legend of football ဆုရၿပိဳင္ဘက္ေဟာင္းႀကီး အာဆင္၀င္ဂါးကုိ ဂုဏ္ျပဳစကားဆုိလုိက္တဲ့ ဆာအဲလက္စ္

ယူႏိုက္တက္ ဂႏၲဝင္နည္းျပႀကီး ဖာဂူဆန္က ၿပိဳင္ဘက္ေဟာင္းျဖစ္သူ နည္းျပ အာစင္ဝင္းဂါးကို ၿပိဳင္ဘက္ကင္း ဂႏၲဝင္တစ္ေယာက္လို႔ ဝင္းဂါးရဲ႕ ဂုဏ္ျပဳတဲ့ ညစာစားပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ဖာဂူဆန္နဲ႔ ဝင္းဂါးတို႔ဟာ ၁၉၉၀နဲ႔ ၂၀၀၀ျပည့္ႏွစ္ ေနာက္ပိုင္းေတြမွာ အဂၤလန္ေဘာလုံးေလာကကို စိုးမိုးထားခဲ့ၿပီး ႀကီးမားတဲ့ ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကပါတယ္။

ယခင္က ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကေပမဲ့ annual Nordoff Robbins ရန္ပုံေငြပြဲမွာေတာ့ ဖာဂူဆန္က “အာဆင္နယ္မွာ ခင္ဗ်ားရရွိခဲ့တဲ့ နည္းျပဘဝကို တကယ္ကို ေကာင္းမြန္ၿပီး ခင္ဗ်ားကလည္း ၿပိဳင္ဘက္ကင္း ဂႏၲဝင္တစ္ဦးပါပဲ။ ခင္ဗ်ားနဲ႔ ယွဥ္ၿပိဳင္ခဲ့ရခ်ိန္ေတြကို ျမတ္ႏိုးမိပါတယ္။ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ အခိုက္အတန႔္ေတြရွိခဲ့ၿပီး ဒီညမွာ ဒီဆုကို ရခဲ့တာ တကယ္ကို ေကာင္းမြန္ပါတယ္။ ကံေကာင္းပါေစ”လို႔ ေျပာခဲ့ပါတယ္။

အာစင္ဝင္းဂါးဟာ အဆိုပါ အစီအစဥ္မွာ “legend of football” ဆိုတဲ့ဆုကို ရရွိခဲ့ပါတယ္။ အာဆင္နယ္ကို ကိုင္တြယ္ခဲ့စဥ္ကာလေတြမွာ ဝင္းဂါးဟာ ပရီးမီးယားလိဂ္ဖလား ၃လုံး၊ အက္ဖ္ေအဖလား ၇ လုံးနဲ႔ ကြန္ျမဴနတီးဒိုင္း ၇လုံးတို႔ကို ရရွိခဲ့ပါတယ္။ အာစင္ဝင္းဂါးဟာ အသင္းက ထြက္ခြာခဲ့ၿပီးကတည္းက အျခားအသင္းေတြရဲ႕ ကမ္းလွမ္းမႈမ်ားစြာကို ရရွိခဲ့ေပမဲ့ လက္ခံခဲ့ျခင္းမရွိေသးပဲ ယခုအခ်ိန္အထိ နည္းျပဘဝကို ျပန္လာမလားဆိုတာ မေသခ်ာေသးဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အျခား ဂုဏ္ျပဳခံရသူမ်ားအျဖစ္ေတာ့ ကင္နီဒဲဂလစ္ခ်္၊ အလန္ရွီးယား၊ ကန္တိုနာ၊ ေမာ္ရင္ဟို၊ ဂစ္၊ ပီလီ၊ ဘက္ခမ္း၊ ဂ်ရတ္နဲ႔ လမ္းပတ္တို႔က ဆုေတြ အသီးသီး ရရွိခဲ့ၾကတယ္လုိ႔ သိရပါတယ္။

Unicode

ယူနိုက်တက် ဂန္တဝင်နည်းပြကြီး ဖာဂူဆန်က ပြိုင်ဘက်ဟောင်းဖြစ်သူ နည်းပြ အာစင်ဝင်းဂါးကို ပြိုင်ဘက်ကင်း ဂန္တဝင်တစ်ယောက်လို့ ဝင်းဂါးရဲ့ ဂုဏ်ပြုတဲ့ ညစာစားပွဲမှာ ပြောကြားခဲ့ပါတယ်။ ဖာဂူဆန်နဲ့ ဝင်းဂါးတို့ဟာ ၁၉၉၀နဲ့ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းတွေမှာ အင်္ဂလန်ဘောလုံးလောကကို စိုးမိုးထားခဲ့ပြီး ကြီးမားတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။

ယခင်က ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပေမဲ့ annual Nordoff Robbins ရန်ပုံငွေပွဲမှာတော့ ဖာဂူဆန်က “အာဆင်နယ်မှာ ခင်ဗျားရရှိခဲ့တဲ့ နည်းပြဘဝကို တကယ်ကို ကောင်းမွန်ပြီး ခင်ဗျားကလည်း ပြိုင်ဘက်ကင်း ဂန္တဝင်တစ်ဦးပါပဲ။ ခင်ဗျားနဲ့ ယှဉ်ပြိုင်ခဲ့ရချိန်တွေကို မြတ်နိုးမိပါတယ်။ ကျွန်တော်တို့ ကြီးမားတဲ့ အခိုက်အတန့်တွေရှိခဲ့ပြီး ဒီညမှာ ဒီဆုကို ရခဲ့တာ တကယ်ကို ကောင်းမွန်ပါတယ်။ ကံကောင်းပါစေ”လို့ ပြောခဲ့ပါတယ်။

အာစင်ဝင်းဂါးဟာ အဆိုပါ အစီအစဉ်မှာ “legend of football” ဆိုတဲ့ဆုကို ရရှိခဲ့ပါတယ်။ အာဆင်နယ်ကို ကိုင်တွယ်ခဲ့စဉ်ကာလတွေမှာ ဝင်းဂါးဟာ ပရီးမီးယားလိဂ်ဖလား ၃လုံး၊ အက်ဖ်အေဖလား ၇ လုံးနဲ့ ကွန်မြူနတီးဒိုင်း ၇လုံးတို့ကို ရရှိခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ အသင်းက ထွက်ခွာခဲ့ပြီးကတည်းက အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုများစွာကို ရရှိခဲ့ပေမဲ့ လက်ခံခဲ့ခြင်းမရှိသေးပဲ ယခုအချိန်အထိ နည်းပြဘဝကို ပြန်လာမလားဆိုတာ မသေချာသေးဘူးလို့ ပြောကြားခဲ့ပါတယ်။

အခြား ဂုဏ်ပြုခံရသူများအဖြစ်တော့ ကင်နီဒဲဂလစ်ချ်၊ အလန်ရှီးယား၊ ကန်တိုနာ၊ မော်ရင်ဟို၊ ဂစ်၊ ပီလီ၊ ဘက်ခမ်း၊ ဂျရတ်နဲ့ လမ်းပတ်တို့က ဆုတွေ အသီးသီး ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *