ဘ႐ူႏိုေရြးတဲ့ ပရီးမီးယားလိဂ္သမိုင္းတေလ်ာက္အေကာင္းဆုံး (၅)ေယာက္အသင္း

ယူႏိုက္တက္အသင္းသို႔ေရာက္ရွိခဲ့ၿပီး အလန္းစား ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕သမိုင္းတေလ်ာက္ အေကာင္းဆုံး (၅)ေယာက္အသင္းကို ေရြးခ်ယ္သြားခဲ့ပါတယ္။ သူဟာ ယူႏိုက္တက္ အတြက္ ကစားေပး ခဲ့တဲ့ အမွတ္ေပး ဖလား ပြဲစဥ္ ေတြမွာ ကိုယ္တိုင္ 8 ဂိုး သြင္းယူ 7 ႀကိမ္ အထိ ဂိုး ဖန္တီး ေပးႏိုင္ ခဲ့ၿပီး 14 ပြဲဆက္ ရႈံးပြဲ မရွိေအာင္ ကူညီ ေပးႏိုင္ခဲ့ ပါတယ္ ။ ထို႔အတူ ယူႏိုက္တက္ တို႔လည္း ရာသီ အကုန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ ရရွိ ခဲ့ၾက ပါတယ္ ။

ဘ႐ူႏိုရဲ႕ ေရြးခ်ယ္မႈ(၅) ေယာက္မွာ ထူးျခားေနတာကေတာ့ တႏိုင္ငံတည္းသား ေပၚတူဂီလူမ်ိဳးေတြသာ ျဖစ္ခဲ့ပါတယ္။ဘ႐ူႏိုဟာ ခ်ယ္ဆီးကြင္းလယ္လူေဟာင္းျဖစ္တဲ့ ေဒကို ကိုထည့္သြင္းေရြးခ်ယ္ခဲ့သလို ယူႏိုက္တက္ ကစားသမားေဟာင္း စီေရာ္နယ္ဒိုအျပင္ ဝုဗ္အသင္းက ကစားသမားေတြကိုလည္း ထည့္သြင္းေရြးခ်ယ္ခဲ့ပါတယ္။

” ပရီးမီးယားလိဂ္မွာ ေပၚတူဂီလူမ်ိဳးကစားသမားေကာင္းေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ ပထမဆုံးေရြးခ်ယ္ခ်င္တာကေတာ့ ဂိုးသမားအျဖစ္ ႐ူအီ(ပထရီစီယို)ပါ။ ခံစစ္မႈးအျဖစ္ကေတာ့ ကာဗယ္ဟိုျဖစ္ၿပီး သူက ေပၚတူဂီရဲ႕သမိုင္းတေလ်ာက္ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ေယာက္ပဲေလ။ ေနာက္ၿပီး ကြင္းလယ္မွာဆိုရင္ေတာ့ ေမာ္တင္ဟိုကို ေရြးပါမယ္။ သူက က်ေနာ့္တို႔အထဲမွာဆိုရင္ စမတ္အျဖစ္ဆုံး ကစားသမားတစ္ေယာက္လို႔ ထင္ပါတယ္။”

” ၿပီးေတာ့ ေဒကို ကို ေရြးခ်ယ္ရပါမယ္။ ေပၚတူဂီအတြက္ဆိုရင္ေတာ့ သူက ႐ူအီေကာ္စတာနဲ႔တြဲဖက္ကစားဖူးတဲ့ အေကာင္းဆုံး နံပါတ္(၁၀) ကစားသမားတေယာက္ပဲေလ။ဒါေၾကာင့္ ေဒကိုကို ေသခ်ာေပါက္ ေရြးရပါမယ္။ တိုက္စစ္အတြက္ကေတာ့ စဥ္းစားေနဖို႔ေတာ့မလိုပါဘူး။ စီေရာ္နယ္ဒိိုကိုပဲ ေရြးခ်ယ္ပါမယ္။ ကာဗယ္ဟိုက ခံစစ္ကိုေကာင္းေကာင္း ကာကြယ္ႏိုင္တာေၾကာင့္ ခံစစ္မွာ သူ႔တစ္ေယာက္ထဲကိုပဲ ေရြးခ်ယ္တာပါ။ၿပီးေတာ့ ခရစၥတီယာႏို ဆီကို ေဘာလုံး  ေပးဖို႔ အတြက္ ေဒကို ရွိေန ပါတယ္ ။ ခရစၥတီယာႏို ကေတာ့ ဂိုးေတြ သြင္းယူမွာ ပါပဲ ။ ဒါ့ေၾကာင့္ ဒီ အသင္းက ျပည့္စုံတဲ့ အသင္း တစ္သင္း ျဖစ္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္ ” ဟု ဘ႐ူႏိုဖာနန္ဒက္စ္က premier league productions မွာ ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။

unicode

ယူနိုက်တက်အသင်းသို့ရောက်ရှိခဲ့ပြီး အလန်းစား ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ ပရီးမီးယားလိဂ်ရဲ့သမိုင်းတလျောက် အကောင်းဆုံး (၅)ယောက်အသင်းကို ရွေးချယ်သွားခဲ့ပါတယ်။ သူဟာ ယူနိုက်တက် အတွက် ကစားပေး ခဲ့တဲ့ အမှတ်ပေး ဖလား ပွဲစဉ် တွေမှာ ကိုယ်တိုင် 8 ဂိုး သွင်းယူ 7 ကြိမ် အထိ ဂိုး ဖန်တီး ပေးနိုင် ခဲ့ပြီး 14 ပွဲဆက် ရှုံးပွဲ မရှိအောင် ကူညီ ပေးနိုင်ခဲ့ ပါတယ် ။ ထို့အတူ ယူနိုက်တက် တို့လည်း ရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိ ခဲ့ကြ ပါတယ် ။

ဘရူနိုရဲ့ ရွေးချယ်မှု(၅) ယောက်မှာ ထူးခြားနေတာကတော့ တနိုင်ငံတည်းသား ပေါ်တူဂီလူမျိုးတွေသာ ဖြစ်ခဲ့ပါတယ်။ဘရူနိုဟာ ချယ်ဆီးကွင်းလယ်လူဟောင်းဖြစ်တဲ့ ဒေကို ကိုထည့်သွင်းရွေးချယ်ခဲ့သလို ယူနိုက်တက် ကစားသမားဟောင်း စီရော်နယ်ဒိုအပြင် ဝုဗ်အသင်းက ကစားသမားတွေကိုလည်း ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။

” ပရီးမီးယားလိဂ်မှာ ပေါ်တူဂီလူမျိုးကစားသမားကောင်းတွေ အများကြီးရှိခဲ့ပါတယ်။ ပထမဆုံးရွေးချယ်ချင်တာကတော့ ဂိုးသမားအဖြစ် ရူအီ(ပထရီစီယို)ပါ။ ခံစစ်မှုးအဖြစ်ကတော့ ကာဗယ်ဟိုဖြစ်ပြီး သူက ပေါ်တူဂီရဲ့သမိုင်းတလျောက် အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ယောက်ပဲလေ။ နောက်ပြီး ကွင်းလယ်မှာဆိုရင်တော့ မော်တင်ဟိုကို ရွေးပါမယ်။ သူက ကျနော့်တို့အထဲမှာဆိုရင် စမတ်အဖြစ်ဆုံး ကစားသမားတစ်ယောက်လို့ ထင်ပါတယ်။”

” ပြီးတော့ ဒေကို ကို ရွေးချယ်ရပါမယ်။ ပေါ်တူဂီအတွက်ဆိုရင်တော့ သူက ရူအီကော်စတာနဲ့တွဲဖက်ကစားဖူးတဲ့ အကောင်းဆုံး နံပါတ်(၁၀) ကစားသမားတယောက်ပဲလေ။ဒါကြောင့် ဒေကိုကို သေချာပေါက် ရွေးရပါမယ်။ တိုက်စစ်အတွက်ကတော့ စဉ်းစားနေဖို့တော့မလိုပါဘူး။ စီရော်နယ်ဒိုကိုပဲ ရွေးချယ်ပါမယ်။ ကာဗယ်ဟိုက ခံစစ်ကိုကောင်းကောင်း ကာကွယ်နိုင်တာကြောင့် ခံစစ်မှာ သူ့တစ်ယောက်ထဲကိုပဲ ရွေးချယ်တာပါ။ပြီးတော့ ခရစ္စတီယာနို ဆီကို ဘောလုံး  ပေးဖို့ အတွက် ဒေကို ရှိနေ ပါတယ် ။ ခရစ္စတီယာနို ကတော့ ဂိုးတွေ သွင်းယူမှာ ပါပဲ ။ ဒါ့ကြောင့် ဒီ အသင်းက ပြည့်စုံတဲ့ အသင်း တစ်သင်း ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ” ဟု ဘရူနိုဖာနန်ဒက်စ်က premier league productions မှာ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *