၂၀၁၉-၂၀ ေဘာလုံးရာသီ ယူႏိုက္တဒ္အသင္းရဲ႕ အေကာင္းဆုံးကစားသမားမ်ား

၂၀၁၉-၂၀၂၀ ရာသီက ၿပီးဆုံးခဲ့ၿပီးျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ ရဲ႕ အေကာင္းဆူံး ကစားသမား၊အေကာင္းဆူံးလူငယ္ကစားသမား ဆု တြအတြက္ ဆန္ခါတင္စာရင္းေတြ ထြက္ေပၚလာခဲ့သလို ယူႏိုက္တဒ္ အတြက္ လည္းအေကာင္းဆုံးနဲ႔ မထင္မွတ္ပဲ ညံဖ်င္းခဲ့တဲ့ ကစားသမားေတြကို စာရင္းျပဳစုၾကည့္ၾကပါမယ္။

အေကာင္းဆုံးကစားသမား ( မက္ဂြိဳင္းယား)

ယခုရာသီမွာ မာစီရယ္ နဲ႔ မားကပ္စ္ရရွ္ဖိုဒ့္ တို႔ရဲ႕ သြင္းဂိုးေတြအေၾကာင္းလူေျပာမ်ားသလို ဘ႐ူႏို ရဲ႕ ပါဝင္မႈ႕ေတြအေၾကာင္းလည္း အမ်ားဆုံး ေျပာဆိုေလ့ရွိေပမယ့္ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကေတာ့ လုံေလာက္တဲ့ခ်ီးက်ဴးမႈ႕ေတြမရခဲ့ပါဘူး။(၃၈)ပြဲလုံး ကစားခဲ့ၿပီး ၃၃၀၀ မိနစ္ အတြင္း တစ္မိနစ္မွ မပ်က္ကြပ္ခဲ့တဲ့ ဟယ္ရီ က (၅၄)ဂိုးေပးခဲ့ရတဲ့ခံစစ္ကို (၃၆)ဂိုးသာခြင့္ျပဳရေအာင္ ဦးေဆာင္ေပးခဲ့ၿပီး ဂြာဒီယိုလာ လိုနည္းျပ အတြက္ပါ ထိုးေဖာက္လို႔မရေအာင္ ႀကံႀကံခံ ရင္ဆိုင္ေပးခဲ့ပါတယ္။

U23 အေကာင္းဆုံးကစားသမား (မားကပ္စ္ရရွ္ဖိုဒ့္)

ရာသီအစပိုင္းက (၇)ပြဲဆက္ ဂိုးေပါက္ေပ်ာက္ခဲ့သလို ရာသီဝက္ကာလမွာ ခါးဒဏ္ရာေၾကာင့္ကာလရွည္ၾကာအနားယူရေပမယ့္ လိဂ္(၁၇)ဂိုးသြင္းယူေပးခဲ့တာၿပီး အဆင့္(၆)အတြင္းက အသင္းေတြအားလုံးကို ဂိုးသြင္းယူႏိုင္ခဲ့တာက ဒီဆုအတြက္ အသင့္ေတာ္ဆုံး ကစားသမားလို႔သတ္မွတ္လို႔ရပါတယ္။

အေကာင္းဆုံးလူငယ္ကစားသမား (ေမဆင္ဂရင္းဝုဒ္)

အသက္(၁၈)ႏွစ္နဲ႔ ပထမဆုံးပြဲထြက္တဲ့ စီနီယာ ကစားသမားဘဝမွာပဲ သြင္းဂိုး(၁၀)ဂိုးသြင္းယူေပးခဲ့ၿပီး (၅)ဂိုးက အဆုံးျဖတ္ဂိုးေတြျဖစ္ေနပါတယ္။ ေမဆင္ က သူ႔ရဲ႕ ဂိုးသြင္းယူႏိုင္ေခ်ထက္ ပိုမိုျမင့္မားတဲ့သြင္းဂိုးကိုပိုင္ဆိုင္ထားၿပီး ေသြးေအးၿပီးတည္ၿငိမ္တဲ့အဆုံးသတ္ကန္ခ်က္ေတြက တိက်မႈ႕အားေကာင္းလြန္းတာက အ႐ြယ္နဲ႔ေတာင္မလို‌က္ေအာင္ ထက္ျမက္လြန္းပါတယ္။

အေကာင္းဆုံးေခၚယူမႈ႕ ( ဘ႐ူႏိုဖာနန္ဒက္စ္)

ဒီရာသီေခၚယူခဲ့တဲ့ (၅)ေယာက္လုံးက ေကာင္းမြန္ၾကေပမယ့္ အေကာင္းဆုံးလို႔ေျပာရင္ေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ ကလြဲၿပီး ေ႐ြးခ်ယ္စရာမရွိတာအေသခ်ာပါပဲ။ လိဂ္(၁၄)ပြဲမွာ (၁၅)ဂိုးတိုက္႐ိုက္ပါဝင္ပက္သက္တယ္ဆိုတာက ဒီဆုအတြက္လုံေလာက္ေနပါၿပီ။

တိုးတက္မႈဘအရွိဆုံးကစားသမား ( မာစီရယ္)

ဒီေနရာမွာေတာ့ ဖရဒ္ကိုေ႐ြးခ်ယ္လိုေပမယ့္ လုခ္ေရွာ ရဲ႕ တိုးတက္မႈ႕ ကိုေမ့ထားလို႔မရသလို ႏွစ္လတာဘအနားယူခဲ့ရေပမယ့္ အသင္းကို အေကာင္းဆုံးဦးေဆာင္ခဲ့တဲ့ မာစီရယ္ ကို ခ်န္ထားခဲ့လို႔ေတာ့မရႏိုင္တာအေသခ်ာပါပဲ။ ဖရဒ္ဟာ ရာသီျပန္စၿပီးေနာက္ အသင္းပြဲထြက္စာရင္းမွာမပါဝင္ေတာ့သလို ေရွာရဲ႕ဒဏ္ရာရမႈ႕ကလည္း သူ႔ကို အတိုးတက္ဆုံးကစားသမားအျဖစ္သတ္မွတ္ခံရဖို႔ ထိုက္တန္ျခင္းေတာ့မရွိခဲ့ပါဘူး။ မာစီရယ္ ကေတာ့ ေဝဖန္မႈ႕ေတြကို အံတုၿပီး ဒီရာသီ သူ႔ရဲ႕ၿပိဴင္ပြဲစုံသြင္းဟာ (၂၃)ဂိုးရွိလားၿပီး ၿပီးခဲ့တဲ့ႏွစ္ရာသီ သြင္းဂိုးအေရအတြက္ထက္ပိုမိုမ်ားျပားတဲ့ ေရအတြက္ကိုသြင္းယူေပးထားႏိုင္ၿပီလည္းျဖစ္ပါတယ္။

က်ရႈံးခဲ့တဲ့ကစားသမား (ဒေဟးယား)

တစ္ရာသီနဲ႔အမွား(၇)ႀကိမ္လုပ္ခဲ့တယ္ဆိုတာက ယူႏိုက္တဒ္လိုအသင္းရဲ႕ ကမာၻ႔အဆင့္ဂိုးသမားအတြက္အေတာ္ေလးမ်ားျပားလြန္ပါတယ္။ ေပးဂိုးမရွိပြဲ (၁၃)ပြဲပိုင္ဆိုင္ခဲ့သည့္တိုင္ ဒေဟးယား အမွားေတြက ယူႏိုက္တဒ္ကိုႀကီးႀကီးမားမားေပးဆပ္သြားရႏိုင္ၿပီး ဒီရာသီအတြက္ေတာ့ စပိန္သားက က်ရႈံးတဲ့ ကစားသမားျဖစ္ခဲ့ရပါတယ္။

unicode

၂၀၁၉-၂၀၂၀ ရာသီက ပြီးဆုံးခဲ့ပြီးဖြစ်တာကြောင့် ပရီးမီးယားလိဂ် ရဲ့ အကောင်းဆူံး ကစားသမား၊အကောင်းဆူံးလူငယ်ကစားသမား ဆု တွအတွက် ဆန်ခါတင်စာရင်းတွေ ထွက်ပေါ်လာခဲ့သလို ယူနိုက်တဒ် အတွက် လည်းအကောင်းဆုံးနဲ့ မထင်မှတ်ပဲ ညံဖျင်းခဲ့တဲ့ ကစားသမားတွေကို စာရင်းပြုစုကြည့်ကြပါမယ်။

အကောင်းဆုံးကစားသမား ( မက်ဂွိုင်းယား)

ယခုရာသီမှာ မာစီရယ် နဲ့ မားကပ်စ်ရရှ်ဖိုဒ့် တို့ရဲ့ သွင်းဂိုးတွေအကြောင်းလူပြောများသလို ဘရူနို ရဲ့ ပါဝင်မှု့တွေအကြောင်းလည်း အများဆုံး ပြောဆိုလေ့ရှိပေမယ့် အသင်းခေါင်းဆောင် မက်ဂွိုင်းယားကတော့ လုံလောက်တဲ့ချီးကျူးမှု့တွေမရခဲ့ပါဘူး။(၃၈)ပွဲလုံး ကစားခဲ့ပြီး ၃၃၀၀ မိနစ် အတွင်း တစ်မိနစ်မှ မပျက်ကွပ်ခဲ့တဲ့ ဟယ်ရီ က (၅၄)ဂိုးပေးခဲ့ရတဲ့ခံစစ်ကို (၃၆)ဂိုးသာခွင့်ပြုရအောင် ဦးဆောင်ပေးခဲ့ပြီး ဂွာဒီယိုလာ လိုနည်းပြ အတွက်ပါ ထိုးဖောက်လို့မရအောင် ကြံကြံခံ ရင်ဆိုင်ပေးခဲ့ပါတယ်။

U23 အကောင်းဆုံးကစားသမား (မားကပ်စ်ရရှ်ဖိုဒ့်)

ရာသီအစပိုင်းက (၇)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့သလို ရာသီဝက်ကာလမှာ ခါးဒဏ်ရာကြောင့်ကာလရှည်ကြာအနားယူရပေမယ့် လိဂ်(၁၇)ဂိုးသွင်းယူပေးခဲ့တာပြီး အဆင့်(၆)အတွင်းက အသင်းတွေအားလုံးကို ဂိုးသွင်းယူနိုင်ခဲ့တာက ဒီဆုအတွက် အသင့်တော်ဆုံး ကစားသမားလို့သတ်မှတ်လို့ရပါတယ်။

အကောင်းဆုံးလူငယ်ကစားသမား (မေဆင်ဂရင်းဝုဒ်)

အသက်(၁၈)နှစ်နဲ့ ပထမဆုံးပွဲထွက်တဲ့ စီနီယာ ကစားသမားဘဝမှာပဲ သွင်းဂိုး(၁၀)ဂိုးသွင်းယူပေးခဲ့ပြီး (၅)ဂိုးက အဆုံးဖြတ်ဂိုးတွေဖြစ်နေပါတယ်။ မေဆင် က သူ့ရဲ့ ဂိုးသွင်းယူနိုင်ချေထက် ပိုမိုမြင့်မားတဲ့သွင်းဂိုးကိုပိုင်ဆိုင်ထားပြီး သွေးအေးပြီးတည်ငြိမ်တဲ့အဆုံးသတ်ကန်ချက်တွေက တိကျမှု့အားကောင်းလွန်းတာက အရွယ်နဲ့တောင်မလို‌က်အောင် ထက်မြက်လွန်းပါတယ်။

အကောင်းဆုံးခေါ်ယူမှု့ ( ဘရူနိုဖာနန်ဒက်စ်)

ဒီရာသီခေါ်ယူခဲ့တဲ့ (၅)ယောက်လုံးက ကောင်းမွန်ကြပေမယ့် အကောင်းဆုံးလို့ပြောရင်တော့ ဘရူနိုဖာနန်ဒက်စ် ကလွဲပြီး ရွေးချယ်စရာမရှိတာအသေချာပါပဲ။ လိဂ်(၁၄)ပွဲမှာ (၁၅)ဂိုးတိုက်ရိုက်ပါဝင်ပက်သက်တယ်ဆိုတာက ဒီဆုအတွက်လုံလောက်နေပါပြီ။

တိုးတက်မှုဘအရှိဆုံးကစားသမား ( မာစီရယ်)

ဒီနေရာမှာတော့ ဖရဒ်ကိုရွေးချယ်လိုပေမယ့် လုခ်ရှော ရဲ့ တိုးတက်မှု့ ကိုမေ့ထားလို့မရသလို နှစ်လတာဘအနားယူခဲ့ရပေမယ့် အသင်းကို အကောင်းဆုံးဦးဆောင်ခဲ့တဲ့ မာစီရယ် ကို ချန်ထားခဲ့လို့တော့မရနိုင်တာအသေချာပါပဲ။ ဖရဒ်ဟာ ရာသီပြန်စပြီးနောက် အသင်းပွဲထွက်စာရင်းမှာမပါဝင်တော့သလို ရှောရဲ့ဒဏ်ရာရမှု့ကလည်း သူ့ကို အတိုးတက်ဆုံးကစားသမားအဖြစ်သတ်မှတ်ခံရဖို့ ထိုက်တန်ခြင်းတော့မရှိခဲ့ပါဘူး။ မာစီရယ် ကတော့ ဝေဖန်မှု့တွေကို အံတုပြီး ဒီရာသီ သူ့ရဲ့ပြိူင်ပွဲစုံသွင်းဟာ (၂၃)ဂိုးရှိလားပြီး ပြီးခဲ့တဲ့နှစ်ရာသီ သွင်းဂိုးအရေအတွက်ထက်ပိုမိုများပြားတဲ့ ရေအတွက်ကိုသွင်းယူပေးထားနိုင်ပြီလည်းဖြစ်ပါတယ်။

ကျရှုံးခဲ့တဲ့ကစားသမား (ဒဟေးယား)

တစ်ရာသီနဲ့အမှား(၇)ကြိမ်လုပ်ခဲ့တယ်ဆိုတာက ယူနိုက်တဒ်လိုအသင်းရဲ့ ကမ္ဘာ့အဆင့်ဂိုးသမားအတွက်အတော်လေးများပြားလွန်ပါတယ်။ ပေးဂိုးမရှိပွဲ (၁၃)ပွဲပိုင်ဆိုင်ခဲ့သည့်တိုင် ဒဟေးယား အမှားတွေက ယူနိုက်တဒ်ကိုကြီးကြီးမားမားပေးဆပ်သွားရနိုင်ပြီး ဒီရာသီအတွက်တော့ စပိန်သားက ကျရှုံးတဲ့ ကစားသမားဖြစ်ခဲ့ရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *