေနေတာ့ထြက္လို႔မရဘူး လို႔သတိေပးထားတယ္။က်ေနာ္ကေတာ့ ဟုတ္ၿပီ ။ က်ေနာ့္ေအးဂ်င့္နဲ႔စကားေျပာၿပီး အဆုံးသတ္လိုက္ပါ။  က်ေနာ္ဆက္ေနမယ္ လို႔ျပန္ေျပာခဲ့တယ္။၂၀၁၀ ကမာၻ႔ဖလားၿပီးေတာ့ မန္ယူႏိုက္တဒ္က ခ်ီကာဂို မွာရာသီႀကိဳေလ့က်င့္ခန္းဆင္းေနတာေပါ့၊ေဘာစ့္ကိုက်ေနာ္ ဖုန္းဆက္လိုက္ၿပီး ေဘာစ့္ေရ က်ေနာ္ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေတာ့မယ္လို႔ေျပာလိုက္တယ္။ ေဘာစ့္က မင္းငါနဲ႔လာမေတြ႕ရေသးပဲ။  ေျပာင္းလို႔မရဘူး၊ငါကအခု ခ်ီကာဂို မွာ။ မင္းငါ့ကိုေတာ့လာေတြ႕ႏိုင္မယ္မထင္ဘူးလို႔ သူကျပန္ေျပာတယ္။က်ေနာ္လည္း ခ်က္ခ်င္းပဲ ခ်ီကာဂို ေလယာဥ္စီစဥ္ၿပီးလိုက္သြားလိုက္တယ္။”

“ေဘာစ့္က က်ေနာ့္ကိုေတြ႕ေဝာာ့ နည္းနည္းလန႔္သြားပုံရတယ္၊က်ေနာ္ ဒီအေျပာင္းေ႐ႊ႕ကိုတကယ္လုပ္ခ်င္ေနမွန္းသူရိပ္မိသြားၿပီေလ။သူကက်ေနာ့္ကို ေနာက္တပတ္က်ရင္ မန္ခ်က္စတာကိုျပန္လာၿပီးလာေတြ႕ ငါမင္းကို ေနာက္ဆုံးအေျဖျပန္ေပးမယ္လို႔ေျပာတယ္။ၿပီးေတာ့ ငါ့ကိုယုံ၊ငါကမင္းဘက္မွာပဲ၊မင္းဘာပဲလိုခ်င္ေနေန ငါမင္းကိုကူညီေပးမယ္လို႔ ဆက္ေျပာသြားတယ္။က်ေနာ္ကသူ႔ကို ေဘာစ့္၊က်ေနာ္လိုခ်င္တာက ေပးသြားဖို႔ပဲ။ဘယ္လိုပဲျဖစ္ျဖစ္ က်ေနာ့္စာခ်ဳပ္ကကုန္ေနၿပီ ဒီေတာ့ က်ေနာ့္ကိုေပးသြားပါ။ဒီေတာ့ ေဘာစ့္က ေကာင္းၿပီ၊စိတ္မပူနဲ႔ ေကာင္းေသာ ရက္သတၱပတ္ျဖစ္ပါေစ၊မင္းကို ေနာက္ထပ္တစ္ပတ္အားလပ္ရက္အျဖစ္ငါေပးလိုက္တယ္ လို႔ေျပာခဲ့တယ္”

“မန္ခ်က္စတာကိုျပန္ေရာက္ၿပီး ကာရင္တန္ကို ‌သြားခဲ့တယ္။ေဘာစ့္ဘယ္မွာလည္းလို႔ေမးေတာ့ အားလုံးကမရွိဘူးလို႔ပဲ‌ျပန္ေျဖတယ္။စိတ္ထဲမွာေတာ့ ေဘာစ့္က ငါ့ကို ‌ဒီေန႔လာေတြ႕လို႔ေျပာၿပီး တကယ္က် သူမရွိဘူးဆိုၿပီးေတြးေနမိတယ္။နည္းနည္းလည္းစိတ္တိုသြားတာေပါ့။ေနာက္တရက္က် က်ေနာ္ပိုၿပီးေပါက္ကြဲသြားတယ္။ဒါေၾကာင့္ ေဘာစ့္႐ုံးခန္းတံခါးကိုသြားေခါက္ၿပီး သူ႔ကို မေန႔ထဲကေစာင့္ေနေၾကာင္းေျပာလိုက္တယ္။ေဘာစ့္က ‌ပက္ထရစ္ေရ မင္းကိုေတာင္းပန္ပါတယ္။ငါေနာက္ထပ္ ဘယ္ေနာက္ခံလူမ်ားရႏိုင္မလားလို႔လိုက္ရွာေနတာပါ။ဒါေပမယ့္ မင္းလိုကစားႏိုင္တဲ့ ဘယ္ေနာက္ခံလူ ငါထပ္ၿပီးရွာ‌မေတြ႕ဘူးတဲ့။က်ေနာ္ကလည္း ဒါေပါ့ အျခားမတူညီတဲ့ကစားသမားကိုပဲရွာလို႔ရလိမ့္မယ္၊က်ေနာ္နဲ႔တူညီတဲ့သူေတာ့ဘယ္ရွာရမလည္း က်ေနာ္ကျပည့္စုံတယ္ေလ။အျခားျပည့္စုံတဲ့ကစားသမားေရာ ေဘာစ့္သိလား လို႔ျပန္ေမးလိုက္တယ္။ေဘာစ့္က ပက္ထရစ္ ငါ့ကိုလက္ဆြဲႏႈတ္ဆက္လိုက္။  ငါ့ကိုယုံ မင္းကိုေနာက္ထပ္ေလးႏွစ္စာခ်ဳပ္သစ္ေပးမယ္။က်ေနာ္လည္းအေတာ္အံအားသင့္သြားတယ္ ဝိုး၊ေဘာစ့္ က်ေနာ့္မိန္းမကိုရီးရဲလ္မက္ဒရစ္ ေျပာင္းမယ့္အေၾကာင္း က်ေနာ္ေျပာၿပီးေနၿပီ ဆိုေတာ့ ေဘာစ့္ ငါ့လက္ကိုသာဆြဲလိုက္စမ္းပါ၊မင္းကို ေနာက္ထပ္ေလးႏွစ္ ထပ္ခ်ဳပ္ေပးမယ္တဲ့”

“ဒီေတာ့က်ေနာ္လည္းသူ႔လက္ကိုေကာက္ဆြဲလိုက္တယ္။ေနာက္ထပ္ေလးႏွစ္ထပ္ခ်ဳပ္ခဲ့တယ္ ဒါေပမယ့္ က်ေနာ့္လက္ကိုဆြဲထားရင္းပဲ ေဘာစ့္က “ပက္ထရစ္ ငါစိတ္ေတာ့မေကာင္းဘူး၊မင္းရဲ႕ လက္ပတ္ကို နီမန္ဂ်ာဗီဒစ္ကိုေပးရလိမ့္မယ္။ဘာလို႔လည္းဆို မင္းကထြက္ခြာခ်င္ခဲ့တယ္ေလ။ မင္းစိတ္ထဲမွာ လုံးဝမသြားခ်င္တာငါသိေပမယ့္ မင္းထြက္သြားဖို႔ေတာ့ ႀကိဳးစားခဲ့တယ္မဟုတ္လား။ဒါေၾကာင့္ မင္းကအသင္းအေပၚသစၥာဆက္ရွိေသးရဲ႕လား ငါမသိတာေၾကာင့္ လက္ပတ္ကို နီမန္ဂ်ာဆီ ငါေပးလိုက္တယ္ လို႔ေျပာသြားခဲ့တယ္”

unicode

ယူနိုက်တဒ် နောက်ခံလူဟောင်း အီဗရာက ၂၀၁၀ မှာ ရီးရဲလ်မက်ဒရစ် ရဲ့ မြင့်မားတဲ့ လစာနဲ့ ပြောင်းရွှေ့ဖို့ကမ်းလှမ်းခဲ့တာကို လက်ခံလုနီးနီးအထိဖြစ်ခဲ့ပြီး ဆာအဲလက်စ်ကြောင့်သာ ပျက်ပြယ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။သို့ပေမယ့်လည်း ပြောင်းရွှေ့ဖို့ကြိုးစားခဲ့တဲ့အတွက် ပြန်လည်ပေးဆပ်ခဲ့ရတဲ့အရင်းအနှီးကတော့ အတော်ကိုကြီးမားခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးနဲ့လက်ပတ်ကို စွန့်လွှတ်ပေးခဲ့ရပါတယ်။ ဆာအဲလက်စ် က သူ့အသင်းခေါင်းဆောင်ရွေးချယ်ရေးမှာ သစ္စာရှိမှု့ကို ဦးစားပေးတာဖြစ်လို့ အသင်းကနေ ထွက်ခွာဖို့ကြိုးပမ်းခဲ့တဲ့သူကို လက်ပတ်ပြန်လည်ရုတ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။

အီဗရာက” ၂၀၁၀ မှာ ရီးရဲလ်မက်ဒရစ် က တကယ့်ကြီးမားတဲ့ကမ်းလှမ်းချက်နဲ့ရောက်လာတယ်။ကျနော်ကလည်းယူနိုက်တဒ်နဲ့စာချုပ်သက်တမ်းကပြည့်တော့မယ်။ဘောစ့်ကလည်း ပက်ထရစ်ရေ မင်းဘာမဆိုလုပ်နိုင်တယ်ဆိုတာမင်းသိပါတယ်၊ ဒါပေမယ့် အသင်းကနေတော့ထွက်လို့မရဘူး လို့သတိပေးထားတယ်။ကျနော်ကတော့ ဟုတ်ပြီ ။ ကျနော့်အေးဂျင့်နဲ့စကားပြောပြီး အဆုံးသတ်လိုက်ပါ။  ကျနော်ဆက်နေမယ် လို့ပြန်ပြောခဲ့တယ်။၂၀၁၀ ကမ္ဘာ့ဖလားပြီးတော့ မန်ယူနိုက်တဒ်က ချီကာဂို မှာရာသီကြိုလေ့ကျင့်ခန်းဆင်းနေတာပေါ့၊ဘောစ့်ကိုကျနော် ဖုန်းဆက်လိုက်ပြီး ဘောစ့်ရေ ကျနော် ရီးရဲလ်မက်ဒရစ်ကို ပြောင်းတော့မယ်လို့ပြောလိုက်တယ်။ ဘောစ့်က မင်းငါနဲ့လာမတွေ့ရသေးပဲ။  ပြောင်းလို့မရဘူး၊ငါကအခု ချီကာဂို မှာ။ မင်းငါ့ကိုတော့လာတွေ့နိုင်မယ်မထင်ဘူးလို့ သူကပြန်ပြောတယ်။ကျနော်လည်း ချက်ချင်းပဲ ချီကာဂို လေယာဉ်စီစဉ်ပြီးလိုက်သွားလိုက်တယ်။”

“ဘောစ့်က ကျနော့်ကိုတွေ့ဝောာ့ နည်းနည်းလန့်သွားပုံရတယ်၊ကျနော် ဒီအပြောင်းရွှေ့ကိုတကယ်လုပ်ချင်နေမှန်းသူရိပ်မိသွားပြီလေ။သူကကျနော့်ကို နောက်တပတ်ကျရင် မန်ချက်စတာကိုပြန်လာပြီးလာတွေ့ ငါမင်းကို နောက်ဆုံးအဖြေပြန်ပေးမယ်လို့ပြောတယ်။ပြီးတော့ ငါ့ကိုယုံ၊ငါကမင်းဘက်မှာပဲ၊မင်းဘာပဲလိုချင်နေနေ ငါမင်းကိုကူညီပေးမယ်လို့ ဆက်ပြောသွားတယ်။ကျနော်ကသူ့ကို ဘောစ့်၊ကျနော်လိုချင်တာက ပေးသွားဖို့ပဲ။ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်စာချုပ်ကကုန်နေပြီ ဒီတော့ ကျနော့်ကိုပေးသွားပါ။ဒီတော့ ဘောစ့်က ကောင်းပြီ၊စိတ်မပူနဲ့ ကောင်းသော ရက်သတ္တပတ်ဖြစ်ပါစေ၊မင်းကို နောက်ထပ်တစ်ပတ်အားလပ်ရက်အဖြစ်ငါပေးလိုက်တယ် လို့ပြောခဲ့တယ်”

“မန်ချက်စတာကိုပြန်ရောက်ပြီး ကာရင်တန်ကို ‌သွားခဲ့တယ်။ဘောစ့်ဘယ်မှာလည်းလို့မေးတော့ အားလုံးကမရှိဘူးလို့ပဲ‌ပြန်ဖြေတယ်။စိတ်ထဲမှာတော့ ဘောစ့်က ငါ့ကို ‌ဒီနေ့လာတွေ့လို့ပြောပြီး တကယ်ကျ သူမရှိဘူးဆိုပြီးတွေးနေမိတယ်။နည်းနည်းလည်းစိတ်တိုသွားတာပေါ့။နောက်တရက်ကျ ကျနော်ပိုပြီးပေါက်ကွဲသွားတယ်။ဒါကြောင့် ဘောစ့်ရုံးခန်းတံခါးကိုသွားခေါက်ပြီး သူ့ကို မနေ့ထဲကစောင့်နေကြောင်းပြောလိုက်တယ်။ဘောစ့်က ‌ပက်ထရစ်ရေ မင်းကိုတောင်းပန်ပါတယ်။ငါနောက်ထပ် ဘယ်နောက်ခံလူများရနိုင်မလားလို့လိုက်ရှာနေတာပါ။ဒါပေမယ့် မင်းလိုကစားနိုင်တဲ့ ဘယ်နောက်ခံလူ ငါထပ်ပြီးရှာ‌မတွေ့ဘူးတဲ့။ကျနော်ကလည်း ဒါပေါ့ အခြားမတူညီတဲ့ကစားသမားကိုပဲရှာလို့ရလိမ့်မယ်၊ကျနော်နဲ့တူညီတဲ့သူတော့ဘယ်ရှာရမလည်း ကျနော်ကပြည့်စုံတယ်လေ။အခြားပြည့်စုံတဲ့ကစားသမားရော ဘောစ့်သိလား လို့ပြန်မေးလိုက်တယ်။ဘောစ့်က ပက်ထရစ် ငါ့ကိုလက်ဆွဲနှုတ်ဆက်လိုက်။  ငါ့ကိုယုံ မင်းကိုနောက်ထပ်လေးနှစ်စာချုပ်သစ်ပေးမယ်။ကျနော်လည်းအတော်အံအားသင့်သွားတယ် ဝိုး၊ဘောစ့် ကျနော့်မိန်းမကိုရီးရဲလ်မက်ဒရစ် ပြောင်းမယ့်အကြောင်း ကျနော်ပြောပြီးနေပြီ ဆိုတော့ ဘောစ့် ငါ့လက်ကိုသာဆွဲလိုက်စမ်းပါ၊မင်းကို နောက်ထပ်လေးနှစ် ထပ်ချုပ်ပေးမယ်တဲ့”

“ဒီတော့ကျနော်လည်းသူ့လက်ကိုကောက်ဆွဲလိုက်တယ်။နောက်ထပ်လေးနှစ်ထပ်ချုပ်ခဲ့တယ် ဒါပေမယ့် ကျနော့်လက်ကိုဆွဲထားရင်းပဲ ဘောစ့်က “ပက်ထရစ် ငါစိတ်တော့မကောင်းဘူး၊မင်းရဲ့ လက်ပတ်ကို နီမန်ဂျာဗီဒစ်ကိုပေးရလိမ့်မယ်။ဘာလို့လည်းဆို မင်းကထွက်ခွာချင်ခဲ့တယ်လေ။ မင်းစိတ်ထဲမှာ လုံးဝမသွားချင်တာငါသိပေမယ့် မင်းထွက်သွားဖို့တော့ ကြိုးစားခဲ့တယ်မဟုတ်လား။ဒါကြောင့် မင်းကအသင်းအပေါ်သစ္စာဆက်ရှိသေးရဲ့လား ငါမသိတာကြောင့် လက်ပတ်ကို နီမန်ဂျာဆီ ငါပေးလိုက်တယ် လို့ပြောသွားခဲ့တယ်”

Leave a Reply

Your email address will not be published. Required fields are marked *