အရန္လူစာရင္းကို ျပန္လည္သုံးသပ္ရမယ့္ ဆိုးလ္ရွား

ယူႏိုက္တဒ္ ရဲ႕ ဆီဗီလာ ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲမွာ ဆိုးလ္ရွား ရဲ႕ မဟာအမွားတစ္ခုျဖစ္တဲ့ လူစားလဲထိုးမႈ ေနာက္က်ျခင္းကို ထပ္မံႀကဳံခဲ့ရၿပီး မိနစ္ (၇၀) ေက်ာ္မွာ ကစားသမားတခ်ိဳ႕ရဲ႕ ေျခေထာက္ေတြက သာမန္ထက္ပိုမိုေလးလံေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ယူႏိုက္တဒ္ ကစားသမားအမ်ားစု ဟာ ေျပာင္းလဲျခင္း သိပ္မရွိတဲ့ လူစာရင္း ကိုပဲ ရာသီျပန္စထဲကကစားေနခဲ့ရၿပီး လူစားလဲထိုးဖို႔ အခက္ခဲ ျဖစ္ေနတာက ကစားသမားေတြကို ျမက္ခင္းျပင္ေပၚမွာ ဝန္ပို တင္ ခိုင္းေစသလိုျဖစ္ေစခဲ့ပါတယ္။

ယူႏိုက္တဒ္ ရဲ႕ ပြဲထြက္လူစာရင္းဟာ ကမာၻ႔အဆင့္ အသင္းႀကီးတစ္သင္းရဲ႕ အဂ္ါရပ္နဲ႔အညီ ေတာင့္တင္းခိုင္မာသည့္တိုင္ အရံအင္အားကေတာ့ ေရွ႕နည္းျပေတြရဲ႕လူစာရင္းေတြလိုပဲ အခ်ိန္မေ႐ြး ရႈံးနိမ့္သြားမယ့္ ရလာဒ္ကို ေပးစြမ္းႏိုင္စြမ္း ရွိေနပါတယ္။အရံအင္အား မွာ အေရအတြက္အရမ်ားျပားေပမယ့္လည္း အအရည္အခ်င္းကေတာ့ တန္းဆင္းဇုံသာသာအသင္း အေနထားမွာသာရွိၿပီး ထည့္သြင္းလိုက္ရင္ ျပသနာျဖစ္ေလ့ရွိလို႔ ဆိုးလ္ရွား တစ္ေယာက္ သူ႔အရံအသင္းအေပၚမွာ ယုံၾကည္ခ်က္မရွိတာ ၾကာခဲ့ပါၿပီ။

မက္ဂြိဳင္းယား ဟာ ယေန႔ညမွာ (၅၅) ပြဲေျမာက္အျဖစ္ ကစားခဲ့တာျဖစ္ၿပီး ကပၸတိန္ဟာ ပရီးမီးယားလိဂ္ ရဲ႕မိနစ္ တိုင္းကိုသာမက တစ္ရာသီလုံးမိနစ္ ၅၆၀၀ ေက်ာ္ပြဲထြက္ထားၿပီး ဥေရာပရဲ႕ ပြဲထြက္ခ်ိန္အမ်ားဆူံးကစားသမားလည္းျဖစ္ေနပါတယ္။ မက္ဂြိဳင္းယား ရဲ႕ေနာက္မွာ ယူႏိုက္တဒ္အတြက္ ဒေဟးယား၊ဘစ္ဆာကာ တို႔ကို ဆက္လက္ ရပ္တည္လ်က္ရွိေနပါတယ္။ရာသီျပန္စခ်ိန္ကေနစတင္ရင္ေတာ့ ဘ႐ူႏိုဖာနန္ဒက္စ္ က ပြဲတိုင္းကိုပြဲထြက္ထားၿပီး ငယ္႐ြယ္လြန္းတဲ့ တိုက္စစ္ျဖစ္တဲ့ မာစီရယ္၊မားကပ္စ္၊ေမဆင္ တို႔က ၂၈၁၀ မိနစ္ အထိ ပြဲထြက္ထားရပါတယ္။

‌ေမဆင္ဂရင္းဝုဒ္ လို အရမ္းငယ္႐ြယ္လြန္းတဲ့ ကစားသမားကို ယခုေလာက္မိနစ္အမ်ားျပားထုတ္သုံးရတာက စြန႔္စားမႈ႕မ်ားေပမယ့္ အရံလူစာရင္းမွာ ဂ်ိမ္းစ္ လို ကစားသမားသမားနဲ႔ လင္ဂါဒ့္ ပါရဲရားတို႔သာရွိလို႔ ေျပာင္းလဲမႈ႕က ဆိုး႐ြားျခင္းဆီကိုသာေရာက္သြားႏိုင္တယ္လို႔ဆိုးလ္ရွားတစ္ေယာက္ယူဆခဲ့ပုံပါပဲ။ လူစားလဲထိုးတဲ့ေနရာမွာေနာက္က်ေနတာမွန္ေပမယ့္ လည္း အရံအင္အားျပသနာ က ဆိုးလ္ရွား ကို မယုံၾကည္မႈ႕ေတြေပးေနၿပီး လာမယ့္ရာသီမွာ ယုံၾကည္ရတဲ့ အရံအင္အားကိုမတည္ေဆာက္ထားႏိုင္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ပါ ခက္ခဲလာႏိုင္ပါတယ္။

unicode

ယူနိုက်တဒ် ရဲ့ ဆီဗီလာ ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဆိုးလ်ရှား ရဲ့ မဟာအမှားတစ်ခုဖြစ်တဲ့ လူစားလဲထိုးမှု နောက်ကျခြင်းကို ထပ်မံကြုံခဲ့ရပြီး မိနစ် (၇၀) ကျော်မှာ ကစားသမားတချို့ရဲ့ ခြေထောက်တွေက သာမန်ထက်ပိုမိုလေးလံနေတာကို မြင်တွေ့ခဲ့ရပါတယ်။ယူနိုက်တဒ် ကစားသမားအများစု ဟာ ပြောင်းလဲခြင်း သိပ်မရှိတဲ့ လူစာရင်း ကိုပဲ ရာသီပြန်စထဲကကစားနေခဲ့ရပြီး လူစားလဲထိုးဖို့ အခက်ခဲ ဖြစ်နေတာက ကစားသမားတွေကို မြက်ခင်းပြင်ပေါ်မှာ ဝန်ပို တင် ခိုင်းစေသလိုဖြစ်စေခဲ့ပါတယ်။

ယူနိုက်တဒ် ရဲ့ ပွဲထွက်လူစာရင်းဟာ ကမ္ဘာ့အဆင့် အသင်းကြီးတစ်သင်းရဲ့ အဂ်ါရပ်နဲ့အညီ တောင့်တင်းခိုင်မာသည့်တိုင် အရံအင်အားကတော့ ရှေ့နည်းပြတွေရဲ့လူစာရင်းတွေလိုပဲ အချိန်မရွေး ရှုံးနိမ့်သွားမယ့် ရလာဒ်ကို ပေးစွမ်းနိုင်စွမ်း ရှိနေပါတယ်။အရံအင်အား မှာ အရေအတွက်အရများပြားပေမယ့်လည်း အအရည်အချင်းကတော့ တန်းဆင်းဇုံသာသာအသင်း အနေထားမှာသာရှိပြီး ထည့်သွင်းလိုက်ရင် ပြသနာဖြစ်လေ့ရှိလို့ ဆိုးလ်ရှား တစ်ယောက် သူ့အရံအသင်းအပေါ်မှာ ယုံကြည်ချက်မရှိတာ ကြာခဲ့ပါပြီ။

မက်ဂွိုင်းယား ဟာ ယနေ့ညမှာ (၅၅) ပွဲမြောက်အဖြစ် ကစားခဲ့တာဖြစ်ပြီး ကပ္ပတိန်ဟာ ပရီးမီးယားလိဂ် ရဲ့မိနစ် တိုင်းကိုသာမက တစ်ရာသီလုံးမိနစ် ၅၆၀၀ ကျော်ပွဲထွက်ထားပြီး ဥရောပရဲ့ ပွဲထွက်ချိန်အများဆူံးကစားသမားလည်းဖြစ်နေပါတယ်။ မက်ဂွိုင်းယား ရဲ့နောက်မှာ ယူနိုက်တဒ်အတွက် ဒဟေးယား၊ဘစ်ဆာကာ တို့ကို ဆက်လက် ရပ်တည်လျက်ရှိနေပါတယ်။ရာသီပြန်စချိန်ကနေစတင်ရင်တော့ ဘရူနိုဖာနန်ဒက်စ် က ပွဲတိုင်းကိုပွဲထွက်ထားပြီး ငယ်ရွယ်လွန်းတဲ့ တိုက်စစ်ဖြစ်တဲ့ မာစီရယ်၊မားကပ်စ်၊မေဆင် တို့က ၂၈၁၀ မိနစ် အထိ ပွဲထွက်ထားရပါတယ်။

‌မေဆင်ဂရင်းဝုဒ် လို အရမ်းငယ်ရွယ်လွန်းတဲ့ ကစားသမားကို ယခုလောက်မိနစ်အများပြားထုတ်သုံးရတာက စွန့်စားမှု့များပေမယ့် အရံလူစာရင်းမှာ ဂျိမ်းစ် လို ကစားသမားသမားနဲ့ လင်ဂါဒ့် ပါရဲရားတို့သာရှိလို့ ပြောင်းလဲမှု့က ဆိုးရွားခြင်းဆီကိုသာရောက်သွားနိုင်တယ်လို့ဆိုးလ်ရှားတစ်ယောက်ယူဆခဲ့ပုံပါပဲ။ လူစားလဲထိုးတဲ့နေရာမှာနောက်ကျနေတာမှန်ပေမယ့် လည်း အရံအင်အားပြသနာ က ဆိုးလ်ရှား ကို မယုံကြည်မှု့တွေပေးနေပြီး လာမယ့်ရာသီမှာ ယုံကြည်ရတဲ့ အရံအင်အားကိုမတည်ဆောက်ထားနိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပါ ခက်ခဲလာနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *