ဆာအဲလက္စ္က အနားမယူခင္ေနာက္ဆုံးႏွစ္မွာ အေကာင္းဆုံးကစားသမား(၂)ဦးကိုေခၚယူၿပီး အၾကံႀကီးခဲ့ေသးေၾကာင္း အီဗရာဖြင့္ဟ

ပက္ထရစ္အီဗရာ က ယူႏိုက္တဒ္ နဲ႔ ျပဳလုပ္တဲ့ အက္တာဗ်ဴး မွာ ပရိတ္သတ္တိုင္း ေရွာခ့္ ရသြားေစႏိုင္တဲ့ အေျဖကို ဖြင့္ဟခဲ့ပါတယ္။ ၂၀၁၃ ခုႏွစ္တုံးက လိဂ္ဖလား အႀကိမ္ ၂၀ ခ်န္ပီယံျဖစ္ၿပီးေနာက္ ယူႏိုက္တဒ္ ဂု႐ုႀကီး ဆာအဲလက္စ္ဖာဂူဆန္ ဟာ ဇနီးသည္ ကို အခ်ိန္ေပးခ်င္တာေၾကာင့္ ေဘာလုံး ေလာက ကေန အနားယူသြားခဲ့ပါတယ္။ဆာအဲလက္စ္ ဟာ ထိုစဥ္က အနားမယူခ်င္ေသးပဲ ကမာၻ႔အေကာင္းဆူံးကစားသမားျဖစ္တဲ့ ေရာ္နယ္ဒို နဲ႔ လိဂ္အေကာင္းဆုံးကစားသမားျဖစ္ေနတဲ့ ေဘလ္း တို႔ကို ေခၚယူကာ ခ်န္ပီယံလိဂ္ဖလား ထပ္ယူဖို႔ ႀကံစည္ခဲ့ေသးတယ္လို႔ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

အီဗာရာက” က်ေနာ့္ ယူႏိုက္တဒ္ ကစားသမား ဘဝမွာ ထိခိုက္နာက်င္ရဆုံးအခိုက္တံ့ကိုေျပာပါဆိုရင္ က်ေနာ္အခုေျပာျပမယ့္ဟာပဲျဖစ္လိမ့္မယ္။ သူအနားမယူခင္ ႏွစ္ပတ္အလိုမွာ ဒီသတင္းေတြကအေတာ္ေလးထြက္ေနၿပီ။ဖာဂူဆန္ က ေနာက္ႏွစ္ဆိုရင္ အနားယူေတာ့မယ္ဆိုတာေတြေပါ့။ေဘာစ့္ကေတာ့ ပက္ထရစ္ ငါလုံးဝအနားမယူဘူး။ငါဒီမွာေနာက္ထပ္ ဆယ္ႏွစ္ေလာက္ ရွိေနဦးမယ္။ငါ့ရည္မွန္းခ်က္က ခရစ္တီယာႏို နဲ႔ ေဘလ္းကို ေခၚယူဖို႔ပဲ။  ဒါကလည္း ၉၉% ေလာက္ေသခ်ာေနၿပီ။ ဒီႏွစ္ေယာက္သာထပ္ရရင္ ခ်န္ပီယံလိဂ္ျပန္ရဖို႔က ၉၉% ေသခ်ာသေလာက္ပဲ။ က်ေနာ္လည္း ခရစ္တီယာႏိုကို လွမ္းေမးလိုက္တယ္။ သူကလည္း ေဘာစ့္ကို ျပန္လာမယ္လို႔ေျပာၿပီးေၾကာင္း ယူႏိုက္တဒ္ကို ျပန္လာေတာ့မယ္လို႔ ျပန္အေၾကာင္းျပန္လာတယ္။”

“ေနာက္ႏွစ္ပတ္အၾကာ က်ေနာ္တို႔က အဝတ္လဲခန္းထဲထိုင္ေစာင့္ေနၾကတယ္။က်ေနာ္ကာရင္တန္ကိုေရာက္ထဲက ကင္မရာေတြအမ်ားအျပားကိုျမင္ေတြ႕ခဲ့ရေတာ့။  ဝိုး၊တခုခုေတာ့ မွားေနတာေသခ်ာၿပီ။ ကစားသမားတစ္ေယာက္ေယာက္ကမ်ား သတင္းတစ္ခုလုပ္ျပန္ၿပီလားလို႔ေတြးမိေသးတယ္။တစ္ကယ္လို႔ တစ္ေယာက္ေယာက္ က မွားယြင္းတာတစ္ခုလုပ္လိုက္မ္ရင္ က်ေနာ္တို႔အကုန္လုံး ျပသနာတက္မွာေလ။ဒါေပမယ့္ က်ေနာ္တို႔ဝင္လာေတာ့ ဝန္ထမ္းေတြက မင္းတို႔အားလုံး အဝတ္လဲခန္းမွာ ေစာင့္ေပးၾကပါ။  ေဘာစ့္က ေျပာစရာရွိေနတယ္ လို႔လာေျပာတယ္။ေဘာစ့္ကအခန္းထဲဝင္လာၿပီး တခုခုလာေျပာၿပီဆို ဒါကသတင္းေကာင္းေတာ့ ဘယ္တုန္းကမွ မဟုတ္ခဲ့ဘူး။ ”

“သူဝင္လာၿပီးေတာ့ ငါေတာင္းပန္ပါတယ္။အျခားလူေတြက ငါအနားယူၿပီလို႔မေျပာေသးခင္ ငါကိုယ္တိုင္ပဲ လာေျပာတာပါ။ ဒါေၾကာင့္လည္း ကင္အရာေတြအမ်ားႀကီးကိုမင္းတို႔ျမင္ေတြ႕ခဲ့ရတာေပါ့။ ငါအနားယူရတဲ့ အေၾကာင္းအရင္းက ငါ့မိန္းမကငါ့ကိုလိုအပ္ေနၿပီလို႔ေျပာတယ္။ ၿပီးေတာ့ သူ ဗန္ပါစီ ကို ေတာင္းပန္တယ္၊ရွင္ဂ်ီကာဂါဝါ ကိုလည္းေတာင္းပန္ခဲ့တယ္။  ဘာလို႔လည္းဆိုေတာ့ ဒီကစားသမားေတြကို သူဝယ္ခဲ့တာေလ။သူတို႔ကို အထူးဂ႐ုစိုက္ၿပီးေတာင္းပန္ခဲ့တယ္။က်ေနာ္ျဖင့္လုံးဝမယုံၾကည္ႏိုင္ေအာင္ပဲ၊ ဟာသတစ္ခုလုပ္ေနတယ္လို႔ကိုထင္ခဲ့တာ။မွတ္မိ ေသး တယ္ က်ေနာ္အိမ္ကိုကားေမာင္းၿပီးျပန္သြားေတာ့ ၊ ခမ်ားတို႔သိမွာပါ ကားသာေမာင္းေနတာ စိတ္ကေတာ့ ဒီထဲရွိမေနတာမ်ိဳးေလ။က်ေနာ္‌့စိတ္ထဲ သူတကယ္အနားယူသြားၿပီလား၊ဒါကတကယ္ႀကီးလားလို႔ပဲ ေတြးေနမိတာ”

“မိန္းမက ဘာျဖစ္လာတာလည္း လို႔ေမးေတာ့ ဖာဂူဆန္ အနားယူသြားၿပီလို႔ေျပာလိုက္တယ္။သူမက ဝိုး သတင္းေကာင္းပဲ ေနာက္ႏွစ္ေတာ့အသင္းေျပာင္းၾကမယ္လို႔လာေျပာတယ္။ ငါကဖာဂူဆန္အတြက္ကစားေနတာမဟုတ္ဘူး။ ငါ့ရင္ဘတ္ကတံဆိပ္အတြက္ကစားေနတာ။ပရိတ္သတ္ေတြအတြက္ကစားေနတာ ၊ ေဘာစ့္အတြက္ ၊ အသင္းေဖာ္ေတြအတြက္ ကစားေပးေနတာ ဒါေၾကာင့္ သူအနားယူတာက အသင္းကထြက္ဖို႔အေၾကာင္းျပခ်က္ျဖစ္လာမွာမဟုတ္ဘူးလို႔ျပန္ေျပာခဲ့တယ္။ဒါေပမယ့္ အေတာ္ေလးနာက်င္ခဲ့ရတယ္။ က်ေနာ့္အေတြးတိုင္းက ဖာဂူဆန္ ပဲေလ။ က်ေနာ္က ဘယ္တုန္းကမွ ဆာအဲလက္စ္ စိတ္ဆိုးမွာကိုမေၾကာက္ဖူးဘူး။ က်ေနာ္ေၾကာက္တာက သူက်ေနာ့္ကို စိတ္ပ်က္သြားမွာပဲေၾကာက္တာ။ပြဲကိုေကာင္းေကာင္းမစားႏိုင္ပဲ သူ႔ေမွ်ာ္လင့္ခ်က္ေတြ က်သြားမွာကိုပဲက်ေနာ္ေၾကာက္ခဲ့တာ” ဟု အီဗရာက ျပန္ေျပာင္းေျပသြားခဲ့ပါတယ္။

unicode

ပက်ထရစ်အီဗရာ က ယူနိုက်တဒ် နဲ့ ပြုလုပ်တဲ့ အက်တာဗျူး မှာ ပရိတ်သတ်တိုင်း ရှောခ့် ရသွားစေနိုင်တဲ့ အဖြေကို ဖွင့်ဟခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုံးက လိဂ်ဖလား အကြိမ် ၂၀ ချန်ပီယံဖြစ်ပြီးနောက် ယူနိုက်တဒ် ဂုရုကြီး ဆာအဲလက်စ်ဖာဂူဆန် ဟာ ဇနီးသည် ကို အချိန်ပေးချင်တာကြောင့် ဘောလုံး လောက ကနေ အနားယူသွားခဲ့ပါတယ်။ဆာအဲလက်စ် ဟာ ထိုစဉ်က အနားမယူချင်သေးပဲ ကမ္ဘာ့အကောင်းဆူံးကစားသမားဖြစ်တဲ့ ရော်နယ်ဒို နဲ့ လိဂ်အကောင်းဆုံးကစားသမားဖြစ်နေတဲ့ ဘေလ်း တို့ကို ခေါ်ယူကာ ချန်ပီယံလိဂ်ဖလား ထပ်ယူဖို့ ကြံစည်ခဲ့သေးတယ်လို့ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

အီဗာရာက” ကျနော့် ယူနိုက်တဒ် ကစားသမား ဘဝမှာ ထိခိုက်နာကျင်ရဆုံးအခိုက်တံ့ကိုပြောပါဆိုရင် ကျနော်အခုပြောပြမယ့်ဟာပဲဖြစ်လိမ့်မယ်။ သူအနားမယူခင် နှစ်ပတ်အလိုမှာ ဒီသတင်းတွေကအတော်လေးထွက်နေပြီ။ဖာဂူဆန် က နောက်နှစ်ဆိုရင် အနားယူတော့မယ်ဆိုတာတွေပေါ့။ဘောစ့်ကတော့ ပက်ထရစ် ငါလုံးဝအနားမယူဘူး။ငါဒီမှာနောက်ထပ် ဆယ်နှစ်လောက် ရှိနေဦးမယ်။ငါ့ရည်မှန်းချက်က ခရစ်တီယာနို နဲ့ ဘေလ်းကို ခေါ်ယူဖို့ပဲ။  ဒါကလည်း ၉၉% လောက်သေချာနေပြီ။ ဒီနှစ်ယောက်သာထပ်ရရင် ချန်ပီယံလိဂ်ပြန်ရဖို့က ၉၉% သေချာသလောက်ပဲ။ ကျနော်လည်း ခရစ်တီယာနိုကို လှမ်းမေးလိုက်တယ်။ သူကလည်း ဘောစ့်ကို ပြန်လာမယ်လို့ပြောပြီးကြောင်း ယူနိုက်တဒ်ကို ပြန်လာတော့မယ်လို့ ပြန်အကြောင်းပြန်လာတယ်။”

“နောက်နှစ်ပတ်အကြာ ကျနော်တို့က အဝတ်လဲခန်းထဲထိုင်စောင့်နေကြတယ်။ကျနော်ကာရင်တန်ကိုရောက်ထဲက ကင်မရာတွေအများအပြားကိုမြင်တွေ့ခဲ့ရတော့။  ဝိုး၊တခုခုတော့ မှားနေတာသေချာပြီ။ ကစားသမားတစ်ယောက်ယောက်ကများ သတင်းတစ်ခုလုပ်ပြန်ပြီလားလို့တွေးမိသေးတယ်။တစ်ကယ်လို့ တစ်ယောက်ယောက် က မှားယွင်းတာတစ်ခုလုပ်လိုက်မ်ရင် ကျနော်တို့အကုန်လုံး ပြသနာတက်မှာလေ။ဒါပေမယ့် ကျနော်တို့ဝင်လာတော့ ဝန်ထမ်းတွေက မင်းတို့အားလုံး အဝတ်လဲခန်းမှာ စောင့်ပေးကြပါ။  ဘောစ့်က ပြောစရာရှိနေတယ် လို့လာပြောတယ်။ဘောစ့်ကအခန်းထဲဝင်လာပြီး တခုခုလာပြောပြီဆို ဒါကသတင်းကောင်းတော့ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ ”

“သူဝင်လာပြီးတော့ ငါတောင်းပန်ပါတယ်။အခြားလူတွေက ငါအနားယူပြီလို့မပြောသေးခင် ငါကိုယ်တိုင်ပဲ လာပြောတာပါ။ ဒါကြောင့်လည်း ကင်အရာတွေအများကြီးကိုမင်းတို့မြင်တွေ့ခဲ့ရတာပေါ့။ ငါအနားယူရတဲ့ အကြောင်းအရင်းက ငါ့မိန်းမကငါ့ကိုလိုအပ်နေပြီလို့ပြောတယ်။ ပြီးတော့ သူ ဗန်ပါစီ ကို တောင်းပန်တယ်၊ရှင်ဂျီကာဂါဝါ ကိုလည်းတောင်းပန်ခဲ့တယ်။  ဘာလို့လည်းဆိုတော့ ဒီကစားသမားတွေကို သူဝယ်ခဲ့တာလေ။သူတို့ကို အထူးဂရုစိုက်ပြီးတောင်းပန်ခဲ့တယ်။ကျနော်ဖြင့်လုံးဝမယုံကြည်နိုင်အောင်ပဲ၊ ဟာသတစ်ခုလုပ်နေတယ်လို့ကိုထင်ခဲ့တာ။မှတ်မိ သေး တယ် ကျနော်အိမ်ကိုကားမောင်းပြီးပြန်သွားတော့ ၊ ခများတို့သိမှာပါ ကားသာမောင်းနေတာ စိတ်ကတော့ ဒီထဲရှိမနေတာမျိုးလေ။ကျနော်‌့စိတ်ထဲ သူတကယ်အနားယူသွားပြီလား၊ဒါကတကယ်ကြီးလားလို့ပဲ တွေးနေမိတာ”

“မိန်းမက ဘာဖြစ်လာတာလည်း လို့မေးတော့ ဖာဂူဆန် အနားယူသွားပြီလို့ပြောလိုက်တယ်။သူမက ဝိုး သတင်းကောင်းပဲ နောက်နှစ်တော့အသင်းပြောင်းကြမယ်လို့လာပြောတယ်။ ငါကဖာဂူဆန်အတွက်ကစားနေတာမဟုတ်ဘူး။ ငါ့ရင်ဘတ်ကတံဆိပ်အတွက်ကစားနေတာ။ပရိတ်သတ်တွေအတွက်ကစားနေတာ ၊ ဘောစ့်အတွက် ၊ အသင်းဖော်တွေအတွက် ကစားပေးနေတာ ဒါကြောင့် သူအနားယူတာက အသင်းကထွက်ဖို့အကြောင်းပြချက်ဖြစ်လာမှာမဟုတ်ဘူးလို့ပြန်ပြောခဲ့တယ်။ဒါပေမယ့် အတော်လေးနာကျင်ခဲ့ရတယ်။ ကျနော့်အတွေးတိုင်းက ဖာဂူဆန် ပဲလေ။ ကျနော်က ဘယ်တုန်းကမှ ဆာအဲလက်စ် စိတ်ဆိုးမှာကိုမကြောက်ဖူးဘူး။ ကျနော်ကြောက်တာက သူကျနော့်ကို စိတ်ပျက်သွားမှာပဲကြောက်တာ။ပွဲကိုကောင်းကောင်းမစားနိုင်ပဲ သူ့မျှော်လင့်ချက်တွေ ကျသွားမှာကိုပဲကျနော်ကြောက်ခဲ့တာ” ဟု အီဗရာက ပြန်ပြောင်းပြေသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *