ေပါ့ဘာရဲ႕အနာဂတ္နဲ႔ ယူႏိုက္တက္ကြင္းလယ္ပိုင္းကို ထင္ျမင္ခ်က္ေပးလိုက္တဲ့ ဂိုးသမားေဟာင္း

ယူႏိုက္တက္ ရဲ႕ ဂိုးသမားေဟာင္းျဖစ္သူ ေဘာ့နစ္ခ်စ္ကေတာ့ ကြင္းလယ္လူေပါ့ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ရဲ႕ ကြင္းလယ္အတြဲအဖက္ဟာ ယူႏိုက္တက္ကို တိုးတက္ေျပာင္းလဲေစႏိုင္ၿပီး ေနာက္ရာသီေတာင့္တင္းတဲ့ လူစာရင္းျဖစ္လာလိ္မ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ လက္ရွိမွာေတာ့ ေပါ့ဘာရဲ႕အေျပာင္းအေရႊ႕သတင္းေတြကထြက္ေပၚေနၿပီး ၎ကို ရီးရဲ ၊ ဂ်ဴဗင္နဲ႔ အင္တာအသင္းတို႔က အလိုရွိေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္ ကပ္ေရာဂါအေျခအေနေၾကာင့္ ကလပ္အသင္းေတြက ဘ႑ေရးအၾကပ္အတည္းႏွင့္ ရင္ဆိုင္ရႏိုင္ၿပီး တန္းဖိုးျမင့္မားတဲ့ ေပါ့ဘာရဲ႕အေျပာင္းအေရႊ႕အတြက္ လက္တြန္႔ေနၾကပါတယ္။ ဒါေၾကာင့္ ေပါ့ဘာအတြက္ ေငြေၾကးကုန္က်ႏိုင္တဲ့ အသင္းရွားပါးေနတာေၾကာင့္ ကစားသမားရဲ႕အနာဂတ္ဟာ အိုးထရက္ဖို႔မွာပဲ ဦးတည္ေနဖို႔မ်ားေနတာျဖစ္ပါတယ္။ေဘာ့နစ္ခ်္က ေပါ့ဘာအေနနဲ႔ ေနာက္ရာသီအသင္းမွာ ဆက္ရွိေနႏိုင္တဲ့အခြင့္အေရးေကာင္းေတြရွိေနတယ္လို႔ယုံၾကည္ေနၿပီး ဆိုးလ္ရွားကလည္း အရမ္းေကာင္းမြန္တဲ့ ကြင္းလယ္ပိုင္းကို တည္ေဆာက္ႏိုင္မယ္လို႔ ထင္ေနပါတယ္။

မတ္ေဘာ့စ္နစ္ခ်္က ” ဘာလုံးကိုခနေမ့ထားလိုက္ပါ။ ကမ႓ၻာေပၚမွာရွိတဲ့လုပ္ငန္းတိုင္းက အထိနာေနၾကပါတယ္။ ဆက္လက္ၿပီးေတာ့လည္း နစ္နာမႈေတြရွိလာဦးမွာပါ။ ေဘာလုံးေလာကကလည္း ထူးမျခားနားပဲေလ။ အဲဒိသက္ေရာက္မႈက အေျပာင္းအေရႊ႕ေတြမွာလည္း ထိခိုက္မႈရွိလာမွာပါ။

“အေျပာင္းအေရႊ႕ေတြ လုပ္လုိ႔ရတဲ့ အခ်ိန္မွာ ေရွ႕ဆက္ ဘယ္ေလာက္ ၾကာၾကာ သြားႏုိင္မွာလဲ၊ အခုေနကေတာ့ အေျပာင္းအေရႊ႕ေၾကးေတြဟာ ေလထဲမွာ ပ်ံ႕လြင့္ေနသလုိပါပဲ။ မၾကာမီအခ်ိန္တြင္းမွာ ေျမႀကီးေပၚက်သြားႏုိင္သလုိ နဂုိအေနအထားလည္း ျပန္ေရာက္ႏုိင္ပါတယ္။ ဒါကုိ ဘယ္သူမွ မသိပါဘူး”

” ေပါ့ဘာကိုလည္း ယူႏိုက္တက္မွာ ဆက္ရွိေစေနေစ လိုတယ္လို႔ က်ေနာ္ အရင္းတုန္းက ေျပာခဲ့ၿပီးသားပါ။ အထူးသျဖင့္ အခုဆိုရင္ ဘ႐ူႏိုကလည္း အလန္းစားလုပ္ေဆာင္ထားတယ္။ ေပါ့ဘာက အေကာင္းဆုံးအေနအထားနဲ႔ ဘ႐ူႏိုနဲ႔သာ ခ်ိတ္ဆက္ကစားလို႔ရွိရင္ ယူႏိုက္တက္က တကယ့္ေတာင္းတင္းသြားပါလိမ့္မယ္။”

“ကၽြန္ေတာ္ေျပာသလိုပါပဲ။ အေျခအေနေတြ ဘယ္လုိ ေျပာင္းလဲသြားမလဲဆုိတာ ေစာင့္ၾကည့္ေနရဦးမွာပါပဲ။ အခ်ိန္ေတြ ၾကာလာတာနဲ႔အမွ် လူေတြဟာ ထုိးေဖာက္စဥ္းစားလာၾကပါတယ္။ အဲဒီလုိ စဥ္းစားတာဟာ အေျခအေနေတြ ပံုမွန္ျပန္ျဖစ္တဲ့ တုိင္ေအာင္ပါပဲ၊ ေသခ်ာတာကေတာ့ အခ်ိန္ေတာ့ ယူရပါလိမ့္မယ္” ဟု ေျပာသြားခဲ့ပါတယ္။

Unicode

ယူနိုက်တက် ရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဘော့နစ်ချစ်ကတော့ ကွင်းလယ်လူပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ ကွင်းလယ်အတွဲအဖက်ဟာ ယူနိုက်တက်ကို တိုးတက်ပြောင်းလဲစေနိုင်ပြီး နောက်ရာသီတောင့်တင်းတဲ့ လူစာရင်းဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ လက်ရှိမှာတော့ ပေါ့ဘာရဲ့အပြောင်းအရွှေ့သတင်းတွေကထွက်ပေါ်နေပြီး ၎င်းကို ရီးရဲ ၊ ဂျူဗင်နဲ့ အင်တာအသင်းတို့က အလိုရှိနေတယ်လို့ သိရပါတယ်။

ဒါပေမယ့် ကပ်ရောဂါအခြေအနေကြောင့် ကလပ်အသင်းတွေက ဘဏ္ဍရေးအကြပ်အတည်းနှင့် ရင်ဆိုင်ရနိုင်ပြီး တန်းဖိုးမြင့်မားတဲ့ ပေါ့ဘာရဲ့အပြောင်းအရွှေ့အတွက် လက်တွန့်နေကြပါတယ်။ ဒါကြောင့် ပေါ့ဘာအတွက် ငွေကြေးကုန်ကျနိုင်တဲ့ အသင်းရှားပါးနေတာကြောင့် ကစားသမားရဲ့အနာဂတ်ဟာ အိုးထရက်ဖို့မှာပဲ ဦးတည်နေဖို့များနေတာဖြစ်ပါတယ်။ဘော့နစ်ချ်က ပေါ့ဘာအနေနဲ့ နောက်ရာသီအသင်းမှာ ဆက်ရှိနေနိုင်တဲ့အခွင့်အရေးကောင်းတွေရှိနေတယ်လို့ယုံကြည်နေပြီး ဆိုးလ်ရှားကလည်း အရမ်းကောင်းမွန်တဲ့ ကွင်းလယ်ပိုင်းကို တည်ဆောက်နိုင်မယ်လို့ ထင်နေပါတယ်။

မတ်ဘော့စ်နစ်ချ်က ” ဘာလုံးကိုခနမေ့ထားလိုက်ပါ။ ကမ္ဘ္ဘာပေါ်မှာရှိတဲ့လုပ်ငန်းတိုင်းက အထိနာနေကြပါတယ်။ ဆက်လက်ပြီးတော့လည်း နစ်နာမှုတွေရှိလာဦးမှာပါ။ ဘောလုံးလောကကလည်း ထူးမခြားနားပဲလေ။ အဲဒိသက်ရောက်မှုက အပြောင်းအရွှေ့တွေမှာလည်း ထိခိုက်မှုရှိလာမှာပါ။

“အပြောင်းအရွှေ့တွေ လုပ်လို့ရတဲ့ အချိန်မှာ ရှေ့ဆက် ဘယ်လောက် ကြာကြာ သွားနိုင်မှာလဲ၊ အခုနေကတော့ အပြောင်းအရွှေ့ကြေးတွေဟာ လေထဲမှာ ပျံ့လွင့်နေသလိုပါပဲ။ မကြာမီအချိန်တွင်းမှာ မြေကြီးပေါ်ကျသွားနိုင်သလို နဂိုအနေအထားလည်း ပြန်ရောက်နိုင်ပါတယ်။ ဒါကို ဘယ်သူမှ မသိပါဘူး”

” ပေါ့ဘာကိုလည်း ယူနိုက်တက်မှာ ဆက်ရှိစေနေစေ လိုတယ်လို့ ကျနော် အရင်းတုန်းက ပြောခဲ့ပြီးသားပါ။ အထူးသဖြင့် အခုဆိုရင် ဘရူနိုကလည်း အလန်းစားလုပ်ဆောင်ထားတယ်။ ပေါ့ဘာက အကောင်းဆုံးအနေအထားနဲ့ ဘရူနိုနဲ့သာ ချိတ်ဆက်ကစားလို့ရှိရင် ယူနိုက်တက်က တကယ့်တောင်းတင်းသွားပါလိမ့်မယ်။”

“ကျွန်တော်ပြောသလိုပါပဲ။ အခြေအနေတွေ ဘယ်လို ပြောင်းလဲသွားမလဲဆိုတာ စောင့်ကြည့်နေရဦးမှာပါပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ လူတွေဟာ ထိုးဖောက်စဉ်းစားလာကြပါတယ်။ အဲဒီလို စဉ်းစားတာဟာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်တဲ့ တိုင်အောင်ပါပဲ၊ သေချာတာကတော့ အချိန်တော့ ယူရပါလိမ့်မယ်” ဟု ပြောသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *